Skip to main content
ေရတြင္းဆယ္ယူေသာ အမ်ဳိးသား ၂ ဦး ေအာက္ဆီဂ်င္ျပတ္၍ေသဆုံး
Ads Block

ေရတြင္းဆယ္ယူေသာ အမ်ဳိးသား ၂ ဦး ေအာက္ဆီဂ်င္ျပတ္၍ေသဆုံး

သထုံၿမိဳ႕နယ္တြင္ ပုဂၢလိကေဆးရုံဝင္းရွိ ေရတြင္းဆယ္ယူရာမွ ေအာက္ဆီဂ်င္ျပတ္၍ အမ်ဳိးသား ၂ ဦး ေသဆုံးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ သိမ္ကုန္းရပ္ကြက္၊ “ပန္းစံပယ္ျဖဴ” ပုဂၢလိကေဆး႐ုံဝင္း၌ ဧၿပီလ ၈ ရက္၊ နံနက္ ၁၀ နာရီ ၄၅ မိနစ္ခန္႔က ေပါင္ၿမိဳ႕နယ္၊ က်ခတ္ငူေက်းရြာေန ဦးသိန္းလြင္၊ (၅၂) ႏွစ္ပါ (၅) ဦးတို႔သည္ အက်ယ္ ၆×၆ ေပ၊ အနက္ ၃၅ ေပခန႔္ရွိ ေရတြင္းကိုဆယ္ယူရန္ ဦးသိန္းလြင္မွ အရွည္ ၄၅ ေပခန႔္ရွိ နိုင္လြန္ႀကိဳးကိုင္၍ ေရတြင္းထဲသို႔ဆင္းစဥ္ အနက္ ၃၀ ေပခန႔္အေရာက္၌ ေရတြင္းထဲသို႔ ျပဳတ္က်သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျပဳတ္က်သြားခဲ့၍ ဦးသိန္းလြင္အား ကူညီကယ္ဆယ္ရန္ ဇင္းက်ိဳက္ေက်းရြာေန ေမာင္ပု (ခ) နိုင္ဦး၊ (၃၀) ႏွစ္ မွာ ပုဆိုးအား ခါးကြင္းသိုင္းၿပီး ႀကိဳးျဖင့္ခ်ည္ေႏွာင္၍ ေရတြင္းထဲသို႔ထပ္မံဆင္းစဥ္ အနက္ ၃၀ ေပခန႔္အေရာက္ “မရေတာ့ဘူး” ဟု ေအာ္ဟစ္ေျပာဆိုသျဖင့္ ၎အားျပန္လည္ဆြဲတင္ခဲ့ရာ ေရတြင္းေပၚအေရာက္၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သထုံၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္းအမွတ္စဥ္ ၄ /၂၀၁၉ ျဖင့္ ေရးဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode version

ရေတွင်းဆယ်ယူသော အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်၍သေဆုံး

သထုံမြို့နယ်တွင် ပုဂ္ဂလိကဆေးရုံဝင်းရှိ ရေတွင်းဆယ်ယူရာမှ အောက်ဆီဂျင်ပြတ်၍ အမျိုးသား ၂ ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ “ပန်းစံပယ်ဖြူ” ပုဂ္ဂလိကဆေးရုံဝင်း၌ ဧပြီလ ၈ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာနေ ဦးသိန်းလွင်၊ (၅၂) နှစ်ပါ (၅) ဦးတို့သည် အကျယ် ၆×၆ ပေ၊ အနက် ၃၅ ပေခန့်ရှိ ရေတွင်းကိုဆယ်ယူရန် ဦးသိန်းလွင်မှ အရှည် ၄၅ ပေခန့်ရှိ နိုင်လွန်ကြိုးကိုင်၍ ရေတွင်းထဲသို့ဆင်းစဉ် အနက် ၃၀ ပေခန့်အရောက်၌ ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပြုတ်ကျသွားခဲ့၍ ဦးသိန်းလွင်အား ကူညီကယ်ဆယ်ရန် ဇင်းကျိုက်ကျေးရွာနေ မောင်ပု (ခ) နိုင်ဦး၊ (၃၀) နှစ် မှာ ပုဆိုးအား ခါးကွင်းသိုင်းပြီး ကြိုးဖြင့်ချည်နှောင်၍ ရေတွင်းထဲသို့ထပ်မံဆင်းစဉ် အနက် ၃၀ ပေခန့်အရောက် “မရတော့ဘူး” ဟု အော်ဟစ်ပြောဆိုသဖြင့် ၎င်းအားပြန်လည်ဆွဲတင်ခဲ့ရာ ရေတွင်းပေါ်အရောက်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သထုံမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၄ /၂၀၁၉ ဖြင့် ရေးဖွင့် စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။