Skip to main content
ရဲတပ္ၾကပ္ႀကီးတစ္ဦးက ဇနီးျဖစ္သူနဲ ့ေဖာက္ျပန္ေနသူကုိ ေသနတ္နဲ႔ ပစ္သတ္ကာ ထြက္ေျပး 
Ads Block

ရဲတပ္ၾကပ္ႀကီးတစ္ဦးက ဇနီးျဖစ္သူနဲ ့ေဖာက္ျပန္ေနသူကုိ ေသနတ္နဲ႔ ပစ္သတ္ကာ ထြက္ေျပး 

ထုိင္း ရဲတပ္ၾကပ္ႀကီးတစ္ဦးဟာ ဇနီးျဖစ္သူနဲ႔တိတ္တိတ္ပုန္း ဇာတ္လမ္းျဖစ္ေနတယ္လုိ ့ သံသယရွိတဲ့ အမ်ဳိးသားတစ္ဦးကုိ ေသနတ္နဲ ့ပစ္သတ္ကာ ထြက္ေျပးတိမ္းေရွာင္ေနတာေၾကာင့္ ဆမတ္ဆာခြန္ ရဲစခန္းက ၄င္းကုိ အပူတျပင္းလုိက္လံရွာေဖြ ေနေၾကာင္း သိရပါတယ္။ 

