Skip to main content
ျပည္သူမ်ား၏ ထုတ္ေဖာ္ေျပာဆိုမႈမ်ားကို တရားစြဲဆိုျခင္းမွာ လြတ္လပ္စြာေျပာဆိုခြင့္ကို ခ်ဳိးေဖာက္ျခင္းျဖစ္ဟု ဆို 
Ads Block

ျပည္သူမ်ား၏ ထုတ္ေဖာ္ေျပာဆိုမႈမ်ားကို တရားစြဲဆိုျခင္းမွာ လြတ္လပ္စြာေျပာဆိုခြင့္ကို ခ်ဳိးေဖာက္ျခင္းျဖစ္ဟု ဆို 

ျပည္သူလူထုမ်ား၏ ႏိုင္ငံေရးေမွ်ာ္လင့္ခ်က္ဦးတည္ခ်က္မ်ားထုတ္ေဖာ္ေျပာဆိုျခင္းကို တရားစြဲဆိုသည္မွာ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို ခ်ဳိးေဖာက္ျခင္းဟု ယုံၾကည္ေၾကာင္း အသံ(လြတ္လပ္စြာထုတ္ေဖာ္ ေျပာဆိုခြင့္လႈပ္ရွားမႈ)အဖြဲ႔မွ သုေတသနဒါရိုက္တာကိုရဲေဝၿဖိဳးေအာင္က ေျပာသည္။ 
အသံ(လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈ)အဖြဲ႔သည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၁၀ ရက္အထိ မွတ္တမ္းတင္ ျပဳစုထားေသာအခ်က္အလက္မ်ားအရ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခံဳမႈကို ကာကြယ္ေပးေရးဥပေဒ(ႏိုင္လြတ္လုံ)ျဖင့္ တရားစြဲဆိုမႈမ်ားႏွင့္ပတ္သက္၍ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ထားသည္။ 
“ကြ်န္ေတာ္တို႔ယုံၾကည္တာက ျပည္သူေတြမွာက လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ရွိတယ္။ ကိုယ့္ရဲ႕ ဒီအခြင့္အေရးကို အသုံးက်ၿပီးေတာ့ ကိုယ့္ရဲ႕ႏိုင္ငံေရး ေမွ်ာ္မွန္းခ်က္ေတြ ဦးတည္ခ်က္ေတြကို ကြ်န္ေတာ္တို႔ေတြက အြန္လိုင္းမွာပဲေျပာေျပာ၊ ေျမျပင္မွာပဲေျပာေျပာ ကြ်န္ေတာ္တို႔ေျပာတဲ့ဟာက အေျခခံ အခြင့္အေရးျဖစ္တယ္။ သို႔ေပမဲ့ အဲဒါကိုကန္႔သတ္ၿပီးေတာ့ ငါတို႔ကိုေတာ့မေဝဖန္ပါနဲ႔။ ငါတို႔ကိုေတာ့မထိပါနဲ႔ ဆိုၿပီးေတာ့ ဒီလိုမရွိရွိတဲ့ဥပေဒေတြ အသုံးျပဳၿပီးေတာ့ တရားစြဲဆိုေနတာကေတာ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ခ်ဳိးေဖာက္ေနတာလို႔ ကြ်န္ေတာ္တို႔ကယုံၾကည္ပါတယ္”  ဟု အသံ (လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈ)အဖြဲ႔မွ သုေတသနဒါရိုက္တာကိုရဲေဝၿဖိဳးေအာင္က ေျပာသည္။
အဆိုပါထုတ္ျပန္ခ်က္အရ ႏိုင္လြတ္လုံဥပေဒျဖင့္ တရားစြဲဆိုမႈမ်ား ၁၄ မႈအထိရွိလာၿပီး တရားစြဲဆိုခံရသူ ၃၇ ဦး အထိရွိလာၿပီျဖစ္ကာ အစိုးရအဖြဲ႔ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ေဝဖန္သျဖင့္ တရားစြဲဆိုခံရမႈ ၃ မႈရွိေၾကာင္း သိရသည္။ 
