Skip to main content
“ အတူလုပ္မယ္ဆုိတာမရွိဘူး။ ေတာင္းပဲေတာင္းေနတယ္” ဟု ရန္ကုန္ၿမိဳ႕ေတာ္၀န္ ေျပာ 
Ads Block

“ အတူလုပ္မယ္ဆုိတာမရွိဘူး။ ေတာင္းပဲေတာင္းေနတယ္” ဟု ရန္ကုန္ၿမိဳ႕ေတာ္၀န္ ေျပာ 

လူအခ်ိဳ႕မွာ ပူးေပါင္းေဆာင္ရြက္ျခင္းမရွိဘဲ ေတာင္းဖို႔သာသိၾကျခင္းသည္ ျပည္သူ႔နီတိႏွင့္ ဆန္႔က်င္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးက ေျပာလုိက္သည္။ 
ဧၿပီလပထမပတ္ေက်ာ္တြင္က်င္းပေသာ ျပည္သူ႔နီတိစကား၀ုိင္း အခမ္းအနားအမွာစကားေျပာၾကားရာတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္း ျဖစ္သည္။ 
“ ေတာင္းဖုိ႔ေလာက္ပဲသိတဲ့ကိစၥေပါ့။ တစ္ခါတစ္ေလက်လုိ႔ရွိရင္ ဘယ္ေတာ့လုပ္ေပးမွာလဲ။ မလုပ္ေပးႏုိင္ရင္ ဘာေၾကာင့္လဲ။ ဘယ္အခ်ိန္မွာလုပ္ေပးမွာလဲ။ ဒါပဲေျပာတယ္ဆုိေတာ့ ဒီဟာပဲၾကည့္တယ္။ အဲဒီေတာ့ ဘယ္လုိပူးေပါင္းေဆာင္ရြက္မယ္။ ဘယ္လုိအတူရုန္းၾကမယ္။ အတူလုပ္မယ္ဆုိတာမရွိဘူး။ ေတာင္းပဲေတာင္းေနတယ္။ဒါဟာ ျပည္သူ႔နီတိနဲ႔ဆုိရင္နည္းနည္းဆန္႔က်င္တဲ့အတြက္ေၾကာင့္ အဲဒီတစ္ခုကုိလည္း ကြ်န္ေတာ္တုိ႔ကၿဖိဳရမယ္’’ ဟု ရန္ကုန္ၿမဳိ ႔ေတာ္၀န္ ဦးေမာင္ေမာင္စုိးက ေျပာသည္။
ရန္ကုန္ၿမဳိ႔ေတာ္၀န္ ဦးေမာင္ေမာင္စုိးသည္ ယခင္ေက်ာင္းဆရာတစ္ဦးလည္းျဖစ္ခဲ့ၿပီး ၄င္းသည္ ရန္ကုန္ၿမိဳ႕ေတာ္၀န္အျဖစ္ တာ၀န္ထမ္းေဆာင္ရာတြင္ ျပည္သူ႔ကခုိင္းေစသည္ျဖစ္၍ ၄င္းတုိ႔သည္ ျပည္သူ႔ကြ်န္မ်ားျဖစ္ကာ ျပည္သူမွာအရွင္သခင္ျဖစ္ေၾကာင္းေျပာၾကားခဲ့သူတစ္ဦးလည္းျဖစ္သည္။
“အဲဒီမွာ ေတာင္းလုိ႔မရရင္တြန္းေတာ့တာပဲ။ တြန္းေတာ့တာေပါ့။သုိ႔ေသာ္လည္း စာေတြ၊ ကဗ်ာေတြထဲမွာပါတာ ၿပိဳင္တူတြန္းလွ်င္ေရြ႔ႏုိင္ပါသည္ဆုိေတာ့ အဲဒီစကားဟာေတာ္ေတာ္ေကာင္းေပမဲ့ အခ်င္းခ်င္းတြန္းတဲ့ ျပႆနာကေတာ့ ေတာ္ေတာ္ဆုိးတဲ့ျပႆနာဗ်။ အခုကၿပိဳင္တူမတြန္းဘဲ အခ်င္းခ်င္းတြန္းတဲ့ျပႆနာဆုိေတာ့ အဲဒါကုိ ကုစားဖုိ႔ကလည္းျပည္သူ႔နီတိပဲရွိပါတယ္’’ ဟု ၿမဳိ႔ေတာ္၀န္ ဦးေမာင္ေမာင္စုိးက ထပ္မံေျပာသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

“ အတူလုပ်မယ်ဆိုတာမရှိဘူး။ တောင်းပဲတောင်းနေတယ်” ဟု ရန်ကုန်မြို့တော်ဝန် ပြော 

လူအချို့မှာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ တောင်းဖို့သာသိကြခြင်းသည် ပြည်သူ့နီတိနှင့် ဆန့်ကျင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောလိုက်သည်။ 
ဧပြီလပထမပတ်ကျော်တွင်ကျင်းပသော ပြည်သူ့နီတိစကားဝိုင်း အခမ်းအနားအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။ 
“ တောင်းဖို့လောက်ပဲသိတဲ့ကိစ္စပေါ့။ တစ်ခါတစ်လေကျလို့ရှိရင် ဘယ်တော့လုပ်ပေးမှာလဲ။ မလုပ်ပေးနိုင်ရင် ဘာကြောင့်လဲ။ ဘယ်အချိန်မှာလုပ်ပေးမှာလဲ။ ဒါပဲပြောတယ်ဆိုတော့ ဒီဟာပဲကြည့်တယ်။ အဲဒီတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်။ ဘယ်လိုအတူရုန်းကြမယ်။ အတူလုပ်မယ်ဆိုတာမရှိဘူး။ တောင်းပဲတောင်းနေတယ်။ဒါဟာ ပြည်သူ့နီတိနဲ့ဆိုရင်နည်းနည်းဆန့်ကျင်တဲ့အတွက်ကြောင့် အဲဒီတစ်ခုကိုလည်း ကျွန်တော်တို့ကဖြိုရမယ်’’ ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးသည် ယခင်ကျောင်းဆရာတစ်ဦးလည်းဖြစ်ခဲ့ပြီး ၎င်းသည် ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ရာတွင် ပြည်သူ့ကခိုင်းစေသည်ဖြစ်၍ ၎င်းတို့သည် ပြည်သူ့ကျွန်များဖြစ်ကာ ပြည်သူမှာအရှင်သခင်ဖြစ်ကြောင်းပြောကြားခဲ့သူတစ်ဦးလည်းဖြစ်သည်။
“အဲဒီမှာ တောင်းလို့မရရင်တွန်းတော့တာပဲ။ တွန်းတော့တာပေါ့။သို့သော်လည်း စာတွေ၊ ကဗျာတွေထဲမှာပါတာ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်ဆိုတော့ အဲဒီစကားဟာတော်တော်ကောင်းပေမဲ့ အချင်းချင်းတွန်းတဲ့ ပြဿနာကတော့ တော်တော်ဆိုးတဲ့ပြဿနာဗျ။ အခုကပြိုင်တူမတွန်းဘဲ အချင်းချင်းတွန်းတဲ့ပြဿနာဆိုတော့ အဲဒါကို ကုစားဖို့ကလည်းပြည်သူ့နီတိပဲရှိပါတယ်’’ ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ထပ်မံပြောသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။