Skip to main content
စိုင္းစိုင္းခမ္းလႈိင္ရဲ႕ သီခ်င္းနဲ႕ ဘ၀ပံုစံကို ေ၀ဖန္သံုးသပ္ျပခဲ့တဲ့ ေနေရႊေသြးေအာင္
Ads Block

စိုင္းစိုင္းခမ္းလႈိင္ရဲ႕ သီခ်င္းနဲ႕ ဘ၀ပံုစံကို ေ၀ဖန္သံုးသပ္ျပခဲ့တဲ့ ေနေရႊေသြးေအာင္

ျမန္မာျပည္က အဆိုေတာ္ေတြထဲမွာ စိုင္းစိုင္းခမ္းလႈိင္ကိုအႀကိဳက္ဆံုးျဖစ္တယ္လို ့ ဗိုလ္ခ်ဳပ္မႈးႀကီးေဟာင္း သန္းေရႊ ရဲ႕ ေျမးျဖစ္သူ ေနေရႊေသြးေအာင္ က သူ ျပန္လည္ေျဖဆိုထားတဲ့ အင္တာဗ်ဴး အပိုင္း ၃ မွာေျပာထားတာပါ။
ယေန ့က်ေရာက္တဲ့ အသက္ေလးဆယ္ျပည့္ ေမြးေန ့ရွင္စိုင္းစိုင္းခမ္းလႈိင္ရဲ႕ သီခ်င္းေတြနဲ႕ ပတ္သက္ၿပီး ေနေရႊေသြးေအာင္က”ျမန္မာျပည္က အဆိုေတာ္မွာဆိုရင္ အမ်ဳိးသားဆိုရင္စိုင္းစိုင္းခမ္းလႈိင္ကိုႀကိဳက္တယ္။ အမ်ဳိးသမီးထဲမွာေတာ့ favouriteျဖစ္တာမရွိပါဘူး။ ပထမ အခ်က္က သူ က သီခ်င္းကို rangeအကုန္ဆိုႏုိင္ပါတယ္။ သူ ့ရဲ႕ အေဆြးသီခ်င္း ေတြျဖစ္တဲ့ ၀မ္းနည္းမွတမ္း၊ေပ်ာ္ေတာ္ဆက္၊ေႏြရာသီလမ္းခြဲ ဒီလိုမ်ဳိး အေဆြးသီခ်င္းေတြလည္း သူဆိုလို ့ရတယ္။သူငယ္ခ်င္းေလးပါပဲ၊ၾကယ္မႈန္အိပ္မက္၊ဆိုတဲံ အျပဴးသီခ်င္းေလးေတြလည္း သူဆိုလို ့ရတယ္။ေတာေဂၚလီ၊ဖုတ္လႈိက္ဖုတ္လႈိက္ အရမ္းကို ျမဴးတာေတြလည္းဆိုလို ့ရတယ္။သူဘယလို သီခ်င္းေတြပဲဆိုဆို သူ ့သီခ်င္းေတြက ျမန္မာျပည္မွာအရမ္းေပါက္တယ္၊လူတိုင္းနားထဲလည္းစြဲပါတယ္။ ဒါကေတာ့ သူ သီခ်င္းဆိုတဲ့အပိုင္းကိုေျပာတာပါ။” လို႕ သံုးသပ္ေျပာျပခဲ့ပါတယ္။ 
စိုင္းစိုင္းခမ္းလႈိင္ရဲ႕ သီဆိုမႈေတြအျပင္ သူ ့ရဲ႕ lifestyleနဲ႕႔ပတ္သက္ၿပီးေတာ့လည္း”သူ ့ရဲ႕ ေနပံုထိုင္ပံု Lifestyleကိုၾကည့္မယ္ဆိုရင္  သူ ့အသက္ဆို အခုေလးဆယ္နားေရာက္သြားေပမယ့္ေအာင္ျမင္မႈအတိုင္းအတာကိုခုထိ ထိန္းႏုိင္တယ္။း သူလည္း ျမန္မာျပည္က အတိုင္းအတာနဲ ့ဆိုရင္ တိုက္ခိုက္မႈေ၀ဖန္မႈေတြခံရေပမယ့္ ေအးေအးေဆးေဆး သူ လုပ္စရာရွိတာေတြကို  ေအာင္ေအာင္ျမင္ျမင္လုပ္ႏုိင္တယ္။ ဒီလို သီခ်င္းေတြကို ဖန္တီးႏုိင္မႈ စြမ္းအားနဲ႕ သူ ႕ရဲ႕lifestyleကို  သေဘာက်တဲ့အတြက္ ကြ်န္ေတာ္စိုင္းစိုင္းခမ္းလႈိက္ကိုေရြးခ်ယ္ရျခင္းျဖစ္ပါတယ္။”လို႕ ဆက္လက္ေျပာျပခဲ့ပါတယ္။ 
ျမန္မာႏုိင္ငံမွာအႀကိဳက္ႏွစ္သက္ဆံုး အဆိုေတာ္ ေတြထဲမွာ အမ်ဳိးသမီး ေတြကိုေတာ့ႏွစ္သက္ျခင္းမရွိခဲ့ေပမယ့္ အမ်ဳိးသားထဲမွာေတာ့ စိုင္းစိုင္းခမ္းလႈိင္ကိုအႀကိဳက္ဆံုးျဖစ္တယ္လို ့ ေနေရႊေသြးေအာင္ကေမးျမန္းမႈေတြကိုျပန္လည္ေျဖဆိုခဲ့တာပါ။

