Skip to main content
ျပည္တြင္းေလဆိပ္ (၃) ခုကို ႏိုင္ငံတကာေလဆိပ္အဆင့္ျမွင့္ရန္ KBZ ဂရုအပါအ၀င္ ကုမၸဏီ (၃) ခုကို လုပ္ကိုင္ခြင့္ေပး
Ads Block

ျပည္တြင္းေလဆိပ္ (၃) ခုကို ႏိုင္ငံတကာေလဆိပ္အဆင့္ျမွင့္ရန္ KBZ ဂရုအပါအ၀င္ ကုမၸဏီ (၃) ခုကို လုပ္ကိုင္ခြင့္ေပး

ျပည္တြင္းရွိေလဆိပ္သံုးခုကို ႏိုင္ငံတကာေလဆိပ္အျဖစ္ အဆင့္ျမွင့္တင္ရန္ တင္ဒါေခၚယူခဲ့ရာတြင္ ဟဲဟိုးေလဆိပ္အတြက္ KBZ Group၊ ေကာ့ေသာင္း ေလဆိပ္အတြက္ Golden Myanmar Airlines Public ကုမၸဏီႏွင့္ ေမာ္လၿမိဳင္ေလဆိပ္အတြက္ Hinthar Group တို႔မွ လုပ္ကိုင္ခြင့္ရရွိသြားေၾကာင္း ျပည္တြင္းေလေၾကာင္းပို႔ေဆာင္ေရးဦးစီးဌာနမွ သိရသည္။
အဆုိပါ ေလဆိပ္သံုးခုကို ယခုႏွစ္အတြင္း အဆင့္ျမွင့္တင္ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ား တိုက္ ရိုက္ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမွင့္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံတကာ ေလေၾကာင္းမ်ား တိုက္ရိုက္ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမွင့္တင္ရန္ ပထမဆုံးႏွင့္ အျမန္ဆုံး စတင္အေကာင္ အထည္ေဖာ္ႏိုင္မည့္ အလားအလာေကာင္းေသာ ေလဆိပ္မ်ားျဖစ္သည့္ ေညာင္ဦး၊ သံတြဲ၊ ဟဲဟိုး၊ ေကာ့ေသာင္းႏွင့္ ျမစ္ႀကီးနား ေလဆိပ္တို႔ကို ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ေလေၾကာင္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ေရြးခ်ယ္တင္ျပခဲ့ ရာမွ ေကာ့ေသာင္း၊ ဟဲဟိုးႏွင့္ ေမာ္လၿမိဳင္ေလဆိပ္မ်ားကို အဆင့္ျမႇင့္တင္ရန္ ေရြးခ်ယ္၍ ပထမဦးဆုံး တင္ဒါ ေခၚယူခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“ကုမၸဏီတစ္ခုစီကေတာ့ ေရြးခ်ယ္ၿပီးသြားၿပီ။ ကုမၸဏီတစ္ခုခ်င္းစီနဲ႔ ေဆြးေႏြးညွိႏိႈင္းေနတယ္။ ႏွစ္ဦးႏွစ္ဖက္လံုး ညွိႏိႈ္င္းလို႔ အ ဆင္ေျပၿပီဆိုရင္ စာခ်ဳပ္ခ်ဳပ္ဆိုသြားမယ္။ ဒီႏွစ္ထဲမွာပဲ စီမံကိန္းကို စတင္ဖို႔လုပ္ေဆာင္သြားမွာပါ” ဟု ျပည္တြင္းေလေၾကာင္း ပို႔ေဆာင္ေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးရဲထြဋ္ေအာင္က ေျပာသည္။
အဆိုပါ ေလဆိပ္မ်ားကို အဆင့္ျမႇင့္တင္ရာတြင္  ပထမအဆင့္၌ ဟဲဟိုးေလဆိပ္အတြက္ ကန္ေဒၚလာ သန္း ၄၀၊ ေကာ့ေသာင္း ေလဆိပ္အတြက္ ကန္ေဒၚလာ ၃၆ သန္းႏွင့္ ေမာ္လၿမိဳင္ေလဆိပ္အတြက္ ကန္ေဒၚလာ သန္း ၂၀ ကုန္က်မည္ဟု ခန္႔မွန္းထား ေၾကာင္း သိရသည္။
ျပည္တြင္း၌ ေလဆိပ္ေပါင္း (၆၉) ခုရွိၿပီး အျပည္ျပည္ဆိုင္ရာေလဆိပ္ (၃) ခုႏွင့္ ျပည္တြင္းေလဆိပ္ (၃၁) ခု တို႔တြင္ ေလယာဥ္မ်ား ဆင္းသက္အသံုးျပဳလ်က္ရွိၿပီး တိုးတက္လာမည့္ ခရီးသည္ကို ရည္ရြယ္ၿပီး ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္ကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္ေနေၾကာင္းလည္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

