Skip to main content
သရုပ္ေဆာင္ေတြထဲမွာ ေနတိုးကိုအႀကိဳက္ဆံုးနဲ႔အားအက်ရဆံုးလို႔ဆိုလာတဲ့ ေနေရႊေသြးေအာင္ 
Ads Block

သရုပ္ေဆာင္ေတြထဲမွာ ေနတိုးကိုအႀကိဳက္ဆံုးနဲ႔အားအက်ရဆံုးလို႔ဆိုလာတဲ့ ေနေရႊေသြးေအာင္ 

လက္ရွိျမန္မာ့သရုပ္ေဆာင္ေတြထဲမွာ ေနတိုးကိုအႀကိဳက္ဆံုးျဖစ္ၿပီး အားအက်ရဆံုးလည္းျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္းဦးသန္းေရႊရဲ႕ေျမးျဖစ္သေနေရႊေသြးေအာင္က ေျပာလာပါတယ္။
“ ျမန္မာသရုပ္ေဆာင္ေတြထဲမွာ ဘယ္သူ႔ကို ႏွစ္သက္ပါသလဲ။ ဘာေၾကာင့္ဆိုတာကို ပရိသတ္တစ္ေယာက္ အျမင္ရယ္၊ ဒါရိုက္တာတစ္ေယာက္အျမင္ရယ္ခြဲျခားၿပီးေတာ့ ေျပာျပေပးပါဆိုတဲ့ေမးခြန္းနဲ႔ ပတ္သက္ၿပီး ျပန္လည္ေျဖဆိုေပးထားတာျဖစ္ပါတယ္။ 
“ ျမန္မာသရုပ္ေဆာင္ေတြထဲမွာလက္ရွိအေနအထားမွာ အားလံုးကို ျခံဳၿပီးေျပာရမယ္ဆိုရင္ေတာ့ ေနတိုးကို အႀကိဳက္ဆံုးလို႔ေျပာရပါမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္နားလည္ထားရသေလာက္ မူးယစ္ေဆး၀ါး ကင္းတယ္။ မိန္းမကိစၥကင္းတယ္။ ေငြေၾကးအရႈပ္အရွင္းလည္းကင္းတယ္၊ ေနာက္ၿပီးအလုပ္ခ်ိန္လည္း မွန္တယ္လို႔ေျပာတယ္။ အလုပ္လုပ္တဲ႔အခါမွာလည္း သူရဲ႕လုပ္ပိုင္ခြင့္ေရာ၊ သူနဲ႔မဆိုင္တဲ့အလုပ္ေတြကိုေတာင္ ၀င္ၿပီးေတာ့ကူညီတတ္တယ္လို႔ၾကားတယ္” လုိ႔ ေနေရႊေသြးေအာင္က ေျပာပါတယ္။ 

သရုပ္ေဆာင္ေတြထဲမွာ ေနတိုးကိုအႀကိဳက္ဆံုးနဲ႔အားအက်ရဆံုးလို႔ဆိုလာတဲ့ ေနေရႊေသြးေအာင္ 

ဒါ့အျပင္ ျမန္မာရုပ္ရွင္သရုပ္ေဆာင္ေတြထဲမွာ ေနတိုးအျပင္ အမ်ိဳးသားထဲမွာဆိုရင္ “ကိုရန္ေလး၊ ပိုင္ေဇရဲထြန္း၊ သူထူးစံလိုပံုစံမ်ိဳးကိုလည္းႀကိဳက္ၿပီးေတာ့ အမ်ိဳးသမီးထဲမွာဆိုရင္ေတာ့ နႏၵာလိႈင္ကိုႀကိဳက္ပါတယ္လို႔လည္း ေျပာထားပါတယ္။
ေနေရႊေသြးေအာင္ဟာဆိုရင္ ပရိသတ္ေတြနဲ႔ သတင္းမီဒီယာေတြအေနနဲ႔ ေမးခ်င္တဲ့ေမးခြန္းေတြကို လက္ရွိမွာ သူ႕ရဲ႕ Facebook စာမ်က္ႏွာကေန ျပန္လည္ေျဖၾကားေနတာပဲျဖစ္ပါတယ္။

 - သိမ့္ေအးခ်မ္း(အကုန္သိသတင္းဌာန)

Unicode version

သရုပ်ဆောင်တွေထဲမှာ နေတိုးကိုအကြိုက်ဆုံးနဲ့အားအကျရဆုံးလို့ဆိုလာတဲ့ နေရွှေသွေးအောင် 

လက်ရှိမြန်မာ့သရုပ်ဆောင်တွေထဲမှာ နေတိုးကိုအကြိုက်ဆုံးဖြစ်ပြီး အားအကျရဆုံးလည်းဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေရဲ့မြေးဖြစ်သနေရွှေသွေးအောင်က ပြောလာပါတယ်။
“ မြန်မာသရုပ်ဆောင်တွေထဲမှာ ဘယ်သူ့ကို နှစ်သက်ပါသလဲ။ ဘာကြောင့်ဆိုတာကို ပရိသတ်တစ်ယောက် အမြင်ရယ်၊ ဒါရိုက်တာတစ်ယောက်အမြင်ရယ်ခွဲခြားပြီးတော့ ပြောပြပေးပါဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေဆိုပေးထားတာဖြစ်ပါတယ်။ 
“ မြန်မာသရုပ်ဆောင်တွေထဲမှာလက်ရှိအနေအထားမှာ အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ နေတိုးကို အကြိုက်ဆုံးလို့ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နားလည်ထားရသလောက် မူးယစ်ဆေးဝါး ကင်းတယ်။ မိန်းမကိစ္စကင်းတယ်။ ငွေကြေးအရှုပ်အရှင်းလည်းကင်းတယ်၊ နောက်ပြီးအလုပ်ချိန်လည်း မှန်တယ်လို့ပြောတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း သူရဲ့လုပ်ပိုင်ခွင့်ရော၊ သူနဲ့မဆိုင်တဲ့အလုပ်တွေကိုတောင် ဝင်ပြီးတော့ကူညီတတ်တယ်လို့ကြားတယ်” လို့ နေရွှေသွေးအောင်က ပြောပါတယ်။ 
ဒါ့အပြင် မြန်မာရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ နေတိုးအပြင် အမျိုးသားထဲမှာဆိုရင် “ကိုရန်လေး၊ ပိုင်ဇေရဲထွန်း၊ သူထူးစံလိုပုံစံမျိုးကိုလည်းကြိုက်ပြီးတော့ အမျိုးသမီးထဲမှာဆိုရင်တော့ နန္ဒာလှိုင်ကိုကြိုက်ပါတယ်လို့လည်း ပြောထားပါတယ်။
နေရွှေသွေးအောင်ဟာဆိုရင် ပရိသတ်တွေနဲ့ သတင်းမီဒီယာတွေအနေနဲ့ မေးချင်တဲ့မေးခွန်းတွေကို လက်ရှိမှာ သူ့ရဲ့ Facebook စာမျက်နှာကနေ ပြန်လည်ဖြေကြားနေတာပဲဖြစ်ပါတယ်။

 - သိမ့်အေးချမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။