Skip to main content
၂၀၁၉ ခုႏွစ္အတြင္း တစ္ႏိုင္ငံလံုး ၅၀ ရာခိုင္ႏႈန္း လွ်ပ္စစ္ဓာတ္အားရရွိရန္ ေဆာင္ရြက္ေနဟုဆို
Ads Block

၂၀၁၉ ခုႏွစ္အတြင္း တစ္ႏိုင္ငံလံုး ၅၀ ရာခိုင္ႏႈန္း လွ်ပ္စစ္ဓာတ္အားရရွိရန္ ေဆာင္ရြက္ေနဟုဆို

၂၀၁၉ ခုႏွစ္အတြင္း တစ္ႏိုင္ငံလံုး အတိုင္းအတာအေနျဖင့္ လွ်ပ္စစ္ဓာတ္အား ၅၀ ရာခိုင္ႏႈန္းရရွိရန္ ႀကိဳးပမ္းေဆာင္ရြက္ေန ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာသည္။
တစ္ႏိုင္ငံလံုးအတိုင္းအတာအေနျဖင့္ ဓာတ္အားလိုအပ္ခ်က္သည္ တစ္ႏွစ္လွ်င္ ၁၉ ရာခိုင္ႏႈန္းတိုးတက္ေနသည့္အတြက္ မဂၢါဝပ္ အားျဖင့္ ၃၀၀ မွ ၅၀၀ ၾကားလိုအပ္ခ်က္ရွိေနေၾကာင္း သိရသည္။ 
“လွ်ပ္စစ္မီးမရရွိေသးတဲ့ ေက်းရြာေတြကအမ်ားႀကီးက်န္ေသးတယ္။ ဒါကို အစိုးရက စီမံကိန္းေရးဆြဲၿပီးေတာ့ လွ်ပ္စစ္ဓာတ္ အား ေပး စက္ရံုေတြ တည္ေဆာက္ေပးတယ္။ ၿပီးေတာ့ အသစ္ေတြ႔ရွိထားတဲ့ ေနရာေတြလည္း ရွိပါတယ္။ အဲဒီကေနလည္း လွ်ပ္စစ္ ကို လံုလံုေလာက္ေလာက္ေပးႏိုင္ဖို႔အတြက္ စီမံကိန္းေတြေရးဆြဲေနပါတယ္။ ေရးဆြဲထားတဲ့ စီမံကိန္းအတိုင္း လွ်ပ္စစ္ဓာတ္အား ရရွိေအာင္ ေဆာင္ရြက္ေနပါတယ္” ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာသည္။
လက္ရွိအေျခအေနတြင္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္မႈမွာ မဂၢါဝပ္ ၃၈၀၀ ခန္႔ရွိေသာ္လည္း တိုးတက္လာမည့္ ဓာတ္အား လိုအပ္ခ်က္အရ ၃၀၀၀ မဂၢါ၀ပ္ခန္႔ ထပ္တိုးထုတ္လုပ္ရန္ စီစဥ္ေနေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံတြင္ အိမ္ေထာင္စုေပါင္း ၁၀ ဒသမ ၈ သန္းေက်ာ္ရွိၿပီး၂၀၁၉ ခုႏွစ္မတ္လအထိ အိမ္ေထာင္စုေပါင္း ၄ ဒသမ ၇ သန္း ေက်ာ္  လွ်ပ္စစ္ဓာတ္အား ရရွိခဲ့ၿပီးျဖစ္ကာ ၆ ဒသမ ၁ သန္းေက်ာ္ ဓာတ္အားစနစ္မွ လွ်ပ္စစ္ဓာတ္အားရရွိရန္ က်န္ရွိ ေနေသး ေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္အကုန္တြင္ တစ္ႏိုင္ငံလုံးရွိ ၅၀ ရာခိုင္ႏႈန္းေသာ အိမ္ေထာင္စုမ်ား လွ်ပ္စစ္မီး ရရွိရန္ ရည္မွန္းေဆာင္႐ြက္လ်က္ရွိၿပီး ၂၀၂၁ ခုႏွစ္ မတ္လတြင္ တစ္ႏိုင္ငံလုံး အိမ္ေထာင္စုအားလုံး၏ ၅၅ ရာခိုင္ႏႈန္းေက်ာ္အား ဓာတ္အားစနစ္မွ လွ်ပ္စစ္ဓာတ္အား ရရွိေရးကိုလည္း စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္တြင္ ၅၅ ရာခိုင္ႏႈန္း၊ ၂၀၂၆ ခုႏွစ္တြင္ ၇၅ ရာခိုင္ႏႈန္းအထက္ႏွင့္ ၂၀၃၀ ျပည့္ႏွစ္တြင္ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အား ရရွိေရးႏွင့္ ျပည့္ဝစြာ သုံးစြဲႏိုင္ေရးကို အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

၂၀၁၉ ခုနှစ်အတွင်း တစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိရန် ဆောင်ရွက်နေဟုဆို

၂၀၁၉ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းရရှိရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတ်အားလိုအပ်ချက်သည် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းတိုးတက်နေသည့်အတွက် မဂ္ဂါဝပ် အားဖြင့် ၃၀၀ မှ ၅၀၀ ကြားလိုအပ်ချက်ရှိနေကြောင်း သိရသည်။ 
“လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေကအများကြီးကျန်သေးတယ်။ ဒါကို အစိုးရက စီမံကိန်းရေးဆွဲပြီးတော့ လျှပ်စစ်ဓာတ် အား ပေး စက်ရုံတွေ တည်ဆောက်ပေးတယ်။ ပြီးတော့ အသစ်တွေ့ရှိထားတဲ့ နေရာတွေလည်း ရှိပါတယ်။ အဲဒီကနေလည်း လျှပ်စစ် ကို လုံလုံလောက်လောက်ပေးနိုင်ဖို့အတွက် စီမံကိန်းတွေရေးဆွဲနေပါတယ်။ ရေးဆွဲထားတဲ့ စီမံကိန်းအတိုင်း လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်နေပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၃၈၀၀ ခန့်ရှိသော်လည်း တိုးတက်လာမည့် ဓာတ်အား လိုအပ်ချက်အရ ၃၀၀၀ မဂ္ဂါဝပ်ခန့် ထပ်တိုးထုတ်လုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈ သန်းကျော်ရှိပြီး၂၀၁၉ ခုနှစ်မတ်လအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇ သန်း ကျော်  လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ကာ ၆ ဒသမ ၁ သန်းကျော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိ နေသေး ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံးရှိ ၅၀ ရာခိုင်နှုန်းသော အိမ်ထောင်စုများ လျှပ်စစ်မီး ရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ ၅၅ ရာခိုင်နှုန်းကျော်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် ပြည့်ဝစွာ သုံးစွဲနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။