Skip to main content
သန္လ်င္ၿမိဳ႕နယ္ရွိ အမႈိက္ပုံတြင္ က်ည္ ၅၅ ေတာင့္၊ က်ည္အိမ္ ၁ ခုႏွင့္ က်ည္ကပ္ ၅ ခုတို႔ေတြ႕ရွိ
Ads Block

သန္လ်င္ၿမိဳ႕နယ္ရွိ အမႈိက္ပုံတြင္ က်ည္ ၅၅ ေတာင့္၊ က်ည္အိမ္ ၁ ခုႏွင့္ က်ည္ကပ္ ၅ ခုတို႔ေတြ႕ရွိ

သန္လ်င္ၿမိဳ႕နယ္ရွိ 7 Star ဟိုတယ္ေရွ႕အမႈိက္ပုံတြင္ က်ည္ ၅၅ ေတာင့္၊ က်ည္အိမ္ ၁ ခုႏွင့္ က်ည္ကပ္ ၅ ခု ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ ေအးသာယာရပ္ကြက္ 7 Star ဟိုတယ္ေရွ႕ ဖြံ႕ၿဖိဳးေရး လမ္းမႀကီးေဘးအမႈိက္ပုံ၌ ဧၿပီလ ၉ ရက္၊ ေန႔လယ္ ၃ နာရီခန္႔က ေမာင္ျပည့္ၿဖိဳးေမာင္၊ (၁၄) ႏွစ္၊ ေအးသစၥာ ရပ္ကြက္ေနသူသည္ စြန႔္ပစ္ပစၥည္းမ်ား ေကာက္ယူေနစဥ္ ပလတ္စတစ္အိတ္ျဖင့္ထည့္လ်က္ က်ည္ ၅၅ ေတာင့္ (ပစၥတို ၅၊ ကာ ဘိုင္ ၅၀)(ေကာင္း) ႏွင့္ပစၥတိုက်ည္အိမ္ ၁ ခု၊ က်ည္ကပ္ ၅ ခု(ေကာင္း)တို႔ကို ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းတို႔ကို ခလရ (၁၄၆) မွ ဗိုလ္ႀကီးေအာင္ေဝၿဖိဳး၊ သန္လ်င္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္တင္လင္းေအာင္ ဦးစီး ပူးေပါင္းအဖြဲ႕မွ သြားေရာက္စစ္ေဆးၿပီး သန္လ်င္ၿမိဳ႕မရဲစခန္း၌ သိမ္းဆည္းကာ အမွတ္ (၁) စစ္လက္နက္ပစၥည္း တပ္ရင္း(အင္းတိုင္)လွည္းကူးၿမိဳ႕သို႔အပ္ႏွံရန္ စီစဥ္ထားရွိေၾကာင္းသိရသည္။
- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန) | ဓာတ္ပုံ-ျပည္ထဲေရး

Unicode version

သန်လျင်မြို့နယ်ရှိ အမှိုက်ပုံတွင် ကျည် ၅၅ တောင့်၊ ကျည်အိမ် ၁ ခုနှင့် ကျည်ကပ် ၅ ခုတို့တွေ့ရှိ

သန်လျင်မြို့နယ်ရှိ 7 Star ဟိုတယ်ရှေ့အမှိုက်ပုံတွင် ကျည် ၅၅ တောင့်၊ ကျည်အိမ် ၁ ခုနှင့် ကျည်ကပ် ၅ ခု တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက် 7 Star ဟိုတယ်ရှေ့ ဖွံ့ဖြိုးရေး လမ်းမကြီးဘေးအမှိုက်ပုံ၌ ဧပြီလ ၉ ရက်၊ နေ့လယ် ၃ နာရီခန့်က မောင်ပြည့်ဖြိုးမောင်၊ (၁၄) နှစ်၊ အေးသစ္စာ ရပ်ကွက်နေသူသည် စွန့်ပစ်ပစ္စည်းများ ကောက်ယူနေစဉ် ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် ကျည် ၅၅ တောင့် (ပစ္စတို ၅၊ ကာ ဘိုင် ၅၀)(ကောင်း) နှင့်ပစ္စတိုကျည်အိမ် ၁ ခု၊ ကျည်ကပ် ၅ ခု(ကောင်း)တို့ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတို့ကို ခလရ (၁၄၆) မှ ဗိုလ်ကြီးအောင်ဝေဖြိုး၊ သန်လျင်မြို့မရဲစခန်းမှ ရဲအုပ်တင်လင်းအောင် ဦးစီး ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးပြီး သန်လျင်မြို့မရဲစခန်း၌ သိမ်းဆည်းကာ အမှတ် (၁) စစ်လက်နက်ပစ္စည်း တပ်ရင်း(အင်းတိုင်)လှည်းကူးမြို့သို့အပ်နှံရန် စီစဉ်ထားရှိကြောင်းသိရသည်။
- နိုင်မင်းလွင်(အကုန်သိသတင်းဌာန) | ဓာတ်ပုံ-ပြည်ထဲရေး

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။