Skip to main content
ဆီးခ်ဳိေသြးခ်ဳိေ၀ဒနာသည္မ်ား ပူျပင္းသည့္ေနေရာင္ေအာက္တြင္အလုပ္လုပ္ျခင္း ေရွာင္ၾကဥ္ရမည္
Ads Block

ဆီးခ်ဳိေသြးခ်ဳိေ၀ဒနာသည္မ်ား ပူျပင္းသည့္ေနေရာင္ေအာက္တြင္အလုပ္လုပ္ျခင္း ေရွာင္ၾကဥ္ရမည္

ဆီးခ်ဳိေသြးခ်ဳိေ၀ဒနာသည္မ်ား နံနက္ ၁၀ နာရီမွ ညေန ၅ နာရီအထိပူျပင္းသည့္ေနေရာင္ေအာက္တြင္ အလုပ္လုပ္ျခင္းမ်ားကုိေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္း ဆီးခ်ဳိႏွင့္ေဟာ္မုန္းေရာဂါအထူးကုဌာန ေဆးတကၠသုိလ္၂ မွ ပါေမာကၡဦးကုိကုိက ေျပာသည္။
ဧၿပီလအတြင္းဆီးခ်ဳိေသြးခ်ဳိေ၀ဒနာသည္မ်ားေဆာင္ရန္ေရွာင္ရန္ အစီအစဥ္မ်ားကုိေျပာၾကားရာတြင္ ယခုကဲ့သို႔ ထည့္သြင္းေျပာျခင္းျဖစ္သည္။ 
“ အထူးသျဖင့္ဆီးခ်ဳိေသြးခ်ဳိအသက္ႀကီး ေ၀ဒနာရွင္ေတြဟာ ပူျပင္းလွတဲ့ေနေရာင္ေအာက္မွာ ၁၀ နာရီကေန ၅ နာရီအထိ အၾကာႀကီးအလုပ္လုပ္ျခင္းေတြကုိေရွာင္ၾကဥ္ဖုိ႔လုိအပ္ပါတယ္။ အားကစားလုပ္မယ္ဆုိလည္း မနက္ပုိင္း ၅ နာရီကေန ၁၀ နာရီၾကားကုိပဲေရြးခ်ယ္ၿပီးလုပ္ဖုိ႔လုိပါလိမ့္မယ္။ ဘာလုိ႔လဲဆုိေတာ့ ကြ်န္ေတာ္တုိ႔က ဆီးခ်ဳိေသြးခ်ဳိေ၀ဒနာသည္ေတြကုိေလ့က်င့္ခန္းလုပ္ပါလုိ႔တုိက္တြန္းထားတဲ့အခါမွာ ေန႔လယ္ေန႔ခင္းေတြမွာ ေလ့က်င့္ခန္းလုပ္တာေတာ့မတုိက္တြန္းလုိပါဘူး။ လက္မခံပါဘူး။ အဲဒါေၾကာင့္ေအးတဲ့အခ်ိန္ေတြမွာပဲ လုပ္ဖုိ႔လုိအပ္ပါလိမ့္မယ္” ဟု ဆီးခ်ဳိႏွင့္ေဟာ္မုန္းေရာဂါအထူးကုဌာန ေဆးတကၠသုိလ္၂ မွ ပါေမာကၡဦးကုိကုိက ေျပာသည္။
ခႏၶာကုိယ္ထဲတြင္ သၾကားဓါတ္ေလ်ာ့ခ်ေပးသည့္ လုပ္ငန္းစဥ္တစ္ခုအားနည္းသြားပါက ဆီးခ်ဳိေရာဂါ စတင္ျဖစ္ပြားၿပီး ဆီးခ်ဳိေရာဂါလကၡဏမ်ားမွာ ေသြးအတြင္းအခ်ဳိဓါတ္မ်ားလြန္ျခင္း၊ အျမင္အာရုံေ၀၀ါးျခင္း၊ ေခါင္းမူးလြန္ျခင္း၊ အာရုံစုိက္၍မရျခင္းတုိ႔ျဖစ္ေပၚကာေနာက္ဆက္တြဲေရာဂါမ်ားအေနျဖင့္ နွလုံးေရာဂါ ျဖစ္ပြားျခင္း၊ အျမင္အာရုံထိခုိက္ျခင္း၊ေက်ာက္ကပ္ထိခုိက္ျခင္း၊ ခႏၶာကုိယ္ေျခလက္မ်ားထုံက်င္ကာ အစိတ္အပုိင္းမ်ားထိခုိက္လာျခင္းတုိ႔ ျဖစ္ပြားႏုိင္ေၾကာင္းသိရသည္။
ကမၻာ႔က်န္းမာေရးအဖြဲ႔၏ စာရင္းအခ်က္အလက္အရ ကမၻာေပၚတြင္ ဆီးခ်ဳိေရာဂါခံစားေနရသူ ၄၂၂ သန္း ရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ဆီးချိုသွေးချိုဝေဒနာသည်များ ပူပြင်းသည့်နေရောင်အောက်တွင်အလုပ်လုပ်ခြင်း ရှောင်ကြဉ်ရမည်