ပြည်တွင်းလေဆိပ် (၃) ခုကို နိုင်ငံတကာလေဆိပ်အဆင့်မြှင့်ရန် KBZ ဂရုအပါအဝင် ကုမ္ပဏီ (၃) ခုကို လုပ်ကိုင်ခွင့်ပေး

ပြည်တွင်းရှိလေဆိပ်သုံးခုကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူခဲ့ရာတွင် ဟဲဟိုးလေဆိပ်အတွက် KBZ Group၊ ကော့သောင်း လေဆိပ်အတွက် Golden Myanmar Airlines Public ကုမ္ပဏီနှင့် မော်လမြိုင်လေဆိပ်အတွက် Hinthar Group တို့မှ လုပ်ကိုင်ခွင့်ရရှိသွားကြောင်း ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လေဆိပ်သုံးခုကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ တိုက် ရိုက်ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ လေကြောင်းများ တိုက်ရိုက်ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်ရန် ပထမဆုံးနှင့် အမြန်ဆုံး စတင်အကောင် အထည်ဖော်နိုင်မည့် အလားအလာကောင်းသော လေဆိပ်များဖြစ်သည့် ညောင်ဦး၊ သံတွဲ၊ ဟဲဟိုး၊ ကော့သောင်းနှင့် မြစ်ကြီးနား လေဆိပ်တို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရွေးချယ်တင်ပြခဲ့ ရာမှ ကော့သောင်း၊ ဟဲဟိုးနှင့် မော်လမြိုင်လေဆိပ်များကို အဆင့်မြှင့်တင်ရန် ရွေးချယ်၍ ပထမဦးဆုံး တင်ဒါ ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ကုမ္ပဏီတစ်ခုစီကတော့ ရွေးချယ်ပြီးသွားပြီ။ ကုမ္ပဏီတစ်ခုချင်းစီနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်။ နှစ်ဦးနှစ်ဖက်လုံး ညှိနှိုင်းလို့ အ ဆင်ပြေပြီဆိုရင် စာချုပ်ချုပ်ဆိုသွားမယ်။ ဒီနှစ်ထဲမှာပဲ စီမံကိန်းကို စတင်ဖို့လုပ်ဆောင်သွားမှာပါ” ဟု ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။
အဆိုပါ လေဆိပ်များကို အဆင့်မြှင့်တင်ရာတွင်  ပထမအဆင့်၌ ဟဲဟိုးလေဆိပ်အတွက် ကန်ဒေါ်လာ သန်း ၄၀၊ ကော့သောင်း လေဆိပ်အတွက် ကန်ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင်လေဆိပ်အတွက် ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။
ပြည်တွင်း၌ လေဆိပ်ပေါင်း (၆၉) ခုရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ် (၃) ခုနှင့် ပြည်တွင်းလေဆိပ် (၃၁) ခု တို့တွင် လေယာဉ်များ ဆင်းသက်အသုံးပြုလျက်ရှိပြီး တိုးတက်လာမည့် ခရီးသည်ကို ရည်ရွယ်ပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။