Skip to main content
ျပင္သစ္တြင္ သက္သတ္လြတ္အစြန္းေရာက္ ဖ်က္ဆီးေရးသမား ၂ ဦးကုိ ေထာင္ခ်
Ads Block

ျပင္သစ္တြင္ သက္သတ္လြတ္အစြန္းေရာက္ ဖ်က္ဆီးေရးသမား ၂ ဦးကုိ ေထာင္ခ်

ျပင္သစ္မွာ သားသတ္သမားေတြ၊ အသားအေရာင္းဆုိင္နဲ႔ စားေသာက္ဆုိင္ေတြကို တုိက္ခုိက္ေနခဲ့တဲ့ သက္သတ္လြတ္အစြန္းေရာက္သမား ၂ ဦးကုိ ဧၿပီ ၉ ရက္ေန႔မွာ ေထာင္ဒဏ္အမိန္႔ခ်ခဲ့ေၾကာင္း သတင္းရရွိပါတယ္။
ဆုိင္႐ုိင္းနဲ႔ မက္တီးလ္ဒီတုိ႔ႏွစ္ဦးဟာ စုံတြဲျဖစ္ၿပီး သားသတ္သမားေတြ၊ ငါးစိမ္းသည္ေတြ၊ စားေသာက္ဆုိင္ေတြနဲ႔ အသားအေရာင္းဆုိင္ေတြရဲ႕ ျပတင္းေပါက္ေတြကုိ လုိက္ခြဲခဲ့ၾကပါတယ္။
၄င္းတုိ႔အမႈဟာ သက္သတ္လြတ္အစြန္းေရာက္မႈအတြက္ ျပစ္သစ္မွာ ပထမဆုံးျဖစ္ပါတယ္။ ၂၀၁၈ ႏုိဝင္ဘာလမွ ၂၀၁၉ ေဖေဖၚဝါရီလအတြင္း ႏုိင္ငံေျမာက္ပုိင္းမွာ စီးပြားေရးလုပ္ငန္းေလးေတြကုိ လုိက္တုိက္ခုိက္ခဲ့ၾကတဲ့အတြက္ ေထာင္ဒဏ္ ၁၀ လ နဲ႔ ၆ လစီ အသီးသီး အမိန္႔ခ်ခံခဲ့ရပါတယ္။ 

ျပင္သစ္တြင္ သက္သတ္လြတ္အစြန္းေရာက္ ဖ်က္ဆီးေရးသမား ၂ ဦးကုိ ေထာင္ခ်

ဒါေပမဲ့ ျပင္သစ္ဥပေဒမွာ ၂ ႏွစ္ေအာက္ ေထာင္ဒဏ္ေတြကုိ လူမႈဝန္ထမ္းျပစ္ဒဏ္ျဖင့္ အစားထုိး က်ခံခြင့္ ရွိတဲ့အတြက္ ယခု ၂ ဦးဟာ ေထာင္ထဲမဝင္ရဖုိ႔ အလားအလာမ်ားေနပါတယ္။
အမႈမွာ ၄င္းတုိ႔ႏွစ္ဦးအျပင္ အျခားႏွစ္ဦးကုိလည္း ၾကံရာပါအျဖစ္ စြဲခ်က္တင္၊ စီရင္ခဲ့ရာ ဆုိင္းငံ့ေထာင္ဒဏ္ ၆ လ စီ အမိန္႔ခ်ခဲ့ပါေသးတယ္။ ၄င္းတုိ႔ဖ်က္ဆီးခဲ့ၾကတဲ့ပမာဏဟာ ယူ႐ုိေငြ သန္းနဲ႔ခ်ီ မ်ားျပားၿပီး ျပန္လည္ေပးေလ်ာ္ရန္ တရား႐ုံးက အမိန္႔ခ်ထားပါတယ္။ ထုိစုံတြဲဟာ ယခင္မွာ ျပစ္မႈရာဇဝင္ ကင္းရွင္ေပမယ့္ ညဖက္ေတြမွာ အျပင္ထြက္လွည့္လည္ၿပီီး အသားေရာင္းဆုိင္ေတြကုိ လုိလ္လံဖ်က္ဆီးခဲ့ၾကေၾကာင္း ေျဖာင့္ခ်က္ေပးခဲ့ၾကပါတယ္။ အသားစားျခင္းကုိ ဓေလ့ထုံးတမ္းတစ္ခု သဖြယ္ က်င့္သုံးတဲ့ ျပင္သစ္မွာ တိရစာၦန္အခြင့္အေရးလႈပ္ရွားမႈေတြ အားေကာင္းလာၿပီး အသား ေရာင္းအားေတြ က်ဆင္းေနပါတယ္။

