Skip to main content
အေၾကြးလာေတာင္းသည့္ကိစၥျဖင့္ စကားမ်ားရန္ျဖစ္ရာမွ ဓားခုတ္မႈျဖစ္ပြား
Ads Block

အေၾကြးလာေတာင္းသည့္ကိစၥျဖင့္ စကားမ်ားရန္ျဖစ္ရာမွ ဓားခုတ္မႈျဖစ္ပြား

တိုက္ႀကီးၿမိဳ႕နယ္တြင္ အေၾကြးေတာင္းသည့္ကိစၥႏွင့္ပတ္သက္၍စကားမ်ားရန္ျဖစ္ၿပီး ဓားခုတ္မႈျဖစ္ပြားရာ ၂ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္၊ မဂၤလာရပ္ကြက္ေန ေက်ာ္သူဝင္း၊ (၃၁)ႏွစ္သည္ ဧၿပီလ ၈ ရက္၊ ည ၈ နာရီခန္႔က တစ္ရပ္ကြက္တည္းေန မယားညီကိုေတာ္စပ္သူ ေအးထြန္း၊ (၃၈)ႏွစ္ထံသို႔ စဥ့္တီတုံးဖိုးအေႂကြးရရန္ရွိေသာေၾကာင့္ သြားေရာက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔သြားေရာက္ခဲ့စဥ္ ေအးထြန္းအား ၎၏ေနအိမ္တြင္ စဥ့္နီတုံးခုတ္ေနသည္ကိုေတြ႕ရွိရၿပီး အေႂကြးေတာင္းရာ “မယုံလို႔အေႂကြးလာေတာင္းတာလား” ဟု ေျပာသျဖင့္ တစ္ေယာက္တစ္ခြန္း စကားမ်ားရန္ျဖစ္စဥ္ ေအးထြန္းက ေက်ာ္သူဝင္းအား အရိုးအသြား(၁၂)လက္မခန႔္ရွိ ဓားမျဖင့္ခုတ္ခဲ့ေၾကာင္း သိရသည္။
ဓားမျဖင့္ခုတ္ခံရမႈေၾကာင့္ ေက်ာ္သူဝင္းတြင္ ဓားျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ၿပီးေနာက္ ေအးထြန္းမွ ဓားျဖင့္ ထပ္မံခုတ္စဥ္ ေအးထြန္း၏ေနအိမ္တြင္ေရာက္ရွိေနေသာ ကိုေဌးလြင္၊ (၃၃)ႏွစ္ကဝင္ဆြဲခဲ့ရာ ကိုေဌးလြင္တြင္ပါ ဓားျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအးထြန္း၊ (၃၈)ႏွစ္ကို တိုက္ႀကီးၿမိဳ႕မရဲစခန္း၌ (ပ) ၅၂၉/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

 - ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode version

အကြွေးလာတောင်းသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွား

တိုက်ကြီးမြို့နယ်တွင် အကြွေးတောင်းသည့်ကိစ္စနှင့်ပတ်သက်၍စကားများရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ပွားရာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်နေ ကျော်သူဝင်း၊ (၃၁)နှစ်သည် ဧပြီလ ၈ ရက်၊ ည ၈ နာရီခန့်က တစ်ရပ်ကွက်တည်းနေ မယားညီကိုတော်စပ်သူ အေးထွန်း၊ (၃၈)နှစ်ထံသို့ စဉ့်တီတုံးဖိုးအကြွေးရရန်ရှိသောကြောင့် သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ခဲ့စဉ် အေးထွန်းအား ၎င်း၏နေအိမ်တွင် စဉ့်နီတုံးခုတ်နေသည်ကိုတွေ့ရှိရပြီး အကြွေးတောင်းရာ “မယုံလို့အကြွေးလာတောင်းတာလား” ဟု ပြောသဖြင့် တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်စဉ် အေးထွန်းက ကျော်သူဝင်းအား အရိုးအသွား(၁၂)လက်မခန့်ရှိ ဓားမဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။
ဓားမဖြင့်ခုတ်ခံရမှုကြောင့် ကျော်သူဝင်းတွင် ဓားပြတ်ရှဒဏ်ရာများရရှိခဲ့ပြီးနောက် အေးထွန်းမှ ဓားဖြင့် ထပ်မံခုတ်စဉ် အေးထွန်း၏နေအိမ်တွင်ရောက်ရှိနေသော ကိုဌေးလွင်၊ (၃၃)နှစ်ကဝင်ဆွဲခဲ့ရာ ကိုဌေးလွင်တွင်ပါ ဓားပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အေးထွန်း၊ (၃၈)နှစ်ကို တိုက်ကြီးမြို့မရဲစခန်း၌ (ပ) ၅၂၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 - နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။