Skip to main content
ဂ်ပန္ရဲ႕F-35 ေရဒါေပ်ာက္ တုိက္ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ကာ ေလယာဥ္မွဴး ေပ်ာက္ဆုံးေန 
Ads Block

ဂ်ပန္ရဲ႕F-35 ေရဒါေပ်ာက္ တုိက္ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ကာ ေလယာဥ္မွဴး ေပ်ာက္ဆုံးေန 

ဂ်ပန္ႏုိင္ငံေျမာက္ပုိင္း အနီး ပစိဖိတ္သမုဒၵရာအတြင္း ပ်က္က်ခဲ့တဲ့  F-35 ေရဒါ ေပ်ာက္တုိက္ေလယာဥ္ရဲ႕အပ်က္အစီးအပုိင္းအစေတြကုိ ရွာေဖြေရးနဲ ့ကယ္ဆယ္ေရးအဖြဲ ့ေတြက ေတြ ့ရွိခဲ့ၿပီျဖစ္ကာ ေပ်ာက္ဆုံးေနဆဲျဖစ္တဲ့ ေလယာဥ္မွဴးကုိ ဆက္လက္ရွာေဖြ ေနေၾကာင္း ဂ်ပန္တာ၀န္ရွိသူေတြက ဧၿပီ ၁၀ ရက္ေန ့က ေျပာခဲ့ပါတယ္။ 

ဂ်ပန္ရဲ႕F-35 ေရဒါေပ်ာက္ တုိက္ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ကာ ေလယာဥ္မွဴး ေပ်ာက္ဆုံးေန 


ဧၿပီ ၉ ရက္ေန ့က အုိမုိရီ စီရင္စု ကမ္းလြန္မွာ ပုံမွန္ေလ့က်င့္ေရးမစ္ရွင္ ေဆာင္ရြက္ ေနစဥ္ မီဆာ၀ါေလတပ္အေျခစုိက္စခန္းနဲ ့ ယင္း ေလယာဥ္ ေရဒါအဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာျဖစ္ၿပီး ယခုအခါ ေလယာဥ္ပ်က္အပုိင္းအစေတြကုိ ေတြ ့ရွိခဲ့ၿပီ ျဖစ္ေၾကာင္း ဂ်ပန္ကုိယ္ပုိင္ကာကြယ္ေရးတပ္(ေလ) ေျပာေရးဆုိခြင့္ရွိသူက အတည္ျပဳ ေျပာဆုိခဲ့ပါတယ္။ 
ဒီေလယာဥ္ဟာ ယင္းေလယာဥ္ေတြရဲ႕သမုိင္းေၾကာင္းမွာ ဒုတိယေျမာက္ ပ်က္က်ခဲ့တဲ့ ေလယာဥ္ျဖစ္သလုိ အေမရိကန္ျပည္ေထာင္စု ျပင္ပမွာ ပထမဆုံးအႀကိမ္ ပ်က္က်ခဲ့မႈ လည္းျဖစ္ပါတယ္။ ယင္း ေလယာဥ္ရဲ႕သက္တမ္းဟာ တစ္ႏွစ္နီးပါးသာရွိေသးကာ ၿပီးခဲ့တဲ့ ႏွစ္ကမွ ဂ်ပန္စစ္တပ္ကုိ ေပးပုိ ့ခဲ့တဲ့ ေလယာဥ္အသုတ္ထဲမွာ ပါ၀င္ပါတယ္။ ပ်က္က်ေလယာဥ္နဲ ့အတူ အျခား ေလယာဥ္သုံးစင္းဟာ ကမ္းရုိးတမ္းမွ ၁၃၅ ကီလုိမီတာ အကြာမွာ ေလ့က်င့္ပ်ံသန္းမႈလုပ္ေနခဲ့စဥ္ ေလယာဥ္ ေပ်ာက္သြားခဲ့တာျဖစ္ပါတယ္။ 
ေလယာဥ္ေပ်ာက္ ရွာေဖြ ကယ္ဆယ္ေရးအတြက္ အေမရိကန္ေရတပ္ ပင္လယ္ ေရေၾကာင္း ကင္းလွည့္ေလယာဥ္ P-8 ORION အပါအ၀င္ ေလယာဥ္ ၇ စင္း၊ သေဘၤာ ၈ စင္းတုိ ့ အသုံးျပဳရွာေဖြခဲ့ၾကတာပါ။ 
အေမရိကန္ေလယာဥ္ ထုတ္လုပ္ေရး ကုမၸဏီ ေလာ့ဟိမာတင္ ဟာ ဆြစ္ဇာလန္နဲ ့ ဖင္လန္ႏုိင္ငံတုိ ့မွ အမွာစာရရွိေရးအတြက္ အင္ဂ်င္ႏွစ္လုံးတပ္ ယူရုိဖုိက္တာ တုိင္ဖြန္း၊ ဘုိရင္းရဲ႕ F/A-18E/F တုိက္ေလယာဥ္အမ်ဳိးအစားေတြနဲ ့ ယွဥ္ၿပိဳင္ေနရခ်ိန္မွာ ယခုေလယာဥ္ ပ်က္က်မႈ ျဖစ္ခဲ့တာပါ။

