Skip to main content
Ads Block

အိႏၵိယႏိုင္ငံ ယဥ္ေက်းမႈဆိုင္ရာ ဆက္ဆံေရးေကာင္စီ ထူေထာင္သည့္ (၆၉)ႏွစ္ေျမာက္ အခမ္းအနားက်င္းပ

အိႏိၵယႏိုင္ငံအစိုးရ၏ ယဥ္ေက်းမႈဆုိင္ရာ ဆက္ဆံေရးေကာင္စီ တည္ေထာင္သည့္ေန႔ အခမ္းအနားကုိ ဧၿပီလ ၉ ရက္ ညေနပိုင္း က ရန္ကုန္ၿမိဳ႕ Sule Shangrila Hotel တြင္ က်င္းပခဲ႔သည္။
အိႏိၵယႏိုင္ငံအစိုးရ၏ ယဥ္ေက်းမႈဆုိင္ရာ ဆက္ဆံေရးေကာင္စီ (ICCR) ကုိ လြတ္လပ္ၿပီးစ အိႏိၵယနိုင္ငံ၏ ပထမဆံုး ပညာေရး ၀န္ႀကီးျဖစ္ေသာ Maulana Abul Kalam Azad မွ ၁၉၅၀ ခုႏွစ္ ဧၿပီလ (၉) ရက္ေန႔တြင္ တည္ေထာင္ခဲ့ျခင္း ျဖစ္သသည္။ 
အဆုိပါ ေကာင္စီကုိတည္ေထာင္သည့္ ရည္ရြယ္ခ်က္မ်ားမွာ အိႏိၵယနိုင္ငံ၏ ျပည္ပေရးရာယဥ္ေက်းမႈဆုိင္ရာ ဆက္ဆံေရး ႏွင့္ စပ္လ်ဥ္း၍ မူ၀ါဒမ်ားႏွင့္ အစီအစဥ္မ်ားကုိ ေဖာ္ထုတ္ျခင္းႏွင့္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္းတ႔ိုတြင္ တက္ၾကြစြာပါ၀င္ရန္၊ အိႏိၵယနိုင္ငံႏွင့္ ျပည္ပႏုိင္ငံမ်ားအၾကား ယဥ္ေက်းမႈဆုိင္ရာဆက္ဆံေရးႏွင့္ အျပန္အလွန္နားလည္မႈတုိ႔ကုိ ျမွင့္တင္ေပးရန္ႏွင့္္ အားေပးရန္၊ အျခားႏုိင္ငံမ်ား၊ ျပည္သူမ်ားႏွင့္ ယဥ္ေက်းမႈဖလွယ္ရာတြင္ အေထာက္အကူျပဳရန္၊ ႏုိင္ငံမ်ားႏွင့္ ဆက္ဆံေရးတုိးျမွင့္ ရန္ တို႔ျဖစ္ပါသည္။
အခမ္းအနားအစီအစဥ္တြင္ ကပြဲမ်ား၊ ရိုးရာေတးသီခ်င္းမ်ား ပါ၀င္ၿပီး အိႏိၵယနိုင္ငံ၏ ျပည္နယ္အသီးသီးမွ ရိုးရာ၀တ္စံုမ်ားကုိ ခင္း က်င္းျပ သထားေႀကာင္း သိရသည္။
သတင္းႏွင့္ ဓာတ္ပံု- ထက္ေဝလင္း

Unicode version

အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ ထူထောင်သည့် (၆၉)နှစ်မြောက် အခမ်းအနားကျင်းပ

အိန္ဒိယနိုင်ငံအစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ တည်ထောင်သည့်နေ့ အခမ်းအနားကို ဧပြီလ ၉ ရက် ညနေပိုင်း က ရန်ကုန်မြို့ Sule Shangrila Hotel တွင် ကျင်းပခဲ့သည်။
အိန္ဒိယနိုင်ငံအစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR) ကို လွတ်လပ်ပြီးစ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပညာရေး ဝန်ကြီးဖြစ်သော Maulana Abul Kalam Azad မှ ၁၉၅၀ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သသည်။ 
အဆိုပါ ကောင်စီကိုတည်ထောင်သည့် ရည်ရွယ်ချက်များမှာ အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး နှင့် စပ်လျဉ်း၍ မူဝါဒများနှင့် အစီအစဉ်များကို ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတ့ိုတွင် တက်ကြွစွာပါဝင်ရန်၊ အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးနှင့် အပြန်အလှန်နားလည်မှုတို့ကို မြှင့်တင်ပေးရန်နှင့် အားပေးရန်၊ အခြားနိုင်ငံများ၊ ပြည်သူများနှင့် ယဉ်ကျေးမှုဖလှယ်ရာတွင် အထောက်အကူပြုရန်၊ နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ရန် တို့ဖြစ်ပါသည်။
အခမ်းအနားအစီအစဉ်တွင် ကပွဲများ၊ ရိုးရာတေးသီချင်းများ ပါဝင်ပြီး အိန္ဒိယနိုင်ငံ၏ ပြည်နယ်အသီးသီးမှ ရိုးရာဝတ်စုံများကို ခင်း ကျင်းပြ သထားကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ- ထက်ဝေလင်း

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။