Skip to main content
တရုတ္ႏုိင္ငံ၏စီမံကိန္းအမ်ားစုမွာ လူသားခ်င္းစာနာမႈမရွိဟု ေဒါက္တာေဒၚညိဳညိဳသင္း ေျပာ
Ads Block

တရုတ္ႏုိင္ငံ၏စီမံကိန္းအမ်ားစုမွာ လူသားခ်င္းစာနာမႈမရွိဟု ေဒါက္တာေဒၚညိဳညိဳသင္း ေျပာ

ျမန္မာႏုိင္ငံတြင္းေဖာ္ေဆာင္ေနေသာ တရုတ္ႏုိင္ငံ၏စီမံကိန္းအမ်ားစုမွာ လူသားခ်င္းစာနာမႈလံုး၀မရွိဘဲ တစ္ဖက္သတ္အက်ိဳးစီးပြားေဖာ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ရန္ကုန္ေစာင့္ၾကည့္ေရးတည္ေထာင္သူ ေဒါက္တာညဳိညဳိသင္းက ေျပာလုိက္သည္။
ဧၿပီလ ၈ ရက္၌ အကုန္သိသတင္းဌာန၏ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ေျဖၾကားေပးျခင္း ျဖစ္သည္။ 

တရုတ္ႏုိင္ငံ၏စီမံကိန္းအမ်ားစုမွာ လူသားခ်င္းစာနာမႈမရွိဟု ေဒါက္တာေဒၚညိဳညိဳသင္း ေျပာ


“ တရုတ္ရဲ႕အက်ိဳးစီးပြားေတြ ျမန္မာျပည္အတြင္းမွာရွိေနတာကုိအစုိးရက ျပန္လည္စဥ္းစားဖုိ႔ေကာင္းၿပီဆုိတာက အခ်ိန္က်ေရာက္တာမဟုတ္ဘူး။ လြန္ေတာင္လြန္ေနပါၿပီ။ ျမန္မာႏုိင္ငံအတြင္းမွာတရုတ္ႏုိင္ငံရဲ႕ စီမံကိန္းေတြဟာ ျပည္သူလူထုအတြက္၊ အထူးသျဖင့္သဘာ၀ပတ္၀န္းက်င္အတြက္ ထိခုိက္နစ္နာေစတာေတြ အမ်ားႀကီးေတြ႔ရတယ္။ အခု တီက်စ္မွာဆုိလုိ႔ရွိရင္ အဆိပ္သင့္ေနတယ္။ အဲဒီေဒသကေဒသခံေတြဟာ အဆိပ္ကုိရႈရႈိက္ေနရတယ္။ အဆိပ္ကုိ ေန႔စဥ္သူတုိ႔ျဖတ္သန္းသြားလာေနရတယ္။ ေနာက္လက္ပံေတာင္းေတာင္ကုိ ၾကည့္မလားေပါ့။တရုတ္ရဲ႕စီမံကန္းအမ်ားစုဟာ လူသားခ်င္းလုံး၀မစာနာဘူး။ သူတုိ႔ႏုိင္ငံရဲ႕ တစ္ဖက္သတ္အက်ိဳးစီးပြားကုိပဲ ေဖာ္ေဆာင္တာျဖစ္တယ္။ ေဒသခံျပည္သူလူထုေတြကုိ ႀကီးႀကီးက်ယ္က်ယ္ထိခုိက္မႈေတြရွိတယ္ေပါ့’’ ဟု ရန္ကုန္ေစာင့္ၾကည့္ေရးတည္ေထာင္သူ ေဒါက္တာညဳိညဳိသင္းက ေျပာသည္။ 
လက္ရွိ ျမန္မာႏုိင္ငံတြင္ ႏုိင္ငံျခားရင္းနွီးျမဳပ္နွံမႈအမ်ားဆုံးႏုိင္ငံမ်ားမွာ တရုတ္၊ ဂ်ပန္၊ ကုိရီးယားစသည့္ႏုိင္ငံတုိ႔ ျဖစ္ၾကသည္။
တရုတ္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံအတြင္း မုံရြာဆားလင္းႀကီးလက္ပံေတာင္းေတာင္တြင္ ေၾကးနီတူးေဖာ္ေရး စီမံကိန္း၀မ္ေပါင္ကုမၸဏီ၊ ကခ်င္ျပည္နယ္ ျမစ္ဆုံတြင္  ျမစ္ဆုံေရကာတာတည္ေဆာက္ေရးစီမံကိန္း CPI ကုမၸဏီ၊ တီက်စ္ေက်ာက္မီးေသြးထုတ္လုပ္ေရး၊ အလားတူကခ်င္ျပည္နယ္ရွိ သစ္ေတာႀကိဳး၀ုိင္းမ်ားတြင္ သစ္သွ်ဴးငွက္ေပ်ာစုိက္ပ်ိဳးေရးလုပ္ငန္းမ်ား စသည့္တုိ႔လုပ္ကုိင္လ်က္ရွိသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

