Skip to main content
ဖေလာ္ရီဒါမွာ ၁၇ ေပရွည္ ျမန္မာစပါးအုံးေျမြႀကီး ေတြ ့ရွိ 
Ads Block

ဖေလာ္ရီဒါမွာ ၁၇ ေပရွည္ ျမန္မာစပါးအုံးေျမြႀကီး ေတြ ့ရွိ 

နယ္က်ဴးလာတဲ့ ေျမြႀကီးေတြကုိ ေျခရာခံရွာေဖြတဲ့ နည္းလမ္းသစ္တစ္ခုသုံးကာ ၁၇ ေပ အရွည္ရွိ ျမန္မာစပါးအုံးေျမြႀကီးတစ္ေကာင္ကုိ ဖေလာ္ရီဒါ အမ်ဳိးသားဥယ်ာဥ္တစ္ခုမွာ ဖမ္းမိခ့ဲၾကပါတယ္။ 
ကုိယ္၀န္ေဆာင္ထားတဲ့ ယင္း ေျမြမႀကီးဟာ Big Cypress National Preserve ဥယ်ာဥ္နယ္ေျမမွာ ဖယ္ရွားရွင္းလင္းခဲ့ဖူးသမွ် ေျမြေတြထဲ အႀကီးဆုံးျဖစ္ကာ အေလးခ်ိန္ေပါင္ ၁၄၀ ရွိၿပီး ဥ ၇၃ လုံးပါတယ္လုိ ့လည္းဆုိပါတယ္။ စပါးအုံးေျမြေတြဟာ ယင္းျပည္နယ္တြင္းက ေဒသရင္း အျခားမ်ဳိးစိတ္ေတြအတြက္ အဓိက အႏၱရာယ္ျပဳေနတဲ့ အေကာင္ေတြျဖစ္ပါတယ္။ 
ယင္း ဥယ်ာဥ္မွ သုေတသီေတြဟာ စပါးအုံးေျမြအထီးေတြမွာ ေရဒီယုိထုတ္လႊင့္ ကိရိယာေလးေတြ တပ္ဆင္ေပးကာ ေျမြမေတြကုိ ေျခရာခံရွာေဖြခဲ့တယ္လုိ ့သိရပါတယ္။ ေျမြထီးတစ္ေကာင္ကို ယင္း ကိရိယာတပ္ဆင္ေပးၿပီး ေျခရာခံလုိက္ရာက အခုေျမြမႀကီးကုိ အနားမွာ ေတြ ့ရွိခဲ့ၾကတာျဖစ္ေၾကာင္း ဥယ်ာဥ္ရဲ ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္။ ယင္းကဲ့သုိ ့နယ္က်ဴး ေျမြႀကီးေတြကုိ ဖယ္ရွားပစ္ဖုိ ့အတြက္ သုေတသနဆုိင္ရာ အခ်က္အလက္ ရွာေဖြစုေဆာင္းျခင္း၊ ဖယ္ရွားေရး ကိရိယာသစ္ေတြ ဆန္းသစ္တီထြင္ျခင္း၊ စပါးအုံးေတြ ေနထုိင္က်က္စားရာ ဧရိယာေတြကုိ ေလ့လာျခင္းတုိ ့ျပဳလုပ္ေၾကာင္း Big Cypress က ေျပာဆုိပါတယ္။ 

ဖေလာ္ရီဒါမွာ ၁၇ ေပရွည္ ျမန္မာစပါးအုံးေျမြႀကီး ေတြ ့ရွိ 

ျမန္မာစပါးအုံးေတြဟာ ေဒသမ်ဳိးရင္းမဟုတ္ဘဲ အျခားတစ္ေနရာကေရာက္လာတဲ့ မ်ဴိးစိတ္အျဖစ္ သတ္မွတ္ထားကာ ၄င္းတုိ ့ကုိ ၁၉၈၀ ခုႏွစ္မ်ားက ဖေလာ္ရီဒါရွိ အဲဗားဂလိတ္ ဥယ်ာဥ္ႀကီးမွာ ပထမဆုံး ေတြ ့ရွိခဲ့ၾကတာျဖစ္ပါတယ္။ အာရွမ်ဳိးရင္းျဖစ္တဲ့ ယင္းေျမြေတြကုိ ေျမြးေမြးျမဴသူေတြက အရြယ္အစားအလြန္ႀကီးလာခ်ိန္မွာ ဖေလာ္ရီဒါ သဘာ၀ေတာေျမေတြထဲ လႊတ္ေပးခဲ့ၾကသလုိ ၁၉၉၂ ခုႏွစ္က ဟာရီကိန္း အန္ဒရူး၀င္ေရာက္စဥ္ ေျမြေမြးျမဴေရးစခန္း ပ်က္စီးသြားခဲ့ခ်ိန္ကလည္း ယင္း ေျမြအမ်ဳိးအစားေတြ လြတ္ေျမာက္သြားခဲ့တယ္လုိ႔ သိရပါတယ္။ 
အဲဗားဂလိတ္ ဥယ်ာဥ္နယ္ေျမအတြင္း လက္ရွိမွာ ျမန္မာစပါးအုံးေကာင္ေရ ေသာင္းခ်ီ ရွိေနတယ္လုိ ့ ခန္ ့မွန္းထားပါတယ္။

 - ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ဖလော်ရီဒါမှာ ၁၇ ပေရှည် မြန်မာစပါးအုံးမြွေကြီး တွေ့ရှိ 

နယ်ကျူးလာတဲ့ မြွေကြီးတွေကို ခြေရာခံရှာဖွေတဲ့ နည်းလမ်းသစ်တစ်ခုသုံးကာ ၁၇ ပေ အရှည်ရှိ မြန်မာစပါးအုံးမြွေကြီးတစ်ကောင်ကို ဖလော်ရီဒါ အမျိုးသားဥယျာဉ်တစ်ခုမှာ ဖမ်းမိခဲ့ကြပါတယ်။ 
ကိုယ်ဝန်ဆောင်ထားတဲ့ ယင်း မြွေမကြီးဟာ Big Cypress National Preserve ဥယျာဉ်နယ်မြေမှာ ဖယ်ရှားရှင်းလင်းခဲ့ဖူးသမျှ မြွေတွေထဲ အကြီးဆုံးဖြစ်ကာ အလေးချိန်ပေါင် ၁၄၀ ရှိပြီး ဥ ၇၃ လုံးပါတယ်လို့လည်းဆိုပါတယ်။ စပါးအုံးမြွေတွေဟာ ယင်းပြည်နယ်တွင်းက ဒေသရင်း အခြားမျိုးစိတ်တွေအတွက် အဓိက အန္တရာယ်ပြုနေတဲ့ အကောင်တွေဖြစ်ပါတယ်။ 
ယင်း ဥယျာဉ်မှ သုတေသီတွေဟာ စပါးအုံးမြွေအထီးတွေမှာ ရေဒီယိုထုတ်လွှင့် ကိရိယာလေးတွေ တပ်ဆင်ပေးကာ မြွေမတွေကို ခြေရာခံရှာဖွေခဲ့တယ်လို့သိရပါတယ်။ မြွေထီးတစ်ကောင်ကို ယင်း ကိရိယာတပ်ဆင်ပေးပြီး ခြေရာခံလိုက်ရာက အခုမြွေမကြီးကို အနားမှာ တွေ့ရှိခဲ့ကြတာဖြစ်ကြောင်း ဥယျာဉ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ယင်းကဲ့သို့နယ်ကျူး မြွေကြီးတွေကို ဖယ်ရှားပစ်ဖို့အတွက် သုတေသနဆိုင်ရာ အချက်အလက် ရှာဖွေစုဆောင်းခြင်း၊ ဖယ်ရှားရေး ကိရိယာသစ်တွေ ဆန်းသစ်တီထွင်ခြင်း၊ စပါးအုံးတွေ နေထိုင်ကျက်စားရာ ဧရိယာတွေကို လေ့လာခြင်းတို့ပြုလုပ်ကြောင်း Big Cypress က ပြောဆိုပါတယ်။ 
မြန်မာစပါးအုံးတွေဟာ ဒေသမျိုးရင်းမဟုတ်ဘဲ အခြားတစ်နေရာကရောက်လာတဲ့ မျိူးစိတ်အဖြစ် သတ်မှတ်ထားကာ ၎င်းတို့ကို ၁၉၈၀ ခုနှစ်များက ဖလော်ရီဒါရှိ အဲဗားဂလိတ် ဥယျာဉ်ကြီးမှာ ပထမဆုံး တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အာရှမျိုးရင်းဖြစ်တဲ့ ယင်းမြွေတွေကို မြွေးမွေးမြူသူတွေက အရွယ်အစားအလွန်ကြီးလာချိန်မှာ ဖလော်ရီဒါ သဘာဝတောမြေတွေထဲ လွှတ်ပေးခဲ့ကြသလို ၁၉၉၂ ခုနှစ်က ဟာရီကိန်း အန်ဒရူးဝင်ရောက်စဉ် မြွေမွေးမြူရေးစခန်း ပျက်စီးသွားခဲ့ချိန်ကလည်း ယင်း မြွေအမျိုးအစားတွေ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ 
အဲဗားဂလိတ် ဥယျာဉ်နယ်မြေအတွင်း လက်ရှိမှာ မြန်မာစပါးအုံးကောင်ရေ သောင်းချီ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

 - ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: BBC 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။