 - ZHO (အကုန္သိ သတင္းဌာန)

Unicode version

ပြင်သစ်တွင် သက်သတ်လွတ်အစွန်းရောက် ဖျက်ဆီးရေးသမား ၂ ဦးကို ထောင်ချ

ပြင်သစ်မှာ သားသတ်သမားတွေ၊ အသားအရောင်းဆိုင်နဲ့ စားသောက်ဆိုင်တွေကို တိုက်ခိုက်နေခဲ့တဲ့ သက်သတ်လွတ်အစွန်းရောက်သမား ၂ ဦးကို ဧပြီ ၉ ရက်နေ့မှာ ထောင်ဒဏ်အမိန့်ချခဲ့ကြောင်း သတင်းရရှိပါတယ်။
ဆိုင်ရိုင်းနဲ့ မက်တီးလ်ဒီတို့နှစ်ဦးဟာ စုံတွဲဖြစ်ပြီး သားသတ်သမားတွေ၊ ငါးစိမ်းသည်တွေ၊ စားသောက်ဆိုင်တွေနဲ့ အသားအရောင်းဆိုင်တွေရဲ့ ပြတင်းပေါက်တွေကို လိုက်ခွဲခဲ့ကြပါတယ်။

ပြင်သစ်တွင် သက်သတ်လွတ်အစွန်းရောက် ဖျက်ဆီးရေးသမား ၂ ဦးကို ထောင်ချ

၎င်းတို့အမှုဟာ သက်သတ်လွတ်အစွန်းရောက်မှုအတွက် ပြစ်သစ်မှာ ပထမဆုံးဖြစ်ပါတယ်။ ၂၀၁၈ နိုဝင်ဘာလမှ ၂၀၁၉ ဖေဖေါ်ဝါရီလအတွင်း နိုင်ငံမြောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းလေးတွေကို လိုက်တိုက်ခိုက်ခဲ့ကြတဲ့အတွက် ထောင်ဒဏ် ၁၀ လ နဲ့ ၆ လစီ အသီးသီး အမိန့်ချခံခဲ့ရပါတယ်။ 
ဒါပေမဲ့ ပြင်သစ်ဥပဒေမှာ ၂ နှစ်အောက် ထောင်ဒဏ်တွေကို လူမှုဝန်ထမ်းပြစ်ဒဏ်ဖြင့် အစားထိုး ကျခံခွင့် ရှိတဲ့အတွက် ယခု ၂ ဦးဟာ ထောင်ထဲမဝင်ရဖို့ အလားအလာများနေပါတယ်။

အမှုမှာ ၎င်းတို့နှစ်ဦးအပြင် အခြားနှစ်ဦးကိုလည်း ကြံရာပါအဖြစ် စွဲချက်တင်၊ စီရင်ခဲ့ရာ ဆိုင်းငံ့ထောင်ဒဏ် ၆ လ စီ အမိန့်ချခဲ့ပါသေးတယ်။ ၎င်းတို့ဖျက်ဆီးခဲ့ကြတဲ့ပမာဏဟာ ယူရိုငွေ သန်းနဲ့ချီ များပြားပြီး ပြန်လည်ပေးလျော်ရန် တရားရုံးက အမိန့်ချထားပါတယ်။ ထိုစုံတွဲဟာ ယခင်မှာ ပြစ်မှုရာဇဝင် ကင်းရှင်ပေမယ့် ညဖက်တွေမှာ အပြင်ထွက်လှည့်လည်ပြီး အသားရောင်းဆိုင်တွေကို လိုလ်လံဖျက်ဆီးခဲ့ကြကြောင်း ဖြောင့်ချက်ပေးခဲ့ကြပါတယ်။ အသားစားခြင်းကို ဓလေ့ထုံးတမ်းတစ်ခု သဖွယ် ကျင့်သုံးတဲ့ ပြင်သစ်မှာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားမှုတွေ အားကောင်းလာပြီး အသား ရောင်းအားတွေ ကျဆင်းနေပါတယ်။

 - ZHO (အကုန်သိ သတင်းဌာန)

Ref: AFP – 9.4.19

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။