 - ႏြယ္ဏီ(အကုန္သိသတင္းဌာန)

Unicode version

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းနဲ့ ဘဝပုံစံကို ဝေဖန်သုံးသပ်ပြခဲ့တဲ့ နေရွှေသွေးအောင်

မြန်မာပြည်က အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကိုအကြိုက်ဆုံးဖြစ်တယ်လို့ ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေ ရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင် က သူ ပြန်လည်ဖြေဆိုထားတဲ့ အင်တာဗျူး အပိုင်း ၃ မှာပြောထားတာပါ။
ယနေ့ကျရောက်တဲ့ အသက်လေးဆယ်ပြည့် မွေးနေ့ရှင်စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး နေရွှေသွေးအောင်က”မြန်မာပြည်က အဆိုတော်မှာဆိုရင် အမျိုးသားဆိုရင်စိုင်းစိုင်းခမ်းလှိုင်ကိုကြိုက်တယ်။ အမျိုးသမီးထဲမှာတော့ favouriteဖြစ်တာမရှိပါဘူး။ ပထမ အချက်က သူ က သီချင်းကို rangeအကုန်ဆိုနိုင်ပါတယ်။ သူ့ရဲ့ အဆွေးသီချင်း တွေဖြစ်တဲ့ ဝမ်းနည်းမှတမ်း၊ပျော်တော်ဆက်၊နွေရာသီလမ်းခွဲ ဒီလိုမျိုး အဆွေးသီချင်းတွေလည်း သူဆိုလို့ရတယ်။သူငယ်ချင်းလေးပါပဲ၊ကြယ်မှုန်အိပ်မက်၊ဆိုတဲံ အပြူးသီချင်းလေးတွေလည်း သူဆိုလို့ရတယ်။တောဂေါ်လီ၊ဖုတ်လှိုက်ဖုတ်လှိုက် အရမ်းကို မြူးတာတွေလည်းဆိုလို့ရတယ်။သူဘယလို သီချင်းတွေပဲဆိုဆို သူ့သီချင်းတွေက မြန်မာပြည်မှာအရမ်းပေါက်တယ်၊လူတိုင်းနားထဲလည်းစွဲပါတယ်။ ဒါကတော့ သူ သီချင်းဆိုတဲ့အပိုင်းကိုပြောတာပါ။” လို့ သုံးသပ်ပြောပြခဲ့ပါတယ်။ 
စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီဆိုမှုတွေအပြင် သူ့ရဲ့ lifestyleနဲ့ပတ်သက်ပြီးတော့လည်း”သူ့ရဲ့ နေပုံထိုင်ပုံ Lifestyleကိုကြည့်မယ်ဆိုရင်  သူ့အသက်ဆို အခုလေးဆယ်နားရောက်သွားပေမယ့်အောင်မြင်မှုအတိုင်းအတာကိုခုထိ ထိန်းနိုင်တယ်။း သူလည်း မြန်မာပြည်က အတိုင်းအတာနဲ့ဆိုရင် တိုက်ခိုက်မှုဝေဖန်မှုတွေခံရပေမယ့် အေးအေးဆေးဆေး သူ လုပ်စရာရှိတာတွေကို  အောင်အောင်မြင်မြင်လုပ်နိုင်တယ်။ ဒီလို သီချင်းတွေကို ဖန်တီးနိုင်မှု စွမ်းအားနဲ့ သူ့ရဲ့lifestyleကို  သဘောကျတဲ့အတွက် ကျွန်တော်စိုင်းစိုင်းခမ်းလှိုက်ကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။”လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 
မြန်မာနိုင်ငံမှာအကြိုက်နှစ်သက်ဆုံး အဆိုတော် တွေထဲမှာ အမျိုးသမီး တွေကိုတော့နှစ်သက်ခြင်းမရှိခဲ့ပေမယ့် အမျိုးသားထဲမှာတော့ စိုင်းစိုင်းခမ်းလှိုင်ကိုအကြိုက်ဆုံးဖြစ်တယ်လို့ နေရွှေသွေးအောင်ကမေးမြန်းမှုတွေကိုပြန်လည်ဖြေဆိုခဲ့တာပါ။

 - နွယ်ဏီ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။