Skip to main content
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၾသကၤန္သံခ်ပ္အဖြဲ႕ ၂၀ ကိုခြင့္ျပဳ
Ads Block

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၾသကၤန္သံခ်ပ္အဖြဲ႕ ၂၀ ကိုခြင့္ျပဳ

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၾသကၤန္သံခ်ပ္အဖြဲ႕ ၂၀ ခြင့္ျပဳလိုက္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ သိရသည္။
ဧၿပီလ ၉ ရက္၌ အကုန္သိသတင္းဌာန၏ဆက္သြယ္ေမးျမန္းမႈအေပၚ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးဦးေဇာ္ေအးေမာင္က ေျဖၾကားေပးျခင္းျဖစ္သည္။ 
“ စုစုေပါင္းသံခ်ပ္အဖြဲ႕က ၂၀ ခြင့္ျပဳတယ္။ ခြင့္မျပဳတဲ့အဖြဲ႕ရွိလား။ ဒါေတာ့မသိဘူး။ ခြင့္ျပဳတဲ့အဖြဲ႕ကေတာ့ စည္းကမ္းခ်က္ေတြလိုက္နာရမွာျဖစ္တယ္’’ ဟု ဝန္ႀကီးဦးေဇာ္ေအးေမာင္က ေျပာသည္။
ဧၿပီလ ၅ ရက္ရက္စြဲျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၎တို႔ ခြင့္ျပဳသည့္သံခ်ပ္အဖြဲ႕မ်ားကို အေၾကာင္းၾကားစာေပးပို႔ခဲ့ၿပီး ၎တို႔ထဲတြင္ ၿငိမ္းခ်မ္းေရးမိုးသံခ်ပ္အဖြဲ႕၊ အားမာန္ဝင့္ထည္သာကီႏြယ္ သံခ်ပ္အဖြဲ႕၊ ေခတ္ပါးစပ္၊ ေအာက္တိုဘာေအာင္ႀကီးတို႔သံခ်ပ္အဖြဲ႕၊ သမိုင္းဝင္မည့္လက္မ်ားသံခ်ပ္အဖြဲ႕ ၊ ျမန္မာျပည္နိဒါန္း၊ ဖြမွာဘဲ၊ ျပည္သူ႔ေမာ္ကြန္းစသည့္သံခ်ပ္အဖြဲ႕တို႔ျဖစ္သည္။
“သံခ်ပ္စည္းကမ္းကေတာ့ သိပ္ၿပီးတင္းၾကပ္တာမရွိပါဘူး။ ဒါေပမဲ့ ဆင္ဆာေပးရတယ္။ တိုင္းအစိုးရကိုေပါ့။ အဲဒီေတာ့ ေျဖရွင္းခ်က္ကေလးေတြေျပာရတယ္။ က်န္တာတစ္ဦးခ်င္းမထိခိုက္ရင္ရပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ လက္ရွိရန္ကုန္နဲ႔မႏၲေလးၿပိဳင္ေနတာ။ ဒါကိုတိုင္းျပည္တိုးတက္ေရးအတြက္ အလုပ္လုပ္တာ။ ၿပိဳင္မေနနဲ႔ေပါ့။ ဒါကိုသံခ်ပ္ထိုးမယ္။ ေနာက္ေျခဥျပင္ဆင္ေရးေပါ့ဗ်ာ။ ဒါေလးသံခ်ပ္ထိုးပါမယ္’’ ဟု ဖြမွာဘဲသံခ်ပ္အဖြဲ႕မွ ကိုသိန္းထိုက္က ေျပာသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သြင်္ကန်သံချပ်အဖွဲ့ ၂၀ ကိုခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သြင်္ကန်သံချပ်အဖွဲ့ ၂၀ ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ဧပြီလ ၉ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က ဖြေကြားပေးခြင်းဖြစ်သည်။ 
“ စုစုပေါင်းသံချပ်အဖွဲ့က ၂၀ ခွင့်ပြုတယ်။ ခွင့်မပြုတဲ့အဖွဲ့ရှိလား။ ဒါတော့မသိဘူး။ ခွင့်ပြုတဲ့အဖွဲ့ကတော့ စည်းကမ်းချက်တွေလိုက်နာရမှာဖြစ်တယ်’’ ဟု ဝန်ကြီးဦးဇော်အေးမောင်က ပြောသည်။
ဧပြီလ ၅ ရက်ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၎င်းတို့ ခွင့်ပြုသည့်သံချပ်အဖွဲ့များကို အကြောင်းကြားစာပေးပို့ခဲ့ပြီး ၎င်းတို့ထဲတွင် ငြိမ်းချမ်းရေးမိုးသံချပ်အဖွဲ့၊ အားမာန်ဝင့်ထည်သာကီနွယ် သံချပ်အဖွဲ့၊ ခေတ်ပါးစပ်၊ အောက်တိုဘာအောင်ကြီးတို့သံချပ်အဖွဲ့၊ သမိုင်းဝင်မည့်လက်များသံချပ်အဖွဲ့ ၊ မြန်မာပြည်နိဒါန်း၊ ဖွမှာဘဲ၊ ပြည်သူ့မော်ကွန်းစသည့်သံချပ်အဖွဲ့တို့ဖြစ်သည်။
“သံချပ်စည်းကမ်းကတော့ သိပ်ပြီးတင်းကြပ်တာမရှိပါဘူး။ ဒါပေမဲ့ ဆင်ဆာပေးရတယ်။ တိုင်းအစိုးရကိုပေါ့။ အဲဒီတော့ ဖြေရှင်းချက်ကလေးတွေပြောရတယ်။ ကျန်တာတစ်ဦးချင်းမထိခိုက်ရင်ရပါတယ်။ ကျွန်တော်တို့ကတော့ လက်ရှိရန်ကုန်နဲ့မန္တလေးပြိုင်နေတာ။ ဒါကိုတိုင်းပြည်တိုးတက်ရေးအတွက် အလုပ်လုပ်တာ။ ပြိုင်မနေနဲ့ပေါ့။ ဒါကိုသံချပ်ထိုးမယ်။ နောက်ခြေဥပြင်ဆင်ရေးပေါ့ဗျာ။ ဒါလေးသံချပ်ထိုးပါမယ်’’ ဟု ဖွမှာဘဲသံချပ်အဖွဲ့မှ ကိုသိန်းထိုက်က ပြောသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။