Skip to main content
“ ကၽြန္ေတာ္မေသပါဘူး” လို႔ ေျဖရွင္းခဲ့ရတဲ့ ဒိန္းေဒါင္
Ads Block

“ ကၽြန္ေတာ္မေသပါဘူး” လို႔ ေျဖရွင္းခဲ့ရတဲ့ ဒိန္းေဒါင္

ဒိန္းေဒါင္ကေတာ့ “ ကၽြန္ေတာ္မေသေသးပါဘူး။ ေဒါင္ေဒါင္ျမည္ပါပဲ” ဆိုၿပီး ၄င္းမေသေသးတဲ့အေၾကာင္းကို Facebook ေပၚကေန Live လႊင့္ေျဖရွင္းခဲ့ရပါတယ္။
ျဖစ္စဥ္ကေတာ့ Facebook ရဲ႕ထံုးစံသတင္းအမွန္ေတြပါသလို သတင္းအမွားေတြလည္း ျပန္႔ေလ့ရွိတဲ့အတိုင္း ဒိန္းေဒါင္ကြယ္လြန္ၿပီဆိုၿပီး စာသားေတြနဲ႔အတူပံုေတြ ျပန္႔ႏွံ႕လာခဲ့တာျဖစ္ပါတယ္။ 
“ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ ေက်းဇူးရွင္ပရိသတ္ေတြေရာ၊ ကၽြန္ေတာ့္ကိုခ်စ္တဲ့ ပုဂိၢဳလ္မ်ားအားလံုးေတြေရာ၊ ကၽြန္ေတာ္ေသၿပီးဆိုၿပီးေတာ့ လိုင္းေပၚမွာတင္ထားတာမေသပါဘူးလို႔။ ကၽြန္ေတာ္ ဘာမွမျဖစ္ဘူး။ ကၽြန္ေတာ္ ပြဲေတြကၿပီးေတာ့ မေန႔ကမွ ကၽြန္ေတာ္ေၾကာ္ၿငာရိုက္ၿပီးေတာ့ ျပန္လာတာ၊ ဘားမွမျဖစ္ဘူး။ ကၽြန္ေတာ့္အတြက္ စိုးရိမ္ ေပးၾကတာကိုေက်းဇူးတင္ပါတယ္လို႔။ မေန႔ကမွ ကိုခင္လႈိင္နဲ႔အတူ ေရႊနဂါးဓါတ္ေျမၾသဇာေၾကာ္ၿငာရိုက္ၿပီး ျပန္လာတာပါ” လို႔ ဒိန္းေဒါင္က အခုလိုေျဖရွင္းထားပါတယ္။
၄င္းတကယ္ကြယ္လြန္ၿပီထင္ၿပီး ပရိသတ္ေတြက စိတ္ပူၿပီး ဖုန္းဆက္သြယ္ေမးျမန္းၾကတာေတြရွိခဲ့တဲ့အျပင္ ပရိသတ္စိတ္ပူေနမွာစိုးလုိ႔ အခုလုိ Live လႊင့္ေျဖရွင္းတာပါလို႔လည္း ေျပာသြားပါတယ္။ 
သၾကၤန္ရက္ေတြမွာ အလုပ္လာအပ္ထားတာေတြလည္းမရွိေသးတဲ့အတြက္ ဘာလုပ္ရမွန္း ေသခ်ာမသိေသးေပမဲ့ ျမန္မာ့ႏွစ္သစ္ကူးသႀကၤန္ရက္ေတြၿပီးသြားရင္ေတာ့ နယ္ကိုင္းမွာ ဘုရားသြားတည္ဖို႔ ရွိတယ္လို႔လည္း ဒိန္းေဒါင္ဆီကေန သိရပါတယ္။

- အိျဖဴသိမ့္ (အကုန္သိသတင္းဌာန)

Unicode version

“ ကျွန်တော်မသေပါဘူး” လို့ ဖြေရှင်းခဲ့ရတဲ့ ဒိန်းဒေါင်

ဒိန်းဒေါင်ကတော့ “ ကျွန်တော်မသေသေးပါဘူး။ ဒေါင်ဒေါင်မြည်ပါပဲ” ဆိုပြီး ၎င်းမသေသေးတဲ့အကြောင်းကို Facebook ပေါ်ကနေ Live လွှင့်ဖြေရှင်းခဲ့ရပါတယ်။
ဖြစ်စဉ်ကတော့ Facebook ရဲ့ထုံးစံသတင်းအမှန်တွေပါသလို သတင်းအမှားတွေလည်း ပြန့်လေ့ရှိတဲ့အတိုင်း ဒိန်းဒေါင်ကွယ်လွန်ပြီဆိုပြီး စာသားတွေနဲ့အတူပုံတွေ ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ 
“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးဇူးရှင်ပရိသတ်တွေရော၊ ကျွန်တော့်ကိုချစ်တဲ့ ပုဂ္ဂိုလ်များအားလုံးတွေရော၊ ကျွန်တော်သေပြီးဆိုပြီးတော့ လိုင်းပေါ်မှာတင်ထားတာမသေပါဘူးလို့။ ကျွန်တော် ဘာမှမဖြစ်ဘူး။ ကျွန်တော် ပွဲတွေကပြီးတော့ မနေ့ကမှ ကျွန်တော်ကြော်ငြာရိုက်ပြီးတော့ ပြန်လာတာ၊ ဘားမှမဖြစ်ဘူး။ ကျွန်တော့်အတွက် စိုးရိမ် ပေးကြတာကိုကျေးဇူးတင်ပါတယ်လို့။ မနေ့ကမှ ကိုခင်လှိုင်နဲ့အတူ ရွှေနဂါးဓါတ်မြေသြဇာကြော်ငြာရိုက်ပြီး ပြန်လာတာပါ” လို့ ဒိန်းဒေါင်က အခုလိုဖြေရှင်းထားပါတယ်။
၎င်းတကယ်ကွယ်လွန်ပြီထင်ပြီး ပရိသတ်တွေက စိတ်ပူပြီး ဖုန်းဆက်သွယ်မေးမြန်းကြတာတွေရှိခဲ့တဲ့အပြင် ပရိသတ်စိတ်ပူနေမှာစိုးလို့ အခုလို Live လွှင့်ဖြေရှင်းတာပါလို့လည်း ပြောသွားပါတယ်။ 
သြင်္ကန်ရက်တွေမှာ အလုပ်လာအပ်ထားတာတွေလည်းမရှိသေးတဲ့အတွက် ဘာလုပ်ရမှန်း သေချာမသိသေးပေမဲ့ မြန်မာ့နှစ်သစ်ကူးသြင်္ကန်ရက်တွေပြီးသွားရင်တော့ နယ်ကိုင်းမှာ ဘုရားသွားတည်ဖို့ ရှိတယ်လို့လည်း ဒိန်းဒေါင်ဆီကနေ သိရပါတယ်။

- အိဖြူသိမ့် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။