“ အဓိကက ကြ်န္ေတာ္တို႔ေတြက ၆၆ (ဃ) တို႔၊ ၅၀၅ (ခ) တို႔ က်န္တဲ့အျခားေသာ မတရားတဲ့ဥပေဒေတြကို တစိုက္မတ္မတ္ျပင္ဆင္ဖို႔အတြက္ ေျပာေနတယ္။ ဒါေပမယ့္လည္း မျပင္ဘူးေပါ့ေလ။ မျပင္တဲ့အခါမွာ ေနာက္ဆုံးေတာ့ နစ္နာတာက ျပည္သူပဲျဖစ္ေနတယ္။ ဆိုလိုတာက ျပည္သူေတြက အစိုးရကိုမေက်နပ္လို႔ အြန္လိုင္းမွာ ေဝဖန္တဲ့အခါမွာ အဲဒီေဝဖန္တဲ့ဟာကို တရားစြဲတာရွိတယ္။ တစ္ခါခါက်လို႔ခ်င္ရင္ အစိုးရက သူတို႔ကိုယ္ တိုင္ တရားစြဲတယ္။ တစ္ခါခါက်ေတာ့ သူတို႔ေတြက ၾကားလူကို စြဲခိုင္းတာရွိတယ္” ဟု ကိုရဲေဝၿဖိဳးေအာင္က ဆက္ေျပာသည္။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကိုေဝဖန္သျဖင့္ တရားစြဲဆိုခံရမႈ ၂ မႈ၊ ႏိုင္ငံေရးပါတီကို ေဝဖန္ခဲ့သျဖင့္ တရားစြဲဆိုခံရမႈ ၂ မႈတို႔ ပါဝင္ခဲ့သလို  ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား ေဝဖန္ေရးသားသည္ဟုဆိုကာ ျပည္သူတစ္ဦးကို အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီဝင္တစ္ဦးမွ တရားစြဲဆိုထားမႈလည္းရွိေၾကာင္း အသံအဖြဲ႔၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
တိုင္းေဒသႀကီးလႊတ္ေတာ္အမတ္တစ္ဦးႏွင့္ပတ္သက္၍ တိုင္တန္းစာေရးသားခဲ့သူ ၁၇ ဦးအား ယင္းလႊတ္ေတာ္ ကိုယ္စားလွယ္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္၏ ေဆြမ်ဳိးတစ္ဦးက ႏွစ္ထပ္ကြမ္းတရားစြဲဆိုမႈလည္းရွိခဲ့သည္ကို ေတြ႔ရွိရေၾကာင္းႏွင့္ တရားစြဲဆိုခံရမႈစုစုေပါင္း ၁၄ မႈထဲတြင္ ၇ မႈမွာ လူမႈကြန္ရက္၌ ထုတ္ေဖာ္ေရးသားခဲ့ျခင္း ေၾကာင့္ ျဖစ္သည္ဟုလည္း ထုတ္ျပန္ခ်က္အရ သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode version

ပြည်သူများ၏ထုတ်ဖော်ပြောဆိုမှုများကိုတရားစွဲဆိုခြင်းမှာ လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်ခြင်းဖြစ်ဟု ဆို 

ပြည်သူလူထုများ၏ နိုင်ငံရေးမျှော်လင့်ချက်ဦးတည်ချက်များထုတ်ဖော်ပြောဆိုခြင်းကို တရားစွဲဆိုသည်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်းဟု ယုံကြည်ကြောင်း အသံ(လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှု)အဖွဲ့မှ သုတေသနဒါရိုက်တာကိုရဲဝေဖြိုးအောင်က ပြောသည်။ 
အသံ(လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု)အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်အထိ မှတ်တမ်းတင် ပြုစုထားသောအချက်အလက်များအရ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ)ဖြင့် တရားစွဲဆိုမှုများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။ 