ဆီးချိုသွေးချိုဝေဒနာသည်များ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိပူပြင်းသည့်နေရောင်အောက်တွင် အလုပ်လုပ်ခြင်းများကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ဆီးချိုနှင့်ဟော်မုန်းရောဂါအထူးကုဌာန ဆေးတက္ကသိုလ်၂ မှ ပါမောက္ခဦးကိုကိုက ပြောသည်။
ဧပြီလအတွင်းဆီးချိုသွေးချိုဝေဒနာသည်များဆောင်ရန်ရှောင်ရန် အစီအစဉ်များကိုပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောခြင်းဖြစ်သည်။ 
“ အထူးသဖြင့်ဆီးချိုသွေးချိုအသက်ကြီး ဝေဒနာရှင်တွေဟာ ပူပြင်းလှတဲ့နေရောင်အောက်မှာ ၁၀ နာရီကနေ ၅ နာရီအထိ အကြာကြီးအလုပ်လုပ်ခြင်းတွေကိုရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ အားကစားလုပ်မယ်ဆိုလည်း မနက်ပိုင်း ၅ နာရီကနေ ၁၀ နာရီကြားကိုပဲရွေးချယ်ပြီးလုပ်ဖို့လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဆီးချိုသွေးချိုဝေဒနာသည်တွေကိုလေ့ကျင့်ခန်းလုပ်ပါလို့တိုက်တွန်းထားတဲ့အခါမှာ နေ့လယ်နေ့ခင်းတွေမှာ လေ့ကျင့်ခန်းလုပ်တာတော့မတိုက်တွန်းလိုပါဘူး။ လက်မခံပါဘူး။ အဲဒါကြောင့်အေးတဲ့အချိန်တွေမှာပဲ လုပ်ဖို့လိုအပ်ပါလိမ့်မယ်” ဟု ဆီးချိုနှင့်ဟော်မုန်းရောဂါအထူးကုဌာန ဆေးတက္ကသိုလ်၂ မှ ပါမောက္ခဦးကိုကိုက ပြောသည်။
ခန္ဓာကိုယ်ထဲတွင် သကြားဓါတ်လျော့ချပေးသည့် လုပ်ငန်းစဉ်တစ်ခုအားနည်းသွားပါက ဆီးချိုရောဂါ စတင်ဖြစ်ပွားပြီး ဆီးချိုရောဂါလက္ခဏများမှာ သွေးအတွင်းအချိုဓါတ်များလွန်ခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ ခေါင်းမူးလွန်ခြင်း၊ အာရုံစိုက်၍မရခြင်းတို့ဖြစ်ပေါ်ကာနောက်ဆက်တွဲရောဂါများအနေဖြင့် နှလုံးရောဂါ ဖြစ်ပွားခြင်း၊ အမြင်အာရုံထိခိုက်ခြင်း၊ကျောက်ကပ်ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ခြေလက်များထုံကျင်ကာ အစိတ်အပိုင်းများထိခိုက်လာခြင်းတို့ ဖြစ်ပွားနိုင်ကြောင်းသိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းအချက်အလက်အရ ကမ္ဘာပေါ်တွင် ဆီးချိုရောဂါခံစားနေရသူ ၄၂၂ သန်း ရှိကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။