Skip to main content
၃ လတာ ကာလအတြင္း လိုင္စင္မဲ့ကား ၁၀၀ ေက်ာ္ဖမ္းဆီးအေရးယူထား
Ads Block

၃ လတာ ကာလအတြင္း လိုင္စင္မဲ့ကား ၁၀၀ ေက်ာ္ဖမ္းဆီးအေရးယူထား

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္မွ မတ္လအထိ လိုင္စင္မဲ့ကား ၁၁၁ စီး ဖမ္းဆီးအေရးယူထားေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕မႉး႐ုံး (ေနျပည္ေတာ္) မွ သိရသည္။
လိုင္စင္မဲ့ယာဥ္ေမာင္းႏွင္မႈကို စီမံခ်က္ျဖင့္ တစ္ႏိုင္ငံလုံး ဖမ္းဆီးအေရးယူေဆာင္႐ြက္ရာတြင္ ဇန္နဝါရီလ၌ ၄၉ စီး၊ ေဖေဖာ္ဝါရီ လ၌ ၂၈ စီး၊ မတ္လ၌ ၃၄ စီး ဖမ္းဆီးအေရးယူထားၿပီး ယခင္ႏွစ္ထက္ ႏွစ္ဆပိုဖမ္းဆီးရမိေၾကာင္း သိရ သည္။
“လိုင္စင္မဲ့ကားေတြက ဖမ္းတယ္။ ေတာက္ေလွ်ာက္ဖမ္းတယ္။ တစ္စီးဖမ္းမိရင္ သူတို႔က ႏွစ္စီးေလာက္သြင္းေနလား မသိဘူး။ ဘယ္ေလာက္ဖမ္းဖမ္း မကုန္ႏိုင္ဘူး။ ဖမ္းေလ ထြက္ေလျဖစ္ေနတယ္” ဟု ယာဥ္ထိန္းရဲ တပ္ဖြဲ႕မႉး႐ုံး(ေနျပည္ေတာ္)မွ တာဝန္ရွိ သူ တစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္တြင္ လိုင္စင္မဲ့ယာဥ္ ၅၆၉ စီး ဖမ္းဆီးရမိခဲ့ၿပီး လက္ရွိ ဖမ္းဆီးအေရးယူမႈသည္ ယခင္ႏွစ္ထက္ ပိုမ်ားလာ ႏိုင္ေၾကာင္း သိရသည္။ 
လိုင္စင္မဲ့ယာဥ္ေမာင္းႏွင္မႈက်ဆင္းေရးအတြက္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအလိုက္ စီမံခ်က္ျဖင့္ စစ္ေဆးေဆာင္႐ြက္လ်က္ရွိၿပီး အဆိုပါ လိုင္စင္မဲ့ယာဥ္ဖမ္းဆီးအေရးယူ ေဆာင္႐ြက္ရာတြင္ပိုင္ရွင္ႏွင့္တကြ ဖမ္းဆီးရမိပါက ယာဥ္ပိုင္ရွင္ကို သြင္းကုန္/ ထုတ္ကုန္ ဥပေဒျဖင့္ ေငြဒဏ္အျပင္ ေထာင္ဒဏ္အနိမ့္ဆုံး ၂ ႏွစ္မွ ၅ ႏွစ္အထိ ခ်မွတ္အေရးယူ ႏိုင္သလို ႏွစ္ရွည္ေထာင္ဒဏ္ပါ ခ်မွတ္ အေရးယူေဆာင္႐ြက္ႏိုင္ေၾကာင္း သိရသည္။ 
ပိုင္ရွင္မဲ့ျဖစ္ပါက ယာဥ္ကို ႏိုင္ငံေတာ္ဘ႑ာအျဖစ္သိမ္းဆည္းၿပီး ေလလံတင္ေရာင္းခ်ေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

၃ လတာ ကာလအတွင်း လိုင်စင်မဲ့ကား ၁၀၀ ကျော်ဖမ်းဆီးအရေးယူထား

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မတ်လအထိ လိုင်စင်မဲ့ကား ၁၁၁ စီး ဖမ်းဆီးအရေးယူထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ သိရသည်။
လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုကို စီမံချက်ဖြင့် တစ်နိုင်ငံလုံး ဖမ်းဆီးအရေးယူဆောင်ရွက်ရာတွင် ဇန်နဝါရီလ၌ ၄၉ စီး၊ ဖေဖော်ဝါရီ လ၌ ၂၈ စီး၊ မတ်လ၌ ၃၄ စီး ဖမ်းဆီးအရေးယူထားပြီး ယခင်နှစ်ထက် နှစ်ဆပိုဖမ်းဆီးရမိကြောင်း သိရ သည်။
“လိုင်စင်မဲ့ကားတွေက ဖမ်းတယ်။ တောက်လျှောက်ဖမ်းတယ်။ တစ်စီးဖမ်းမိရင် သူတို့က နှစ်စီးလောက်သွင်းနေလား မသိဘူး။ ဘယ်လောက်ဖမ်းဖမ်း မကုန်နိုင်ဘူး။ ဖမ်းလေ ထွက်လေဖြစ်နေတယ်”ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(နေပြည်တော်)မှ တာဝန်ရှိ သူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် လိုင်စင်မဲ့ယာဉ် ၅၆၉ စီး ဖမ်းဆီးရမိခဲ့ပြီး လက်ရှိ ဖမ်းဆီးအရေးယူမှုသည် ယခင်နှစ်ထက် ပိုများလာ နိုင်ကြောင်း သိရသည်။ 
လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုကျဆင်းရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စီမံချက်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အဆိုပါ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ရာတွင်ပိုင်ရှင်နှင့်တကွ ဖမ်းဆီးရမိပါက ယာဉ်ပိုင်ရှင်ကို သွင်းကုန်/ ထုတ်ကုန် ဥပဒေဖြင့် ငွေဒဏ်အပြင် ထောင်ဒဏ်အနိမ့်ဆုံး ၂ နှစ်မှ ၅ နှစ်အထိ ချမှတ်အရေးယူ နိုင်သလို နှစ်ရှည်ထောင်ဒဏ်ပါ ချမှတ် အရေးယူဆောင်ရွက်နိုင်ကြောင်း သိရသည်။ 
ပိုင်ရှင်မဲ့ဖြစ်ပါက ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး လေလံတင်ရောင်းချကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။