Skip to main content
ေဒၚေအာင္ဆန္းစုၾကည္သည္ တုိင္းျပည္ေကာင္းေစလိုေသာဆႏၵရွိသည္ဟု ယံုၾကည္ေၾကာင္း ေနေရႊေသြးေအာင္ ေျပာ
Ads Block

ေဒၚေအာင္ဆန္းစုၾကည္သည္ တုိင္းျပည္ေကာင္းေစလိုေသာဆႏၵရွိသည္ဟု ယံုၾကည္ေၾကာင္း ေနေရႊေသြးေအာင္ ေျပာ

ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္သည္ တုိင္းျပည္ေကာင္းေစရန္ ေဆာင္ရြက္ခ်င္ေသာ ဆႏၵရွိသည္ဟု ယံုၾကည္ေၾကာင္း ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္းဦးသန္းေရႊ၏ေျမးျဖစ္သူ ေနေရႊေသြးေအာင္က ေျပာသည္။
ဧၿပီလ ၉ ရက္က ေနေရႊေသြးေအာင္၏ Facebook စာမ်က္ႏွာတြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းထားမႈကို ေျဖၾကားသည့္ဗီဒီယုိဖုိင္တြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ကြ်န္ေတာ္ကအန္တီနဲ႔တစ္ႀကိမ္မကေတာ့ဆုံဖူးပါတယ္။ အန္တီအေနနဲ႔လည္းအားလုံးညီညီညြတ္ညြတ္နဲ႔ တုိင္းျပည္ေကာင္းေအာင္လုပ္ခ်င္တဲ့ဆႏၵရွိတယ္လုိ႔လည္းယုံၾကည္ပါတယ္။ အန္တီေျပာတဲ့စကားေတြထဲမွာ အမွတ္ရဆုံးစကားကေတာ့ ဥပေဒေဘာင္ထဲမွာအၿမဲေနထုိင္ဖုိ႔နဲ႔ ဖခင္ကုိအတုယူဖုိ႔ပဲျဖစ္ပါတယ္’’ ဟု ေနေရႊေသြးေအာင္က ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ တုိင္းျပည္ေကာင္းေစလိုေသာဆႏၵရွိသည္ဟု ယံုၾကည္ေၾကာင္း ေနေရႊေသြးေအာင္ ေျပာ

ေနေရႊေသြးေအာင္သည္ ၂၀၁၅ ခုႏွစ္တြင္ ေဒၚေအာင္ဆန္းစုၾကည္၊ ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္အပါအ၀င္ အဘုိးျဖစ္သူဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္းဦးသန္းေရႊႏွင့္လည္းေတြ႔ဆုံေဆြးေႏြးႏုိင္ရန္ စီစဥ္ေပးခဲ့သူတစ္ဦးျဖစ္သည္။
ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ႏွင့္ ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္းဦးသန္းေရႊတုိ႔လက္မွတ္ထုိးထားေသာ ပုိက္ဆံပုံကို ေနေရႊေသြးေအာင္မွ ၄င္း၏ Facebook စာမ်က္ႏွာေပၚတြင္လည္း တင္ခဲ့ဖူးသည္။ 

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကောင်းစေလိုသောဆန္ဒရှိသည်ဟု ယုံကြည်ကြောင်း နေရွှေသွေးအောင် ပြော

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကောင်းစေရန် ဆောင်ရွက်ချင်သော ဆန္ဒရှိသည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏မြေးဖြစ်သူ နေရွှေသွေးအောင်က ပြောသည်။
ဧပြီလ ၉ ရက်က နေရွှေသွေးအောင်၏ Facebook စာမျက်နှာတွင် သတင်းမီဒီယာများ၏ မေးမြန်းထားမှုကို ဖြေကြားသည့်ဗီဒီယိုဖိုင်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်ကအန်တီနဲ့တစ်ကြိမ်မကတော့ဆုံဖူးပါတယ်။ အန်တီအနေနဲ့လည်းအားလုံးညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကောင်းအောင်လုပ်ချင်တဲ့ဆန္ဒရှိတယ်လို့လည်းယုံကြည်ပါတယ်။ အန်တီပြောတဲ့စကားတွေထဲမှာ အမှတ်ရဆုံးစကားကတော့ ဥပဒေဘောင်ထဲမှာအမြဲနေထိုင်ဖို့နဲ့ ဖခင်ကိုအတုယူဖို့ပဲဖြစ်ပါတယ်’’ ဟု နေရွှေသွေးအောင်က ပြောသည်။
နေရွှေသွေးအောင်သည် ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် အဘိုးဖြစ်သူဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနှင့်လည်းတွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးခဲ့သူတစ်ဦးဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေတို့လက်မှတ်ထိုးထားသော ပိုက်ဆံပုံကို နေရွှေသွေးအောင်မှ ၎င်း၏ Facebook စာမျက်နှာပေါ်တွင်လည်း တင်ခဲ့ဖူးသည်။ 

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။