Skip to main content
ဟားမတ္စ္အဖြဲ ့ကုုိ ေငြေၾကးေထာက္ပံ့ေနတဲ့ အစၥလာမ္မစ္ ရုံးခန္းေတြကုိ ဂ်ာမန္ရဲ ၀င္စီး 
Ads Block

ဟားမတ္စ္အဖြဲ ့ကုုိ ေငြေၾကးေထာက္ပံ့ေနတဲ့ အစၥလာမ္မစ္ ရုံးခန္းေတြကုိ ဂ်ာမန္ရဲ ၀င္စီး 

ဥေရာပသမဂၢက အၾကမ္းဖက္စာရင္းသြင္းထားတဲ့ ပါလက္စတုိင္း စစ္ေသြးၾကြ အုပ္စု ဟားမတ္စ္ကုိ ေငြေၾကးေထာက္ပံ့ေနတယ္လုိ ့ သံသယရွိတဲ့ အစၥလာမ္မစ္အဖြဲ႔အစည္း ေတြပုိင္ ရုံးခန္းေတြကုိ ဗုဒၶဟူးေန ့(ဧၿပီ ၁၀) မွာ ဂ်ာမန္ရဲတပ္ဖြဲ ့က စီးနင္းရွာေဖြမႈေတြ လုပ္ခဲ့ေၾကာင္း ဂ်ာမန္ျပည္ထဲေရး ၀န္ႀကီးဌာနက ေျပာဆုိခဲ့ပါတယ္။ 
စစ္ဆင္ေရး အဓိကပစ္မွတ္ဟာ ဟားမတ္စ္အုပ္စုအတြက္ ရန္ပုံေငြ စုေဆာင္းေပးေနတယ္လုိ ့ ယုံၾကည္ထားတဲ့ WorldWide Resistance-Help နဲ ့ Ansaar International အဖြဲ ့တုိ ့ျဖစ္ေၾကာင္း ၀န္ႀကီးဌာနက ဆုိပါတယ္။ ယင္း အဖြဲ ့ေတြကေတာ့ ၄င္းတုိ ့ေတြဟာ ဂါဇာ၊ ဆုိမာလီ၊ ဆီးရီးယားနဲ ့အျခားႏုိင္ငံေတြမွ ျပည္သူေတြအတြက္ ေထာက္ပံ့ေငြေတြ လက္ခံေနျခင္းျဖစ္ေၾကာင္း ၄င္းတုိ ့ရဲ႕၀က္ဘ္ဆုိက္မွာ ေျပာဆုိခဲ့ပါတယ္။ 
ယင္း အဖြဲ ့အစည္းႏွစ္ခုဟာ ၀ါဒျဖန္ ့ကမ့္ပိန္းေတြနဲ ့ ဟားမတ္စ္အဖြဲ ့ကုိ အကူအညီေပးမႈေတြ လုပ္ေနခဲ့ေၾကာင္းလည္း ဂ်ာမန္ျပည္ထဲေရး၀န္ႀကီးဌာနက ေျပာဆုိခဲ့ပါတယ္။ 

ဟားမတ္စ္အဖြဲ ့ကုုိ ေငြေၾကးေထာက္ပံ့ေနတဲ့ အစၥလာမ္မစ္ ရုံးခန္းေတြကုိ ဂ်ာမန္ရဲ ၀င္စီး 

ပါလက္စတုိင္းလူမ်ဳိး ၂ သန္းေက်ာ္ဟာ က်ဥ္းေျမာင္းတဲ့ ကမ္းရုိးတမ္းနယ္ တေက်ာမွာ စုေ၀းေနထုိင္ၾကရပါတယ္။ အစၥေရးဟာ ၂၀၀၅ ခုႏွစ္မွာ ဂါဇာေဒသမွ ၄င္းရဲ႕တပ္ဖြဲ႕၀င္ေတြနဲ ့ စခန္းေတြကုိ ရုပ္သိမ္းေပးခဲ့ေပမယ့္ ယင္း ကုန္းေျမနဲ႔ နယ္စပ္ ပင္လယ္ထြက္ေပါက္ေတြကုိ တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ထားဆဲျဖစ္ပါတယ္။ ဒါ့အျပင္ အီဂ်စ္ႏုိင္ငံကလည္း ၄င္းတုိ ့နယ္စပ္မွာ ဂါဇာေဒသရဲ႕အ၀င္ အထြက္ေတြကုိ တင္းက်ပ္မႈေတြ လုပ္ထားခဲ့ပါတယ္။ 

 - ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ဟားမတ်စ်အဖွဲ့ကို ငွေကြေးထောက်ပံ့နေတဲ့ အစ္စလာမ်မစ် ရုံးခန်းတွေကို ဂျာမန်ရဲ ဝင်စီး 

ဥရောပသမဂ္ဂက အကြမ်းဖက်စာရင်းသွင်းထားတဲ့ ပါလက်စတိုင်း စစ်သွေးကြွ အုပ်စု ဟားမတ်စ်ကို ငွေကြေးထောက်ပံ့နေတယ်လို့ သံသယရှိတဲ့ အစ္စလာမ်မစ်အဖွဲ့အစည်း တွေပိုင် ရုံးခန်းတွေကို ဗုဒ္ဓဟူးနေ့(ဧပြီ ၁၀) မှာ ဂျာမန်ရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ကြောင်း ဂျာမန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ 
စစ်ဆင်ရေး အဓိကပစ်မှတ်ဟာ ဟားမတ်စ်အုပ်စုအတွက် ရန်ပုံငွေ စုဆောင်းပေးနေတယ်လို့ ယုံကြည်ထားတဲ့ WorldWide Resistance-Help နဲ့ Ansaar International အဖွဲ့တို့ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။ ယင်း အဖွဲ့တွေကတော့ ၎င်းတို့တွေဟာ ဂါဇာ၊ ဆိုမာလီ၊ ဆီးရီးယားနဲ့အခြားနိုင်ငံတွေမှ ပြည်သူတွေအတွက် ထောက်ပံ့ငွေတွေ လက်ခံနေခြင်းဖြစ်ကြောင်း ၎င်းတို့ရဲ့ဝက်ဘ်ဆိုက်မှာ ပြောဆိုခဲ့ပါတယ်။ 
ယင်း အဖွဲ့အစည်းနှစ်ခုဟာ ဝါဒဖြန့်ကမ့်ပိန်းတွေနဲ့ ဟားမတ်စ်အဖွဲ့ကို အကူအညီပေးမှုတွေ လုပ်နေခဲ့ကြောင်းလည်း ဂျာမန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ 
ပါလက်စတိုင်းလူမျိုး ၂ သန်းကျော်ဟာ ကျဉ်းမြောင်းတဲ့ ကမ်းရိုးတမ်းနယ် တကျောမှာ စုဝေးနေထိုင်ကြရပါတယ်။ အစ္စရေးဟာ ၂၀၀၅ ခုနှစ်မှာ ဂါဇာဒေသမှ ၎င်းရဲ့တပ်ဖွဲ့ဝင်တွေနဲ့ စခန်းတွေကို ရုပ်သိမ်းပေးခဲ့ပေမယ့် ယင်း ကုန်းမြေနဲ့ နယ်စပ် ပင်လယ်ထွက်ပေါက်တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် အီဂျစ်နိုင်ငံကလည်း ၎င်းတို့နယ်စပ်မှာ ဂါဇာဒေသရဲ့အဝင် အထွက်တွေကို တင်းကျပ်မှုတွေ လုပ်ထားခဲ့ပါတယ်။ 

 - ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။