Skip to main content
ေဝဖန္ေျပာဆိုမႈမ်ားကိုတရားစြဲဆိုမည့္အစား မိမိကိုယ္ကိုယ္ မည္သို႔ျပဳျပင္ရမည္စဥ္းစားသင့္ဟု ဆို 
Ads Block

ေဝဖန္ေျပာဆိုမႈမ်ားကိုတရားစြဲဆိုမည့္အစား မိမိကိုယ္ကိုယ္ မည္သို႔ျပဳျပင္ရမည္စဥ္းစားသင့္ဟု ဆို 

အစိုးရအဖြဲ႔၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္တာဝန္ရွိသူမ်ားအေနျဖင့္ ေဝဖန္ေျပာဆိုမႈမ်ားကို ျပန္လည္ တရားစြဲဆိုမည့္အစား ႏိုင္ငံေရးအေမွ်ာ္အျမင္ရွိစြာျဖင့္ မိမိကိုယ္ကိုယ္မည္သို႔ျပဳျပင္ရမည္ကို စဥ္းစားသင့္ေၾကာင္း အသံ(လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈ)အဖြဲ႔မွ သုေတသနဒါရိုက္တာက ေျပာသည္။
လက္ရွိတြင္ အစိုးရအဖြဲ႕အပါအ၀င္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ facebook ေပၚတြင္ ၄င္းတို႔အား ေ၀ဖန္ေရးသားေျပာဆိုမႈမ်ားအေပၚ ျပန္လည္တရားစြဲဆိုေနျခင္းႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။ 
“အစိုးရေတြ၊ လႊတ္ေတာ္အမတ္ေတြ၊ တာဝန္ရွိသူေတြအေနနဲ႔ကလည္း သူတို႔ကို ေဝဖန္လာတဲ့ဟာေတြကို  ျပန္တရားမစြဲဘဲနဲ႔ ႏိုင္ငံေရးအေမွ်ာ္အျမင္ရွိရွိ ဒီမိုကေရစီနည္းက်က် ဒီမိုကေရစီလူ႔အခြင့္အေရးတန္ဖိုးေတြနဲ႔ အညီ ေဝဖန္ခ်က္ေတြကို ကိုယ့္ကိုယ္ကိုယ္ဘယ္လိုမ်ဳိးျပဳျပင္ရမလဲဆိုၿပီး စဥ္းစားသင့္တယ္။ ဒီလိုမ်ဳိး လက္လြတ္စပယ္ ျပည္သူကိုျပန္ၿပီးတရားစြဲေနတာေတာ့မျဖစ္သင့္ဘူးလို႔ေတာ့ ကြ်န္ေတာ္တို႔ကျမင္ပါတယ္” ဟု အသံအဖြဲ႔မွသုေတသနဒါရိုက္တာ ကိုရဲေဝၿဖိဳးေအာင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အသံ(လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈ)အဖြဲ႔သည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၁၀ ရက္အထိ မွတ္တမ္းတင္ ျပဳစုထားေသာ အခ်က္အလက္မ်ားအရ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခံဳမႈကို ကာကြယ္ေပးေရးဥပေဒ(ႏိုင္လြတ္လုံ)ျဖင့္ တရားစြဲဆိုမႈမ်ားႏွင့္ပတ္သက္၍ ထုတ္ျပန္ခ်က္ထုတ္ျပန္ခဲ့သည္။
အဆိုပါထုတ္ျပန္ခ်က္တြင္ ႏိုင္လြတ္လုံဥပေဒျဖင့္ တရားစြဲဆိုမႈမ်ား ၁၄ မႈအထိရွိလာၿပီး တရားစြဲဆိုခံရသူ ၃၇ ဦးအထိရွိလာၿပီျဖစ္ကာ အစိုးရအဖြဲ႔ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ေဝဖန္သျဖင့္ တရားစြဲဆိုခံရမႈ ၃ မႈရွိေၾကာင္း သိရသည္။ 
ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခံဳမႈကို ကာကြယ္ေပးေရးဥပေဒကို ၂၀၁၇ ခုႏွစ္၊ မတ္လ (၈) ရက္တြင္အတည္ျပဳျပ႒ာန္းခဲ့ၿပီး ယခုအခ်ိန္တြင္ သက္တမ္း ၂ ႏွစ္ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
ယင္းဥပေဒကို ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ လုံၿခံဳမႈကို ကာကြယ္ေပးရန္ ရည္ရြယ္ခ်က္ျဖင့္ စတင္ျပ႒ာန္းခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို ကန္႔သတ္ရန္ အသုံးျပဳလာၾကသည္ကို ေတြ႔ရွိရသည္ဟု အသံအဖြဲ႕၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode version

ဝေဖန်ပြောဆိုမှုများကိုတရားစွဲဆိုမည့်အစား မိမိကိုယ်ကိုယ် မည်သို့ပြုပြင်ရမည်စဉ်းစားသင့်ဟု ဆို 

အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများအနေဖြင့် ဝေဖန်ပြောဆိုမှုများကို ပြန်လည် တရားစွဲဆိုမည့်အစား နိုင်ငံရေးအမျှော်အမြင်ရှိစွာဖြင့် မိမိကိုယ်ကိုယ်မည်သို့ပြုပြင်ရမည်ကို စဉ်းစားသင့်ကြောင်း အသံ(လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု)အဖွဲ့မှ သုတေသနဒါရိုက်တာက ပြောသည်။
လက်ရှိတွင် အစိုးရအဖွဲ့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များသည် facebook ပေါ်တွင် ၎င်းတို့အား ဝေဖန်ရေးသားပြောဆိုမှုများအပေါ် ပြန်လည်တရားစွဲဆိုနေခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 
“အစိုးရတွေ၊ လွှတ်တော်အမတ်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ကလည်း သူတို့ကို ဝေဖန်လာတဲ့ဟာတွေကို  ပြန်တရားမစွဲဘဲနဲ့ နိုင်ငံရေးအမျှော်အမြင်ရှိရှိ ဒီမိုကရေစီနည်းကျကျ ဒီမိုကရေစီလူ့အခွင့်အရေးတန်ဖိုးတွေနဲ့ အညီ ဝေဖန်ချက်တွေကို ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမျိုးပြုပြင်ရမလဲဆိုပြီး စဉ်းစားသင့်တယ်။ ဒီလိုမျိုး လက်လွတ်စပယ် ပြည်သူကိုပြန်ပြီးတရားစွဲနေတာတော့မဖြစ်သင့်ဘူးလို့တော့ ကျွန်တော်တို့ကမြင်ပါတယ်” ဟု အသံအဖွဲ့မှသုတေသနဒါရိုက်တာ ကိုရဲဝေဖြိုးအောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
အသံ(လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု)အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်အထိ မှတ်တမ်းတင် ပြုစုထားသော အချက်အလက်များအရ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ)ဖြင့် တရားစွဲဆိုမှုများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲဆိုမှုများ ၁၄ မှုအထိရှိလာပြီး တရားစွဲဆိုခံရသူ ၃၇ ဦးအထိရှိလာပြီဖြစ်ကာ အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်သဖြင့် တရားစွဲဆိုခံရမှု ၃ မှုရှိကြောင်း သိရသည်။ 
နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ၂၀၁၇ ခုနှစ်၊ မတ်လ (၈) ရက်တွင်အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယခုအချိန်တွင် သက်တမ်း ၂ နှစ်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ယင်းဥပဒေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် စတင်ပြဋ္ဌာန်းခဲ့သော်လည်း ယခုအချိန်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန် အသုံးပြုလာကြသည်ကို တွေ့ရှိရသည်ဟု အသံအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။