Skip to main content
ဒီေရေတာစီမံကိန္းေၾကာင့္ ပုစြန္ေမြးကန္မ်ားမထိခိုက္ေစရန္ ကြင္းဆင္းစစ္ေဆးမည္
Ads Block

ဒီေရေတာစီမံကိန္းေၾကာင့္ ပုစြန္ေမြးကန္မ်ားမထိခိုက္ေစရန္ ကြင္းဆင္းစစ္ေဆးမည္

ရန္ကုန္တိုင္းအတြင္းေဖာ္ေဆာင္မည့္ဒီေရေတာမ်ားေၾကာင့္ ခြင့္ျပဳမိန္႔ရရွိထားသည့္ ပုစြန္ေမြးျမဴေရးလုပ္ငန္းမ်ား မထိခိုက္ေစရန္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးကိုယ္တုိင္ ကြင္းဆင္းစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။ 
ရန္ကုန္တိုင္းေဒသႀကီးမုတၱမပင္လယ္ေကြ႔တစ္ဝိုက္တြင္ ရန္ကုန္တုိင္းေဒသႀကီးအစိုးရႏွင့္ သစ္ေတာဦးစီးဌာနတို႔ ပူးေပါင္း၍ ဒီေရေတာစိုက္ပ်ဳိးေရးစီမံကိန္းကိုအေကာင္အထည္ေဖာ္ရန္ ေဆာင္ရြက္ေနသည့္အေပၚ ယခုကဲ့သို႔ ေျပာျခင္းျဖစ္သည္။  
“ ရန္ကုန္တုိင္းရဲ႕ပုစြန္ေမြးေတာင္သူေတြအတြက္ မထိခိုက္ေအာင္လို႔ ဝန္ႀကီးခ်ဳပ္ ခရီးစဥ္မွာ အေျဖ ထြက္ပါလိမ့္မယ္။ ဝန္ႀကီးခ်ဳပ္လည္းလိုက္ၾကည့္ၿပီးရင္ ဆံုးျဖတ္ပါလိမ့္မယ္။ ေရရွည္မွာတကယ္ျဖစ္ေနတဲ့ဟာ ခြင့္ျပဳေပးတဲ့ဧရိယာထက္ပုိေနရင္ေတာ့ သိမ္းရင္သိမ္းခံရမယ္။ ခြင့္ျပဳတဲ့ ဧရိယာအတြင္းမွာလုပ္တယ္ဆိုရင္ သစ္ေတာလည္းသိမ္းဖုိ႔မရွိပါဘူး။ ဒါကိုတကယ္လည္းခြင့္ျပဳမွာပါ” ဟု ရန္ကုန္တိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးဌာနမွတိုင္းဦးစီးမွဴး ဦးလွဝင္းက ေျပာသည္။ 
ထို႔ေၾကာင့္ ရန္ကုန္တုိင္းေဒသႀကီး၊ မုတၱမပင္လယ္ေကြ႕တစ္ေလ်ာက္ရွိ မရမ္းဇြဲဘာႏွင့္ ေက်ာက္တန္းၿမိဳ႕နယ္မ်ားမွ ကမ္းနီးကမ္းေဝးပုစြန္ေမြးေတာင္သူမ်ားသည္ ေမြးျမဴေရးလုပ္ငန္း ေဆာင္ရြက္ခြင့္ျပဳထားသည့္ စာရြက္စာတမ္းအေထာက္အထားအစံုအလင္ကို ျပင္ဆင္ထားရန္ ၄င္းက ဆက္ေျပာသည္။
ၿပီးခဲ့သည့္လတြင္ တိုင္းေဒသႀကီးဝန္ႀကီးဦးေဆာင္မႈျဖင့္ ေနျပည္ေတာ္၌ ေဆြးေႏြးမႈတစ္ရပ္ျပဳလုပ္ရာ ခြင့္ျပဳမိန္႔က်ၿပီး လက္ရွိအမွန္တကယ္ေဆာင္ရြက္ေနသည့္ငါးေမြးျမဴေရးကန္မ်ားကို ဒီေရေတာ ေဖာ္ေဆာင္ရာတြင္ မဖ်က္သိမ္းဘဲခ်န္ထားခဲ့ရန္ႏွင့္ ငါးေမြးျမဴေရးကန္မ်ားထပ္မံခြင့္မျပဳရန္ ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

ဒီရေတောစီမံကိန်းကြောင့် ပုစွန်မွေးကန်များမထိခိုက်စေရန် ကွင်းဆင်းစစ်ဆေးမည်

ရန်ကုန်တိုင်းအတွင်းဖော်ဆောင်မည့်ဒီရေတောများကြောင့် ခွင့်ပြုမိန့်ရရှိထားသည့် ပုစွန်မွေးမြူရေးလုပ်ငန်းများ မထိခိုက်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီးမုတ္တမပင်လယ်ကွေ့တစ်ဝိုက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဒီရေတောစိုက်ပျိုးရေးစီမံကိန်းကိုအကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့်အပေါ် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။  
“ ရန်ကုန်တိုင်းရဲ့ပုစွန်မွေးတောင်သူတွေအတွက် မထိခိုက်အောင်လို့ ဝန်ကြီးချုပ် ခရီးစဉ်မှာ အဖြေ ထွက်ပါလိမ့်မယ်။ ဝန်ကြီးချုပ်လည်းလိုက်ကြည့်ပြီးရင် ဆုံးဖြတ်ပါလိမ့်မယ်။ ရေရှည်မှာတကယ်ဖြစ်နေတဲ့ဟာ ခွင့်ပြုပေးတဲ့ဧရိယာထက်ပိုနေရင်တော့ သိမ်းရင်သိမ်းခံရမယ်။ ခွင့်ပြုတဲ့ ဧရိယာအတွင်းမှာလုပ်တယ်ဆိုရင် သစ်တောလည်းသိမ်းဖို့မရှိပါဘူး။ ဒါကိုတကယ်လည်းခွင့်ပြုမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးလှဝင်းက ပြောသည်။ 
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မုတ္တမပင်လယ်ကွေ့တစ်လျောက်ရှိ မရမ်းဇွဲဘာနှင့် ကျောက်တန်းမြို့နယ်များမှ ကမ်းနီးကမ်းဝေးပုစွန်မွေးတောင်သူများသည် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားသည့် စာရွက်စာတမ်းအထောက်အထားအစုံအလင်ကို ပြင်ဆင်ထားရန် ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့်လတွင် တိုင်းဒေသကြီးဝန်ကြီးဦးဆောင်မှုဖြင့် နေပြည်တော်၌ ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ရာ ခွင့်ပြုမိန့်ကျပြီး လက်ရှိအမှန်တကယ်ဆောင်ရွက်နေသည့်ငါးမွေးမြူရေးကန်များကို ဒီရေတော ဖော်ဆောင်ရာတွင် မဖျက်သိမ်းဘဲချန်ထားခဲ့ရန်နှင့် ငါးမွေးမြူရေးကန်များထပ်မံခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။