ရဲတပ္ၾကပ္ႀကီးတစ္ဦးက ဇနီးျဖစ္သူနဲ ့ေဖာက္ျပန္ေနသူကုိ ေသနတ္နဲ႔ ပစ္သတ္ကာ ထြက္ေျပး 


ေသဆုံးသူ ကာ၀စ္ မန္ခ်ဴကုိ သတ္ျဖတ္သြားသူဟာ ေျမာင္ဆမတ္ဆာခြန္ရဲစခန္းမွာ တာ၀န္က်ေနတဲ့ စီနီယာရဲၾကပ္ႀကီး ပက္ကာပြန္ ဆာမီတာႏြန္ျဖစ္ေၾကာင္း ရဲမွဴးႀကီး ဂ်ီရာ၀ပ္ တန္သာစီ က ေျပာဆုိခဲ့ပါတယ္။ ဧၿပီ ၁၀ ရက္ နံနက္ ၅ နာရီခြဲေလာက္က ရဲစခန္းေရွ ့လမ္းေဘးတစ္ေနရာမွာ ကီ၀ပ္ပစ္သတ္ခံခဲ့ရတာျဖစ္ပါတယ္။ 
ကီ၀ပ္နဲ ့အျခားအမ်ဳိးသားတစ္ဦးတုိ ့ ယင္းေနရာမွာ စကားမ်ားေနတာကုိ ျမင္ေတြ ့ခဲ့ေၾကာင္း၊ ထုိအခ်ိန္မွာ ၄င္းတုိ ့ႏွစ္ဦးကုိ အမ်ဳိးသမီးတစ္ဦးက ၾကား၀င္ဖ်န္ေျဖဖုိ ့ လုပ္ခဲ့ေၾကာင္း ယင္းေနာက္ အဆုိပါအမ်ဳိးသားက ေသနတ္ကုိဆြဲထုတ္ကာ ကီ၀ပ္ကုိ ပစ္ခတ္ ခဲ့ေၾကာင္း အခင္းျဖစ္ရပ္ကုိ မ်က္ျမင္ေတြ ့ခဲ့သူတစ္ဦးက ရဲကုိ ေျပာျပ ခဲ့ပါတယ္။ ကီ၀ပ္ဟာ ေသနတ္နဲ ့ ခုနစ္ခ်က္ပစ္ခံခဲ့ရၿပီး အခင္းျဖစ္ ေနရာမွာတင္ ေသးဆုံးခဲ့ေၾကာင္း သိရပါတယ္။ 
ၾကား၀င္ဖ်န္ေျဖဖုိ ့လုပ္ခဲ့တဲ့ အမ်ဳိးသမီးဟာ ရဲၾကပ္ႀကီး ပက္ကာပြန္ ရဲ ့ ဇနီးျဖစ္ေၾကာင္းနဲ ့ သူ႔ကုိ စစ္ေဆးေမးျမန္းမႈေတြ လုပ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ ့က သတင္းေထာက္ေတြကုိ ရွင္းလင္း ေျပာဆုိခဲ့ပါတယ္။ ေသဆုံးသူ ကီ၀ပ္ဟာ ဆြမ္ခ်ဳိင္း ပင္လယ္စာ ကုမၸဏီမွ ကားဒရုိင္ဘာတစ္ဦးျဖစ္ၿပီး ပက္ကာပြန္ရဲ ့ ဇနီးဟာလည္း ယင္းကုမၸဏီမွာ အလုပ္လုပ္ေနသူလုိ ့ သိရပါတယ္။ ပက္ကာပြန္ဟာ ၿပီးခဲ့တဲ့ တစ္ပတ္ခန္ ့က ဇနီးသည္နဲ ့ ကီ၀ပ္တုိ ့ ေဖ့စ္ဘုတ္ မက္ဆင္ဂ်ာနဲ ့Line အက္ပလီေကးရွင္းေတြကေန ပလီပလာ စကားေတြ ေျပာထားတာကုိ ေတြ ့ခဲ့ဖြယ္ရွိပါတယ္။ ယင္း ေျပာစကား ေတြေၾကာင့္ ဇနီးသည္ဟာ ကီ၀ပ္နဲ ့ ေဖာက္ျပန္ေနတယ္လုိ ့ ပက္ကာပြန္ သံသယ၀င္သြားခဲ့ၿပီး ကီ၀ပ္ကုိ စကားေျပာစရာရွိလုိ႔ ဆုိကာ ရဲစခန္းေရွ ့လာဖုိ ့ ခ်ိန္းဆုိခဲ့ေၾကာင္း သိရပါတယ္။ 
ရဲတပ္ဖြဲ ့က ျပည္နယ္အတြင္းမွ လုံၿခဳံေရး ကင္မရာေတြကုိ စစ္ေဆးေနကာ တိမ္းေရွာင္သြားတဲ့ ရဲၾကပ္ႀကီး ထြက္ေျပးရာ လမ္းေၾကာင္းကုိ သိရွိဖုိ ့ႀကိဳးစားေနေၾကာင္းနဲ ့ ရဲၾကပ္ႀကီးကုိ အဖမ္းခံဖုိ႔ ဖိအားေပးသြားမွာျဖစ္ေၾကာင္း ရဲမွဴးႀကီး ဂ်ီရာ၀ပ္က ေျပာဆုိခဲ့ပါတယ္။ 
၄င္းအေနနဲ ့ ရဲၾကပ္ႀကီးအေပၚ ေဖးမကာကြယ္သြားမွာ မဟုတ္ဘဲ အမႈကုိ ဥပေဒအတုိင္း မွ်မွ်တတေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ဂ်ီရာ၀ပ္က ေျပာဆုိခဲ့ပါတယ္။

