Skip to main content
တစ္ဖက္ႏုိင္ငံသို႔ တရားမ၀င္သြားေရာက္မည့္ ဘဂၤါလီ(၁၄) ဦးႏွင့္ပို႔ေဆာင္သူႏွစ္ဦးတို႔ကို ထိုင္း-ျမန္မာနယ္စပ္၌ ဖမ္းမိ
Ads Block

တစ္ဖက္ႏုိင္ငံသို႔ တရားမ၀င္သြားေရာက္မည့္ ဘဂၤါလီ(၁၄) ဦးႏွင့္ပို႔ေဆာင္သူႏွစ္ဦးတို႔ကို ထိုင္း-ျမန္မာနယ္စပ္၌ ဖမ္းမိ

ထိုင္းႏိုင္ငံသို႔ သြားေရာက္ရန္အတြက္ အေထာက္အထားမဲ့ျဖင့္ ခိုး၀င္ေရာက္ရွိလာသည့္ ဘဂၤါလီ ၁၄ ဦးအျပင္ ပို႔ေဆာင္သူ ႏွစ္ဦးတို႔ကို ျမ၀တီၿမိဳ႕၊ ထိုင္း-ျမန္မာနယ္စပ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သတင္းရရွိသည္။
ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕ရွိ ထိုင္း-ျမန္မာနယ္စပ္၌ ယေန႔(ဧၿပီလ ၉ ရက္)၊ နံနက္ပိုင္းတြင္ လံုၿခံဳေရးတပ္ဖြဲ႔၀င္မ်ားသည္ နယ္စပ္လံုၿခံဳေရးေဆာင္ရြက္ေနစဥ္ အေထာက္အထားမဲ့ျဖင့္ခိုး၀င္လာသည့္ ဘဂၤါလီက်ား(၃)ဦး၊ မ(၇)ဦးႏွင့္ ကေလး(၄)ဦး စုစုေပါင္း (၁၄)ဦးကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ျမ၀တီၿမိဳ႕ရဲတပ္ဖြဲ႔ထံမွ သိရသည္။

တစ္ဖက္ႏုိင္ငံသို႔ တရားမ၀င္သြားေရာက္မည့္ ဘဂၤါလီ(၁၄) ဦးႏွင့္ပို႔ေဆာင္သူႏွစ္ဦးတို႔ကို ထိုင္း-ျမန္မာနယ္စပ္၌ ဖမ္းမိ

ဖမ္းဆီးရမိထားသည့္ ဘဂၤါလီမ်ားသည္တစ္ဦးလွ်င္ ဘတ္ေငြ(၅၀၀)ျဖင့္ ထိုင္းႏုိင္ငံသို႔သြားေရာက္ရန္ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕မွတစ္ဆင့္ ဘဂၤလားေဒ့(႐ွ္)ဒုကၡသည္စခန္းမ်ားျဖစ္ေသာ တန္ခါလီဇန္တူလီစခန္းႏွင့္႐ွန္ဘူလာဒုကၡသည္စခန္းတို႔မွ ေရာက္ရွိလာစဥ္ ယခုလိုဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။
ထို႔ျပင္၎တို႔ကို တစ္ဖက္ႏုိင္ငံရွိမဲေဆာက္ၿမိဳ႕မွာလာေရာက္ႀကိိဳသူ အာမင္(ခ)ေမာင္ေမာင္၊ ေမာင္းေတာၿမိဳ႕ေနသူႏွင့္ ဆလီမာ(ခ)ျဖဴျဖဴ၀င္း၊ ဘားအံၿမိဳ႕ေနသူတို႔ လင္မယားႏွစ္ဦးကိုလည္းဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။၎တို႔လင္မယားသည္ ခိုး၀င္ေရာက္ရွိလာေသာဘဂၤါလီမ်ားကို တစ္ဖက္ႏုိင္ငံသို႔ ကူးတို႔ျဖင့္ကမ္းကူးပို႔ေဆာင္ျခင္းတာ၀န္ကို အဓိကေဆာင္ရြက္ေပးထားသူမ်ားျဖစ္ေၾကာင္းလည္း စစ္ေဆးသိရွိရသည္။

တစ္ဖက္ႏုိင္ငံသို႔ တရားမ၀င္သြားေရာက္မည့္ ဘဂၤါလီ(၁၄) ဦးႏွင့္ပို႔ေဆာင္သူႏွစ္ဦးတို႔ကို ထိုင္း-ျမန္မာနယ္စပ္၌ ဖမ္းမိ

