Skip to main content
Ads Block

ရခိုင္အေရးႏွင့္ပတ္သက္ၿပီး တရုတ္ႏုိင္ငံ၏ မိတ္ေဆြေကာင္းပီသစြာရပ္တည္ေပးမႈမ်ားအတြက္ ေက်းဇူးတင္ေၾကာင္း ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေျပာ 

ရခိုင္အေရးႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာအလယ္တြင္ တရုတ္ႏုိင္ငံ၏ မိတ္ေဆြေကာင္းပီသစြာ ရပ္တည္ေပးမႈမ်ားအတြက္ ေက်းဇူးတင္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာလုိက္သည္။ 
ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ တရုတ္ျပည္သူ႔သမၼတႏုိင္ငံသုိ႔ေရာက္ရွိေနခ်ိန္ ဧၿပီလ ၉ ရက္က ယခုကဲ့သို႔ ေျပာျခင္း ျဖစ္သည္။ 
“ ျမန္မာႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ မိမိတုိ႔အေနျဖင့္ အစြမ္းကုန္ႀကိဳးစားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံ၏ အေျခအေနအရပ္ရပ္အေပၚ တ႐ုတ္ႏုိင္ငံ၏ မွန္မွန္ကန္ကန္ရပ္တည္မႈမ်ားႏွင့္ ရခုိင္ျပည္နယ္အေရးႏွင့္ ပတ္သက္ၿပီး ႏုိင္ငံတကာအလယ္တြင္ မိတ္ေဆြေကာင္းပီသစြာရပ္တည္ေပးမႈမ်ားအတြက္လည္းေက်းဇူးတင္ရွိေၾကာင္း” ဟု တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာသည္။ 
ထို႔အျပင္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏုိင္ငံသည္ ေရွးယခင္ကတည္းက ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးရွိခဲ့ၿပီး တ႐ုတ္ႏုိင္ငံအား ျမန္မာႏုိင္ငံ၏ ထာ၀ရမိတ္ေဆြ၊ မဟာဗ်ဴဟာမိတ္ဘက္ႏုိင္ငံအျဖစ္သတ္မွတ္ထားေၾကာင္း ၄င္းက ထည့္သြင္းေျပာၾကားထားသည္။ 
“ ျမန္မာႏုိင္ငံေျမာက္ပုိင္းနယ္စပ္ေဒသလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးသည္ ႏွစ္ႏုိင္ငံလုံးအတြက္ အေရးႀကီးေၾကာင္း၊ ႏွစ္ႏုိင္ငံဆက္ဆံေရးကုိထိခုိက္ေစမည့္ မည္သည့္အဖြဲ႕အစည္း၏လုပ္ေဆာင္ခ်က္ ကုိမဆုိလက္ခံမည္မဟုတ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား လုံၿခဳံေရးဆုိင္ရာသတင္းအခ်က္အလက္မ်ား အျပန္အလွန္ေထာက္ကူမႈျပဳလုပ္ၿပီးပူးေပါင္းေဆာင္ရြက္မႈမ်ားနက္႐ႈိင္းစြာလုပ္ေဆာင္ရန္လုိအပ္ေၾကာင္း” ဟု တရုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္အဖြဲ႔ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးခ်ဳပ္  Gen. Li Zuocheng က ေျပာသည္။ 
လက္ရွိ ျမန္မာႏိုင္ငံ၊ ရခုိင္ျပည္နယ္တြင္ျဖစ္ပြားေနသည့္ ဘဂၤါလီအေရးႏွင့္ပတ္သက္ၿပီး လူမ်ိဳးတံုးသတ္ျဖတ္မႈမ်ားရွိသည္ဟု ႏိုင္ငံတကာမွ စြပ္စြဲေျပာဆိုမႈမ်ား ရွိေနသည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ရခိုင်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်းပီသစွာရပ်တည်ပေးမှုများအတွက် ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော 

ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာအလယ်တွင် တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်သည်။ 
ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေချိန် ဧပြီလ ၉ ရက်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။ 
“ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့အနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်အပေါ် တရုတ်နိုင်ငံ၏ မှန်မှန်ကန်ကန်ရပ်တည်မှုများနှင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအလယ်တွင် မိတ်ဆွေကောင်းပီသစွာရပ်တည်ပေးမှုများအတွက်လည်းကျေးဇူးတင်ရှိကြောင်း” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ 
ထို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိခဲ့ပြီး တရုတ်နိုင်ငံအား မြန်မာနိုင်ငံ၏ ထာဝရမိတ်ဆွေ၊ မဟာဗျူဟာမိတ်ဘက်နိုင်ငံအဖြစ်သတ်မှတ်ထားကြောင်း ၎င်းက ထည့်သွင်းပြောကြားထားသည်။ 
“ မြန်မာနိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေမည့် မည်သည့်အဖွဲ့အစည်း၏လုပ်ဆောင်ချက် ကိုမဆိုလက်ခံမည်မဟုတ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ အပြန်အလှန်ထောက်ကူမှုပြုလုပ်ပြီးပူးပေါင်းဆောင်ရွက်မှုများနက်ရှိုင်းစွာလုပ်ဆောင်ရန်လိုအပ်ကြောင်း” ဟု တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်အဖွဲ့ ပူးတွဲစစ်ဦးစီးဌာနစစ်ဦးချုပ်  Gen. Li Zuocheng က ပြောသည်။ 
လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုများရှိသည်ဟု နိုင်ငံတကာမှ စွပ်စွဲပြောဆိုမှုများ ရှိနေသည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။