တရုတ်နိုင်ငံ၏စီမံကိန်းအများစုမှာ လူသားချင်းစာနာမှုမရှိဟု ဒေါက်တာဒေါ်ညိုညိုသင်း ပြော

မြန်မာနိုင်ငံတွင်းဖော်ဆောင်နေသော တရုတ်နိုင်ငံ၏စီမံကိန်းအများစုမှာ လူသားချင်းစာနာမှုလုံးဝမရှိဘဲ တစ်ဖက်သတ်အကျိုးစီးပွားဖော်ဆောင်နေခြင်းဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်ရေးတည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောလိုက်သည်။
ဧပြီလ ၈ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ဖြေကြားပေးခြင်း ဖြစ်သည်။ 

တရုတ္ႏုိင္ငံ၏စီမံကိန္းအမ်ားစုမွာ လူသားခ်င္းစာနာမႈမရွိဟု ေဒါက္တာေဒၚညိဳညိဳသင္း ေျပာ


“ တရုတ်ရဲ့အကျိုးစီးပွားတွေ မြန်မာပြည်အတွင်းမှာရှိနေတာကိုအစိုးရက ပြန်လည်စဉ်းစားဖို့ကောင်းပြီဆိုတာက အချိန်ကျရောက်တာမဟုတ်ဘူး။ လွန်တောင်လွန်နေပါပြီ။ မြန်မာနိုင်ငံအတွင်းမှာတရုတ်နိုင်ငံရဲ့ စီမံကိန်းတွေဟာ ပြည်သူလူထုအတွက်၊ အထူးသဖြင့်သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်နစ်နာစေတာတွေ အများကြီးတွေ့ရတယ်။ အခု တီကျစ်မှာဆိုလို့ရှိရင် အဆိပ်သင့်နေတယ်။ အဲဒီဒေသကဒေသခံတွေဟာ အဆိပ်ကိုရှုရှိုက်နေရတယ်။ အဆိပ်ကို နေ့စဉ်သူတို့ဖြတ်သန်းသွားလာနေရတယ်။ နောက်လက်ပံတောင်းတောင်ကို ကြည့်မလားပေါ့။တရုတ်ရဲ့စီမံကန်းအများစုဟာ လူသားချင်းလုံးဝမစာနာဘူး။ သူတို့နိုင်ငံရဲ့ တစ်ဖက်သတ်အကျိုးစီးပွားကိုပဲ ဖော်ဆောင်တာဖြစ်တယ်။ ဒေသခံပြည်သူလူထုတွေကို ကြီးကြီးကျယ်ကျယ်ထိခိုက်မှုတွေရှိတယ်ပေါ့’’ ဟု ရန်ကုန်စောင့်ကြည့်ရေးတည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။ 
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများဆုံးနိုင်ငံများမှာ တရုတ်၊ ဂျပန်၊ ကိုရီးယားစသည့်နိုင်ငံတို့ ဖြစ်ကြသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း မုံရွာဆားလင်းကြီးလက်ပံတောင်းတောင်တွင် ကြေးနီတူးဖော်ရေး စီမံကိန်းဝမ်ပေါင်ကုမ္ပဏီ၊ ကချင်ပြည်နယ် မြစ်ဆုံတွင်  မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်း CPI ကုမ္ပဏီ၊ တီကျစ်ကျောက်မီးသွေးထုတ်လုပ်ရေး၊ အလားတူကချင်ပြည်နယ်ရှိ သစ်တောကြိုးဝိုင်းများတွင် သစ်သျှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းများ စသည့်တို့လုပ်ကိုင်လျက်ရှိသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။