Skip to main content
စီးပြားေရး တြက္ေျခမကိုက္၍ မ႑ပ္ေဆာက္လုပ္မႈ နည္းပါးဟုဆို
Ads Block

စီးပြားေရး တြက္ေျခမကိုက္၍ မ႑ပ္ေဆာက္လုပ္မႈ နည္းပါးဟုဆို

ၾသကၤန္မ႑ပ္မ်ား ျပန္လည္ေဆာက္လုပ္ခြင့္ျပဳထားေသာ္လည္း စီးပြားေရးအရ တြက္ေျခမကိုက္သည့္အတြက္ မ႑ပ္ေဆာက္လုပ္မႈနည္းပါးျခင္းျဖစ္ေၾကာင္း အမွတ္ (၂) ယာဥ္ထိန္းတပ္ဖြဲ႕ခြဲမွဴး႐ုံးမွ သိရသည္။
ၾသကၤန္မ႑ပ္ေဆာက္လုပ္ရန္ ေလွ်ာက္လႊာ ၁၀၃ ေစာင္ထုတ္ယူထားေသာ္လည္း ၃၆ ေစာင္သာ လာေရာက္ေလွ်ာက္ထားခဲ့ ေၾကာင္း သိရသည္။ 
ယခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ခြင့္ျပဳထားသည့္ မ႑ပ္စာရင္းမွာ မ႑ပ္အႀကီး ၁၄ ခု၊ မ႑ပ္အ လတ္ ၁၃ ခု၊ လမ္းေလွ်ာက္ၾသကၤန္ ၅ ခု၊ ႐ိုးရာၾသကၤန္ ၁ ခု စုစုေပါင္း ၃၃ ခုခြင့္ျပဳထားေၾကာင္း သိရသည္။
“မ႑ပ္ေတြက ေဆာက္ခြင့္ျပဳထားတာပဲ။ ေဝဇယႏၲာလမ္းဆိုရင္ ခြင့္ျပဳထားတာ။ သူတို႔ဘာသာ မေဆာက္ၾကတာ။ စီးပြားျဖစ္ မ႑ပ္ေတြေတာ့ လုံးဝေဆာက္ခြင့္မေပးထားဘူး။ တစ္ခ်ိဳ႕က်ေတာ့ စီးပြားျဖစ္မ႑ပ္ေတြေဆာက္ၾကတာ။ ဒါေၾကာင့္ ဒီႏွစ္မွာ မ႑ပ္ေတြေတာ့ ခြင့္ျပဳထားတယ္။ တစ္ခ်ိဳ႕ကေတာ့ စီးပြားေရး တြက္ေျခမကိုက္လို႔ မေဆာက္ၾကဘူး” ဟု အမွတ္ (၂) ယာဥ္ ထိန္းတပ္ဖြဲ႕ခြဲမႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ၾသကၤန္ပြဲေတာ္ကာလတြင္ သတ္မွတ္ခ်က္ကို ေက်ာ္လြန္၍ ေဆာက္ထားသည့္ မ႑ပ္သုံးခုကို အေရးယူ ေဆာင္႐ြက္ခဲ့ဖူးေၾကာင္း သိရသည္။ 
စီးပြားျဖစ္မ႑ပ္ေဆာက္လုပ္ျခင္းကို ၂၀၁၇ ခုႏွစ္မွစ၍ ခြင့္မျပဳခဲ့ေသာေၾကာင့္ မ႑ပ္ေဆာက္လုပ္မႈမွာ ယခင္ႏွစ္မ်ားထက္ ပိုမို နည္းပါးသြားေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

စီးပွားရေး တွက်ခြေမကိုက်၍ မဏ္ဍပ်ဆောက်လုပ်မှု နည်းပါးဟုဆို

သြင်္ကန်မဏ္ဍပ်များ ပြန်လည်ဆောက်လုပ်ခွင့်ပြုထားသော်လည်း စီးပွားရေးအရ တွက်ခြေမကိုက်သည့်အတွက် မဏ္ဍပ်ဆောက်လုပ်မှုနည်းပါးခြင်းဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
သြင်္ကန်မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်လွှာ ၁၀၃ စောင်ထုတ်ယူထားသော်လည်း ၃၆ စောင်သာ လာရောက်လျှောက်ထားခဲ့ ကြောင်း သိရသည်။ 
ယခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုထားသည့် မဏ္ဍပ်စာရင်းမှာ မဏ္ဍပ်အကြီး ၁၄ ခု၊ မဏ္ဍပ်အ လတ် ၁၃ ခု၊ လမ်းလျှောက်သြင်္ကန် ၅ ခု၊ ရိုးရာသြင်္ကန် ၁ ခု စုစုပေါင်း ၃၃ ခုခွင့်ပြုထားကြောင်း သိရသည်။
“မဏ္ဍပ်တွေက ဆောက်ခွင့်ပြုထားတာပဲ။ ဝေဇယန္တာလမ်းဆိုရင် ခွင့်ပြုထားတာ။ သူတို့ဘာသာ မဆောက်ကြတာ။ စီးပွားဖြစ် မဏ္ဍပ်တွေတော့ လုံးဝဆောက်ခွင့်မပေးထားဘူး။ တစ်ချို့ကျတော့ စီးပွားဖြစ်မဏ္ဍပ်တွေဆောက်ကြတာ။ ဒါကြောင့် ဒီနှစ်မှာ မဏ္ဍပ်တွေတော့ ခွင့်ပြုထားတယ်။ တစ်ချို့ကတော့ စီးပွားရေး တွက်ခြေမကိုက်လို့ မဆောက်ကြဘူး” ဟု အမှတ် (၂) ယာဉ် ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်သြင်္ကန်ပွဲတော်ကာလတွင် သတ်မှတ်ချက်ကို ကျော်လွန်၍ ဆောက်ထားသည့် မဏ္ဍပ်သုံးခုကို အရေးယူ ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။ 
စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်ခြင်းကို ၂၀၁၇ ခုနှစ်မှစ၍ ခွင့်မပြုခဲ့သောကြောင့် မဏ္ဍပ်ဆောက်လုပ်မှုမှာ ယခင်နှစ်များထက် ပိုမို နည်းပါးသွားကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။