Skip to main content
အသက္ ၆၀ ေက်ာ္အမ်ိဳးသားက တစ္ရြာတည္းေန ၅၀ ႏွစ္နီးပါးရွိစိတ္ေ၀ဒနာရွင္အမ်ိဳးသမီးအား အဓမၼျပဳက်င့္
Ads Block

အသက္ ၆၀ ေက်ာ္အမ်ိဳးသားက တစ္ရြာတည္းေန ၅၀ ႏွစ္နီးပါးရွိစိတ္ေ၀ဒနာရွင္အမ်ိဳးသမီးအား အဓမၼျပဳက်င့္

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕၌ အသက္ ၆၃ ႏွစ္အရြယ္ရွိ အမ်ိဳးသားက အသက္ ၄၈ ႏွစ္အရြယ္ရွိ စိတ္ေ၀ဒနာရွင္အမ်ိဳးသမီးအား အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ေကာ့ကရိတ္ၿမိဳ႕နယ္၊ နန္းေကာ္တိုးေက်းရြာ၌ ေနထိုင္လ်က္ေစ်းေရာင္းလုပ္ငန္းလုပ္ကိုင္သူ  ၅၈ ႏွစ္ရွိ တရားလိုအမ်ိဳးသမီးသည္ ေနအိမ္၌ရွိေနစဥ္ ဧၿပီလ ၈ ရက္၊ ေန႔လယ္ ၂ နာရီခြဲခန္႔၌ တစ္ရြာတည္းေနသူ ေဒၚ---- ေရာက္ရွိလာၿပီး ရြာအေနာက္ဘက္တြင္ေနထိုင္ေသာ ၆၃ ႏွစ္အရြယ္ ဦးေကာင္ႀကီး(ခ)အုန္းျမင့္ေနအိမ္၌ တရားလို၏ညီမျဖစ္သူ ၄၈ ႏွစ္အား ျမင္ေတြ႔ခဲ့ေၾကာင္း ေျပာဆိုခဲ့သည္ဟု တိုင္ၾကားခ်က္အရ သိရသည္။
ထို႔ေၾကာင့္အခင္းျဖစ္ေနရာသို႔ ေဒၚ------ႏွင့္အတူ သြားေရာက္ၾကည့္ရႈရာ ဦးေကာင္ႀကီး(ခ)အုန္းျမင့္၏ ေနအိမ္၌ ညီမ-------၊ ၄၈ ႏွစ္အား သားမယားျပဳက်င့္ေနၾကသည္ကို ျမင္ေတြ႔ခဲ့ၾကသည္ဟု တရားလိုမွ ထြက္ဆိုသည္။
ထို႔အျပင္ ကာယကံရွင္ညီမျဖစ္သူမွာ စိတ္ေ၀ဒနာရွင္တစ္ဦးျဖစ္ေၾကာင္း ၄င္း၏အစ္မျဖစ္သူတရားလို၏ ေျပာျပခ်က္အရ သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ကာယကံရွင္ႏွစ္ဦးစလံုးကို ေသြးစစ္ေဆးစစ္ျခင္းမ်ားျပဳလုပ္ေပးကာ အသက္ ၄၈ ႏွစ္ရွိ စိတ္ေ၀ဒနာရွင္ညီမျဖစ္သူကိုေသြးေဆာင္ကာသားမယားျပဳက်င့္သည့္ ဦးေကာင္ႀကီး(ခ)အုန္းျမင့္၊ ၆၃ ႏွစ္ကို အေရးယူေပးပါရန္ ေဒၚ-----၏ အစ္မျဖစ္သူမွ ဧၿပီလ ၈ ရက္၊ ညေန ၅ နာရီတြင္ တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕မရဲစခန္း၌ ဦးေကာင္ႀကီး(ခ)အုန္းျမင့္အား ပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။
- ဒါးဇ(အကုန္သိသတင္းဌာန)  | Source – SoeHtetAung(ေကာ့ကရိတ္)

Unicode version

အသက် ၆၀ ကျော်အမျိုးသားက တစ်ရွာတည်းနေ ၅၀ နှစ်နီးပါးရှိစိတ်ဝေဒနာရှင်အမျိုးသမီးအား အဓမ္မပြုကျင့်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသားက အသက် ၄၈ နှစ်အရွယ်ရှိ စိတ်ဝေဒနာရှင်အမျိုးသမီးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့နယ်၊ နန်းကော်တိုးကျေးရွာ၌ နေထိုင်လျက်ဈေးရောင်းလုပ်ငန်းလုပ်ကိုင်သူ  ၅၈ နှစ်ရှိ တရားလိုအမျိုးသမီးသည် နေအိမ်၌ရှိနေစဉ် ဧပြီလ ၈ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်၌ တစ်ရွာတည်းနေသူ ဒေါ်---- ရောက်ရှိလာပြီး ရွာအနောက်ဘက်တွင်နေထိုင်သော ၆၃ နှစ်အရွယ် ဦးကောင်ကြီး(ခ)အုန်းမြင့်နေအိမ်၌ တရားလို၏ညီမဖြစ်သူ ၄၈ နှစ်အား မြင်တွေ့ခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု တိုင်ကြားချက်အရ သိရသည်။
ထို့ကြောင့်အခင်းဖြစ်နေရာသို့ ဒေါ်------နှင့်အတူ သွားရောက်ကြည့်ရှုရာ ဦးကောင်ကြီး(ခ)အုန်းမြင့်၏ နေအိမ်၌ ညီမ-------၊ ၄၈ နှစ်အား သားမယားပြုကျင့်နေကြသည်ကို မြင်တွေ့ခဲ့ကြသည်ဟု တရားလိုမှ ထွက်ဆိုသည်။
ထို့အပြင် ကာယကံရှင်ညီမဖြစ်သူမှာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကြောင်း ၎င်း၏အစ်မဖြစ်သူတရားလို၏ ပြောပြချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင်နှစ်ဦးစလုံးကို သွေးစစ်ဆေးစစ်ခြင်းများပြုလုပ်ပေးကာ အသက် ၄၈ နှစ်ရှိ စိတ်ဝေဒနာရှင်ညီမဖြစ်သူကိုသွေးဆောင်ကာသားမယားပြုကျင့်သည့် ဦးကောင်ကြီး(ခ)အုန်းမြင့်၊ ၆၃ နှစ်ကို အရေးယူပေးပါရန် ဒေါ်-----၏ အစ်မဖြစ်သူမှ ဧပြီလ ၈ ရက်၊ ညနေ ၅ နာရီတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကော့ကရိတ်မြို့မရဲစခန်း၌ ဦးကောင်ကြီး(ခ)အုန်းမြင့်အား ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
- ဒါးဇ(အကုန်သိသတင်းဌာန)  | Source – SoeHtetAung(ကော့ကရိတ်)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။