- ကိုလင္း (အကုန္သိ သတင္းဌာန) | Ref:The Nation 

Unicode Version

ရဲတပ်ကြပ်ကြီးတစ်ဦးက ဇနီးဖြစ်သူနဲ့ဖောက်ပြန်နေသူကို သေနတ်နဲ့ ပစ်သတ်ကာ ထွက်ပြေး 
ထိုင်း ရဲတပ်ကြပ်ကြီးတစ်ဦးဟာ ဇနီးဖြစ်သူနဲ့တိတ်တိတ်ပုန်း ဇာတ်လမ်းဖြစ်နေတယ်လို့ သံသယရှိတဲ့ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ကာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဆမတ်ဆာခွန် ရဲစခန်းက ၎င်းကို အပူတပြင်းလိုက်လံရှာဖွေ နေကြောင်း သိရပါတယ်။ 
သေဆုံးသူ ကာဝစ် မန်ချူကို သတ်ဖြတ်သွားသူဟာ မြောင်ဆမတ်ဆာခွန်ရဲစခန်းမှာ တာဝန်ကျနေတဲ့ စီနီယာရဲကြပ်ကြီး ပက်ကာပွန် ဆာမီတာနွန်ဖြစ်ကြောင်း ရဲမှူးကြီး ဂျီရာဝပ် တန်သာစီ က ပြောဆိုခဲ့ပါတယ်။ ဧပြီ ၁၀ ရက် နံနက် ၅ နာရီခွဲလောက်က ရဲစခန်းရှေ့လမ်းဘေးတစ်နေရာမှာ ကီဝပ်ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ 
ကီဝပ်နဲ့အခြားအမျိုးသားတစ်ဦးတို့ ယင်းနေရာမှာ စကားများနေတာကို မြင်တွေ့ခဲ့ကြောင်း၊ ထိုအချိန်မှာ ၎င်းတို့နှစ်ဦးကို အမျိုးသမီးတစ်ဦးက ကြားဝင်ဖျန်ဖြေဖို့ လုပ်ခဲ့ကြောင်း ယင်းနောက် အဆိုပါအမျိုးသားက သေနတ်ကိုဆွဲထုတ်ကာ ကီဝပ်ကို ပစ်ခတ် ခဲ့ကြောင်း အခင်းဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ရဲကို ပြောပြ ခဲ့ပါတယ်။ ကီဝပ်ဟာ သေနတ်နဲ့ ခုနစ်ချက်ပစ်ခံခဲ့ရပြီး အခင်းဖြစ် နေရာမှာတင် သေးဆုံးခဲ့ကြောင်း သိရပါတယ်။ 
ကြားဝင်ဖျန်ဖြေဖို့လုပ်ခဲ့တဲ့ အမျိုးသမီးဟာ ရဲကြပ်ကြီး ပက်ကာပွန် ရဲ့ ဇနီးဖြစ်ကြောင်းနဲ့ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ သေဆုံးသူ ကီဝပ်ဟာ ဆွမ်ချိုင်း ပင်လယ်စာ ကုမ္ပဏီမှ ကားဒရိုင်ဘာတစ်ဦးဖြစ်ပြီး ပက်ကာပွန်ရဲ့ ဇနီးဟာလည်း ယင်းကုမ္ပဏီမှာ အလုပ်လုပ်နေသူလို့ သိရပါတယ်။ ပက်ကာပွန်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ဇနီးသည်နဲ့ ကီဝပ်တို့ ဖေ့စ်ဘုတ် မက်ဆင်ဂျာနဲ့Line အက်ပလီကေးရှင်းတွေကနေ ပလီပလာ စကားတွေ ပြောထားတာကို တွေ့ခဲ့ဖွယ်ရှိပါတယ်။ ယင်း ပြောစကား တွေကြောင့် ဇနီးသည်ဟာ ကီဝပ်နဲ့ ဖောက်ပြန်နေတယ်လို့ ပက်ကာပွန် သံသယဝင်သွားခဲ့ပြီး ကီဝပ်ကို စကားပြောစရာရှိလို့ ဆိုကာ ရဲစခန်းရှေ့လာဖို့ ချိန်းဆိုခဲ့ကြောင်း သိရပါတယ်။ 
ရဲတပ်ဖွဲ့က ပြည်နယ်အတွင်းမှ လုံခြုံရေး ကင်မရာတွေကို စစ်ဆေးနေကာ တိမ်းရှောင်သွားတဲ့ ရဲကြပ်ကြီး ထွက်ပြေးရာ လမ်းကြောင်းကို သိရှိဖို့ကြိုးစားနေကြောင်းနဲ့ ရဲကြပ်ကြီးကို အဖမ်းခံဖို့ ဖိအားပေးသွားမှာဖြစ်ကြောင်း ရဲမှူးကြီး ဂျီရာဝပ်က ပြောဆိုခဲ့ပါတယ်။ 
၎င်းအနေနဲ့ ရဲကြပ်ကြီးအပေါ် ဖေးမကာကွယ်သွားမှာ မဟုတ်ဘဲ အမှုကို ဥပဒေအတိုင်း မျှမျှတတဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဂျီရာဝပ်က ပြောဆိုခဲ့ပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref:The Nation 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။