Skip to main content
တရုတ္ကုမၸဏီက ေငြက်ပ္သိန္းေပါင္းႏွစ္ေသာင္းေက်ာ္လိမ္လည္သြားဟုဆိုကာ သတင္းစာရွင္းလင္း
Ads Block

တရုတ္ကုမၸဏီက ေငြက်ပ္သိန္းေပါင္းႏွစ္ေသာင္းေက်ာ္လိမ္လည္သြားဟုဆိုကာ သတင္းစာရွင္းလင္း

အျမတ္အစြန္းမ်ားစြာရမည့္ စမတ္ဖုန္းျဖင့္အိမ္ေသာ့ဖြင့္လုိ႔ရသည့္ ကုမၸဏီဟုဆုိကာတရုတ္ႏုိင္ငံအေျခစုိက္ MCI ကုမၸဏီမွ ျမန္မာႏုိင္ငံ၊ ကခ်င္ျပည္နယ္ရွိေဒသခံမ်ားထံမွ က်ပ္သိန္းေပါင္း ႏွစ္ေသာင္းေက်ာ္လိမ္လည္ခဲ့ေၾကာင္း ေဒသခံမ်ား၏သတင္းစာရွင္းလင္းပြဲမွ သိရသည္။
အဆိုပါသတင္းစာရွင္းလင္းပြဲတြင္ ရန္ကုန္ၿမိဳ႕ရွိ အိုလံပစ္တာ၀ါတြင္ ဧၿပီလ ၁၀ ရက္က က်င္းပခဲ့ျခင္း ျဖစ္ကာ ရွင္းလင္းပြဲတြင္ ကခ်င္ေဒသခံျဖစ္သူ ေဒၚေခါန္ေစာမ္းက သတင္းမီဒီယာမ်ားသုိ႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ 
“ ကြ်န္မ ပထမသိန္းတစ္ရာထည့္တယ္။ ေယာက်ၤားမသိေအာင္ေပါ့။ အျမတ္အစြန္းလည္း လစဥ္၊ ေန႔စဥ္ရမယ္ ဆုိေတာ့ ထည့္တာေပါ့။ ကြ်န္မကုိလည္းသူတုိ႔ကတရုတ္ႏုိင္ငံ၊ ဂြမ္ေဒါင္မွာရွိတဲ့ သူတုိ႔ MCI ကုမၸဏီကုိ ေခၚသြားတယ္။ တကယ့္ၿမိဳ႕ထဲမွာရွိတာ။ အေကာင္းစားေပါ့။ သူတုိ႔ကဖုန္းနဲ႔ အိမ္ေသာ့ဖြင့္ရတဲ့အုိင္တီအလုပ္ကုိ လုပ္မွ။ ျမန္မာႏုိင္ငံမွာလည္း ေဒၚေအာင္ဆန္းစုၾကည္အိမ္ကုိအရင္ဆုံးလုပ္ျပၿပီး ေစ်းကြက္ထုိးေဖာက္မယ္ေပါ့။ ဒီလုိဆုိတယ္။ အခုလည္းက်ေရာ ကြ်န္မဆုိအိမ္ေပါင္ၿပီးထည့္လုိက္တာ။အခုေတာ့ အရမ္းကုိဒုကၡေရာက္ေနပါၿပီ။ အျမတ္မေျပာနဲ႔။ အရင္းေတာင္ျပန္မရပါဘူး။ ကြ်န္မလုိပဲ ဒုကၡေရာက္ေနတဲ့အိမ္ေထာင္စုေပါင္း ၄၀၀၀ ေက်ာ္ ရွိပါတယ္။’’ဟု လိမ္လည္ခံရသူ ေဒၚေခါန္ေစာမ္းက ေျပာသည္။
အဆိုပါတရုတ္ႏုိင္ငံအေျခစုိက္ MCI ကုမၸဏီသည္ ၂၀၁၇ ခုႏွစ္တြင္ ျမန္မာႏုိင္ငံ၊ ကခ်င္ျပည္နယ္သုိ႔ ၀င္ေရာက္လာကာ ကခ်င္တုိင္းရင္းသားျဖစ္သူ အက္စ္ေဒၚလာဆုိသူလည္းပါ၀င္လာခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ရန္ကုန္ၿမိဳ႕သုိ႔အရင္၀င္ေ၇ာက္လာခဲ့ၿပီး ခ်ိန္က်င္ဟုန္၊ ခ်ိန္ေ၀မင္း၊ ခ်ိန္က်န္း၊ စုိက္ေလစိမ္း၊ ေခါက္က်င္မင္းဆုိသူတုိ႔မွရွင္းလင္းခဲ့ကာ ကုမၸဏီသုိ႔ရင္းနွီးျမဳပ္နွံမႈမ်ားလုပ္ရန္ ေၾကာ္ျငာမႈတုိ႔ရွိခဲ့ေၾကာင္း သိရသည္။
၂၀၁၇ ခုႏွစ္တြင္ ျမန္မာႏုိင္ငံသားမ်ားအား ပထမအရစ္ရင္းႏွီးျမဳပ္ႏွံေငြမ်ားသြင္းခုိင္းခဲ့ၿပီး ပထမအရစ္မွ အျမတ္မ်ားကုိလအေတာ္ၾကာတြင္ေမးျမန္းရာ ကုမၸဏီဘက္မွ ဒုတိယအရစ္ထပ္မံသြင္းခုိင္းသျဖင့္ ထပ္မံသြင္းခဲ့ၾကၿပီး အျမတ္ကုိေမွ်ာ္လင့္ခဲ့ေသာ္လည္းကုမၸဏီဘက္မွ တတိယအရစ္ထပ္မံသြင္းခုိင္းရာ မေပးႏုိင္ေတာ့သျဖင့္ ေငြျပန္ေတာင္းရာမွ အဆက္အသြယ္ျပတ္ေတာက္ခဲ့ေၾကာင္း သိရသည္။
အဆုိပါကိစၥအား ၂၀၁၈ ခုနွစ္တြင္ ျမန္မာႏုိင္ငံဆုိင္ရာတရုတ္သံရုံးသုိ႔အကူအညီေတာင္းထားေသာ္လည္း အကူအညီေပးမည္ဟုသာအေၾကာင္းျပန္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္အထိ အေၾကာင္းမျပန္ခဲ့ေၾကာင္းသိရသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