- ကိုလင္း (အကုန္သိ သတင္းဌာန) | Ref:RT 

 

Unicode Version

ဂျပန်ရဲ့F-35 ရေဒါပျောက် တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကာ လေယာဉ်မှူး ပျောက်ဆုံးနေ 

ဂျပန်နိုင်ငံမြောက်ပိုင်း အနီး ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျခဲ့တဲ့  F-35 ရေဒါ ပျောက်တိုက်လေယာဉ်ရဲ့အပျက်အစီးအပိုင်းအစတွေကို ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ပြီဖြစ်ကာ ပျောက်ဆုံးနေဆဲဖြစ်တဲ့ လေယာဉ်မှူးကို ဆက်လက်ရှာဖွေ နေကြောင်း ဂျပန်တာဝန်ရှိသူတွေက ဧပြီ ၁၀ ရက်နေ့က ပြောခဲ့ပါတယ်။ 
ဧပြီ ၉ ရက်နေ့က အိုမိုရီ စီရင်စု ကမ်းလွန်မှာ ပုံမှန်လေ့ကျင့်ရေးမစ်ရှင် ဆောင်ရွက် နေစဉ် မီဆာဝါလေတပ်အခြေစိုက်စခန်းနဲ့ ယင်း လေယာဉ် ရေဒါအဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ယခုအခါ လေယာဉ်ပျက်အပိုင်းအစတွေကို တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်(လေ) ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောဆိုခဲ့ပါတယ်။ 
ဒီလေယာဉ်ဟာ ယင်းလေယာဉ်တွေရဲ့သမိုင်းကြောင်းမှာ ဒုတိယမြောက် ပျက်ကျခဲ့တဲ့ လေယာဉ်ဖြစ်သလို အမေရိကန်ပြည်ထောင်စု ပြင်ပမှာ ပထမဆုံးအကြိမ် ပျက်ကျခဲ့မှု လည်းဖြစ်ပါတယ်။ ယင်း လေယာဉ်ရဲ့သက်တမ်းဟာ တစ်နှစ်နီးပါးသာရှိသေးကာ ပြီးခဲ့တဲ့ နှစ်ကမှ ဂျပန်စစ်တပ်ကို ပေးပို့ခဲ့တဲ့ လေယာဉ်အသုတ်ထဲမှာ ပါဝင်ပါတယ်။ ပျက်ကျလေယာဉ်နဲ့အတူ အခြား လေယာဉ်သုံးစင်းဟာ ကမ်းရိုးတမ်းမှ ၁၃၅ ကီလိုမီတာ အကွာမှာ လေ့ကျင့်ပျံသန်းမှုလုပ်နေခဲ့စဉ် လေယာဉ် ပျောက်သွားခဲ့တာဖြစ်ပါတယ်။ 
လေယာဉ်ပျောက် ရှာဖွေ ကယ်ဆယ်ရေးအတွက် အမေရိကန်ရေတပ် ပင်လယ် ရေကြောင်း ကင်းလှည့်လေယာဉ် P-8 ORION အပါအဝင် လေယာဉ် ၇ စင်း၊ သင်္ဘော ၈ စင်းတို့ အသုံးပြုရှာဖွေခဲ့ကြတာပါ။ 
အမေရိကန်လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ လော့ဟိမာတင် ဟာ ဆွစ်ဇာလန်နဲ့ ဖင်လန်နိုင်ငံတို့မှ အမှာစာရရှိရေးအတွက် အင်ဂျင်နှစ်လုံးတပ် ယူရိုဖိုက်တာ တိုင်ဖွန်း၊ ဘိုရင်းရဲ့ F/A-18E/F တိုက်လေယာဉ်အမျိုးအစားတွေနဲ့ ယှဉ်ပြိုင်နေရချိန်မှာ ယခုလေယာဉ် ပျက်ကျမှု ဖြစ်ခဲ့တာပါ။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref:RT 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။