ယင္းအတြက္ေၾကာင့္ ဖမ္းဆီးရမိသူ အာမင္(ခ)ေမာင္ေမာင္ႏွင့္ဆလီမာ(ခ)ျဖဴျဖဴ၀င္းတို႔ လင္မယားပါ ဘဂၤါလီ(၁၆)ဦးကို ျမ၀တီၿမိဳ႕၊ လူ၀င္မႈႀကီးၾကပ္ေရးဦးစီးဌာနက စစ္ေဆးလ်က္ရွိေၾကာင္းႏွင့္ ယခုႏွစ္ဧၿပီလအတြင္း အေထာက္အထားမဲ့ေရာက္ရွိလာသည့္ ဘဂၤါလီမ်ားဖမ္းဆီးရမိမႈမွာ ၃ ႀကိမ္ရွိၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

 - ကိုကိုႀကီး(ျမ၀တီ) အကုန္သိသတင္းဌာန

Unicode version

တစ်ဖက်နိုင်ငံသို့ တရားမဝင်သွားရောက်မည့် ဘင်္ဂါလီ(၁၄) ဦးနှင့်ပို့ဆောင်သူနှစ်ဦးတို့ကို ထိုင်း-မြန်မာနယ်စပ်၌ ဖမ်းမိ

ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် အထောက်အထားမဲ့ဖြင့် ခိုးဝင်ရောက်ရှိလာသည့် ဘင်္ဂါလီ ၁၄ ဦးအပြင် ပို့ဆောင်သူ နှစ်ဦးတို့ကို မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း-မြန်မာနယ်စပ်၌ ယနေ့(ဧပြီလ ၉ ရက်)၊ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်စပ်လုံခြုံရေးဆောင်ရွက်နေစဉ် အထောက်အထားမဲ့ဖြင့်ခိုးဝင်လာသည့် ဘင်္ဂါလီကျား(၃)ဦး၊ မ(၇)ဦးနှင့် ကလေး(၄)ဦး စုစုပေါင်း (၁၄)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြဝတီမြို့ရဲတပ်ဖွဲ့ထံမှ သိရသည်။

တစ်ဖက်နိုင်ငံသို့ တရားမဝင်သွားရောက်မည့် ဘင်္ဂါလီ(၁၄) ဦးနှင့်ပို့ဆောင်သူနှစ်ဦးတို့ကို ထိုင်း-မြန်မာနယ်စပ်၌ ဖမ်းမိ

ဖမ်းဆီးရမိထားသည့် ဘင်္ဂါလီများသည်တစ်ဦးလျှင် ဘတ်ငွေ(၅၀၀)ဖြင့် ထိုင်းနိုင်ငံသို့သွားရောက်ရန် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့(ရှ်)ဒုက္ခသည်စခန်းများဖြစ်သော တန်ခါလီဇန်တူလီစခန်းနှင့်ရှန်ဘူလာဒုက္ခသည်စခန်းတို့မှ ရောက်ရှိလာစဉ် ယခုလိုဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
ထို့ပြင်၎င်းတို့ကို တစ်ဖက်နိုင်ငံရှိမဲဆောက်မြို့မှာလာရောက်ကြိုသူ အာမင်(ခ)မောင်မောင်၊ မောင်းတောမြို့နေသူနှင့် ဆလီမာ(ခ)ဖြူဖြူဝင်း၊ ဘားအံမြို့နေသူတို့ လင်မယားနှစ်ဦးကိုလည်းဖမ်းဆီးမိခဲ့ကြောင်း သိရသည်။၎င်းတို့လင်မယားသည် ခိုးဝင်ရောက်ရှိလာသောဘင်္ဂါလီများကို တစ်ဖက်နိုင်ငံသို့ ကူးတို့ဖြင့်ကမ်းကူးပို့ဆောင်ခြင်းတာဝန်ကို အဓိကဆောင်ရွက်ပေးထားသူများဖြစ်ကြောင်းလည်း စစ်ဆေးသိရှိရသည်။
ယင်းအတွက်ကြောင့် ဖမ်းဆီးရမိသူ အာမင်(ခ)မောင်မောင်နှင့်ဆလီမာ(ခ)ဖြူဖြူဝင်းတို့ လင်မယားပါ ဘင်္ဂါလီ(၁၆)ဦးကို မြဝတီမြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးလျက်ရှိကြောင်းနှင့် ယခုနှစ်ဧပြီလအတွင်း အထောက်အထားမဲ့ရောက်ရှိလာသည့် ဘင်္ဂါလီများဖမ်းဆီးရမိမှုမှာ ၃ ကြိမ်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

 - ကိုကိုကြီး(မြဝတီ) အကုန်သိသတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။