“ကျွန်တော်တို့ယုံကြည်တာက ပြည်သူတွေမှာက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ ကိုယ့်ရဲ့ ဒီအခွင့်အရေးကို အသုံးကျပြီးတော့ ကိုယ့်ရဲ့နိုင်ငံရေး မျှော်မှန်းချက်တွေ ဦးတည်ချက်တွေကို ကျွန်တော်တို့တွေက အွန်လိုင်းမှာပဲပြောပြော၊ မြေပြင်မှာပဲပြောပြော ကျွန်တော်တို့ပြောတဲ့ဟာက အခြေခံ အခွင့်အရေးဖြစ်တယ်။ သို့ပေမဲ့ အဲဒါကိုကန့်သတ်ပြီးတော့ ငါတို့ကိုတော့မဝေဖန်ပါနဲ့။ ငါတို့ကိုတော့မထိပါနဲ့ ဆိုပြီးတော့ ဒီလိုမရှိရှိတဲ့ဥပဒေတွေ အသုံးပြုပြီးတော့ တရားစွဲဆိုနေတာကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေတာလို့ ကျွန်တော်တို့ကယုံကြည်ပါတယ်”  ဟု အသံ (လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု)အဖွဲ့မှ သုတေသနဒါရိုက်တာကိုရဲဝေဖြိုးအောင်က ပြောသည်။
အဆိုပါထုတ်ပြန်ချက်အရ နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲဆိုမှုများ ၁၄ မှုအထိရှိလာပြီး တရားစွဲဆိုခံရသူ ၃၇ ဦး အထိရှိလာပြီဖြစ်ကာ အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်သဖြင့် တရားစွဲဆိုခံရမှု ၃ မှုရှိကြောင်း သိရသည်။ 
“ အဓိကက ကျွန်တော်တို့တွေက ၆၆ (ဃ) တို့၊ ၅၀၅ (ခ) တို့ ကျန်တဲ့အခြားသော မတရားတဲ့ဥပဒေတွေကို တစိုက်မတ်မတ်ပြင်ဆင်ဖို့အတွက် ပြောနေတယ်။ ဒါပေမယ့်လည်း မပြင်ဘူးပေါ့လေ။ မပြင်တဲ့အခါမှာ နောက်ဆုံးတော့ နစ်နာတာက ပြည်သူပဲဖြစ်နေတယ်။ ဆိုလိုတာက ပြည်သူတွေက အစိုးရကိုမကျေနပ်လို့ အွန်လိုင်းမှာ ဝေဖန်တဲ့အခါမှာ အဲဒီဝေဖန်တဲ့ဟာကို တရားစွဲတာရှိတယ်။ တစ်ခါခါကျလို့ချင်ရင် အစိုးရက သူတို့ကိုယ် တိုင် တရားစွဲတယ်။ တစ်ခါခါကျတော့ သူတို့တွေက ကြားလူကို စွဲခိုင်းတာရှိတယ်” ဟု ကိုရဲဝေဖြိုးအောင်က ဆက်ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဝေဖန်သဖြင့် တရားစွဲဆိုခံရမှု ၂ မှု၊ နိုင်ငံရေးပါတီကို ဝေဖန်ခဲ့သဖြင့် တရားစွဲဆိုခံရမှု ၂ မှုတို့ ပါဝင်ခဲ့သလို  ဗိုလ်ချုပ်အောင်ဆန်းအား ဝေဖန်ရေးသားသည်ဟုဆိုကာ ပြည်သူတစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးမှ တရားစွဲဆိုထားမှုလည်းရှိကြောင်း အသံအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးနှင့်ပတ်သက်၍ တိုင်တန်းစာရေးသားခဲ့သူ ၁၇ ဦးအား ယင်းလွှတ်တော် ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်၏ ဆွေမျိုးတစ်ဦးက နှစ်ထပ်ကွမ်းတရားစွဲဆိုမှုလည်းရှိခဲ့သည်ကို တွေ့ရှိရကြောင်းနှင့် တရားစွဲဆိုခံရမှုစုစုပေါင်း ၁၄ မှုထဲတွင် ၇ မှုမှာ လူမှုကွန်ရက်၌ ထုတ်ဖော်ရေးသားခဲ့ခြင်း ကြောင့် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။