တရုတ်ကုမ္ပဏီက ငွေကျပ်သိန်းပေါင်းနှစ်သောင်းကျော်လိမ်လည်သွားဟုဆိုကာ သတင်းစာရှင်းလင်း

အမြတ်အစွန်းများစွာရမည့် စမတ်ဖုန်းဖြင့်အိမ်သော့ဖွင့်လို့ရသည့် ကုမ္ပဏီဟုဆိုကာတရုတ်နိုင်ငံအခြေစိုက် MCI ကုမ္ပဏီမှ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိဒေသခံများထံမှ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်လိမ်လည်ခဲ့ကြောင်း ဒေသခံများ၏သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့ရှိ အိုလံပစ်တာဝါတွင် ဧပြီလ ၁၀ ရက်က ကျင်းပခဲ့ခြင်း ဖြစ်ကာ ရှင်းလင်းပွဲတွင် ကချင်ဒေသခံဖြစ်သူ ဒေါ်ခေါန်စောမ်းက သတင်းမီဒီယာများသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“ ကျွန်မ ပထမသိန်းတစ်ရာထည့်တယ်။ ယောင်္ကျားမသိအောင်ပေါ့။ အမြတ်အစွန်းလည်း လစဉ်၊ နေ့စဉ်ရမယ် ဆိုတော့ ထည့်တာပေါ့။ ကျွန်မကိုလည်းသူတို့ကတရုတ်နိုင်ငံ၊ ဂွမ်ဒေါင်မှာရှိတဲ့ သူတို့ MCI ကုမ္ပဏီကို ခေါ်သွားတယ်။ တကယ့်မြို့ထဲမှာရှိတာ။ အကောင်းစားပေါ့။ သူတို့ကဖုန်းနဲ့ အိမ်သော့ဖွင့်ရတဲ့အိုင်တီအလုပ်ကို လုပ်မှ။ မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုအရင်ဆုံးလုပ်ပြပြီး ဈေးကွက်ထိုးဖောက်မယ်ပေါ့။ ဒီလိုဆိုတယ်။ အခုလည်းကျရော ကျွန်မဆိုအိမ်ပေါင်ပြီးထည့်လိုက်တာ။အခုတော့ အရမ်းကိုဒုက္ခရောက်နေပါပြီ။ အမြတ်မပြောနဲ့။ အရင်းတောင်ပြန်မရပါဘူး။ ကျွန်မလိုပဲ ဒုက္ခရောက်နေတဲ့အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော် ရှိပါတယ်။’’ဟု လိမ်လည်ခံရသူ ဒေါ်ခေါန်စောမ်းက ပြောသည်။
အဆိုပါတရုတ်နိုင်ငံအခြေစိုက် MCI ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်သို့ ဝင်ရောက်လာကာ ကချင်တိုင်းရင်းသားဖြစ်သူ အက်စ်ဒေါ်လာဆိုသူလည်းပါဝင်လာခဲ့ကြောင်း သိရသည်။
ယင်းနောက် ရန်ကုန်မြို့သို့အရင်ဝင်ရောက်လာခဲ့ပြီး ချိန်ကျင်ဟုန်၊ ချိန်ဝေမင်း၊ ချိန်ကျန်း၊ စိုက်လေစိမ်း၊ ခေါက်ကျင်မင်းဆိုသူတို့မှရှင်းလင်းခဲ့ကာ ကုမ္ပဏီသို့ရင်းနှီးမြုပ်နှံမှုများလုပ်ရန် ကြော်ငြာမှုတို့ရှိခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသားများအား ပထမအရစ်ရင်းနှီးမြုပ်နှံငွေများသွင်းခိုင်းခဲ့ပြီး ပထမအရစ်မှ အမြတ်များကိုလအတော်ကြာတွင်မေးမြန်းရာ ကုမ္ပဏီဘက်မှ ဒုတိယအရစ်ထပ်မံသွင်းခိုင်းသဖြင့် ထပ်မံသွင်းခဲ့ကြပြီး အမြတ်ကိုမျှော်လင့်ခဲ့သော်လည်းကုမ္ပဏီဘက်မှ တတိယအရစ်ထပ်မံသွင်းခိုင်းရာ မပေးနိုင်တော့သဖြင့် ငွေပြန်တောင်းရာမှ အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စအား ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသို့အကူအညီတောင်းထားသော်လည်း အကူအညီပေးမည်ဟုသာအကြောင်းပြန်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ အကြောင်းမပြန်ခဲ့ကြောင်းသိရသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။