Skip to main content
၂၀၁၉ လူဦးေရသန္းေခါင္စာရင္းအရ ၂၀၁၄ လူဦးေရသန္းေခါင္စာရင္းထက္ လူဦးေရ ၃ သန္းနီးပါးတိုးျမင့္လာ 
Ads Block

၂၀၁၉ လူဦးေရသန္းေခါင္စာရင္းအရ ၂၀၁၄ လူဦးေရသန္းေခါင္စာရင္းထက္ လူဦးေရ ၃ သန္းနီးပါးတိုးျမင့္လာ 

၂၀၁၉ ခုႏွစ္၊ ဧၿပီ ၁ ရက္ေန႔ျမန္မာႏိုင္ငံ၏ လူဦးေရအခ်က္အလက္မ်ားအရ ၅၄ သန္းေက်ာ္ျဖစ္လာသျဖင့္ ၂၀၁၄ ခုႏွစ္လူဦးေရသန္းေခါင္စာရင္းထက္ လူဦးေရ ၃ သန္းနီးပါးတိုးျမင့္လာေၾကာင္း သိရသည္။ 
ဧၿပီလအတြင္း သတင္းထုတ္ျပန္ခ်က္မ်ားအရ ၂၀၁၄ ခုႏွစ္လူဦးေရႏွင့္ အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းမွ ေကာက္ယူရရွိေသာလူဦးေရကိုအေျခခံ၍ ခန႔္မွန္းတြက္ခ်က္မႈမ်ားအရ ၂၀၁၉ ခုႏွစ္၊ ဧၿပီ ၁ ရက္တြင္ ရွိေသာ ျမန္မာႏိုင္ငံ၏ လူဦးေရမွာ ၅၄ ဒသမ ၁၀ သန္း ျဖစ္ေၾကာင္း သိရွိရသည္။
၂၀၁၄ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္၌ ထုတ္ျပန္ခ်က္မ်ားအရ ေရွ႕ေျပးလူဦးေရစာရင္းမွာ စုစုေပါင္း ၅၁၄၉၁၄၂၀ ဦး ျဖစ္ခဲ့ေၾကာင္း သိရသည္။
လူဦးေရစာရင္းအမွန္သိရွိရသည့္အတြက္ တိုင္းျပည္တြင္ စီမံကိန္းမ်ားေရးဆြဲရာတြင္ အဆင္ေျပ ေခ်ာေမြ႕လာႏိုင္ၿပီး လုပ္ငန္းမ်ားေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ရန္ကုန္တကၠသိုလ္မွ ဆရာမတစ္ဦးကလည္း မွတ္ခ်က္ျပဳေျပာၾကား သည္။
၂၀၁၉ ခုႏွစ္၊ ဧၿပီ ၁ ရက္၊ တိုင္းေဒသႀကီး၊ ျပည္နယ္အလိုက္ ခန႔္မွန္းလူဦးေရစာရင္းမွာ ကခ်င္ျပည္နယ္တြင္ က်ား (၉၇၈၂၂၄)၊ မ (၉၀၃၁၃၈)၊ စုစုေပါင္း (၁၈၈၁၃၆၂)၊ ကယားျပည္နယ္တြင္ က်ား (၁၅၉၁၂၁)၊ မ (၁၆၁၀၉၅)၊ စုစုေပါင္း(၃၂၀၂၁၆)၊ ကရင္ျပည္နယ္တြင္ က်ား (၇၈၃၇၁၆)၊ မ (၈၂၁၉၈၁)၊ စုစုေပါင္း(၁၆၀၅၆၉၇)၊ ခ်င္းျပည္နယ္တြင္ က်ား (၂၄၆၈၉၇)၊ မ (၂၆၉၈၅၅)၊ စုစုေပါင္း(၅၁၆၇၅၂) ဦးတို႔ျဖစ္သည္။
ထို႔အျပင္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ က်ား (၂၆၁၅၉၃၆)၊ မ (၂၉၃၄၄၅၃)၊စုစုေပါင္း (၅၅၅၀၃၈၉)၊ တနသၤာရီတိုင္းေဒသႀကီးတြင္ က်ား (၇၃၃၃၀၆)၊ မ(၇၄၅၇၈၀)၊ စုစုေပါင္း (၁၄၇၉၀၈၆)၊ ပဲခူးတိုင္းေဒသႀကီးတြင္ က်ား (၂၃၃၉၆၁၈)၊မ(၂၅၉၄၈၁၀)၊ စုစုေပါင္း (၄၉၃၄၄၂၈)၊ မေကြးတိုင္းေဒသႀကီးတြင္ က်ား(၁၈၀၇၁၄၅)၊ မ (၂၁၃၀၁၃၃)၊ စုစုေပါင္း (၃၉၃၇၂၇၈)တို႔ ျဖစ္သည္။
မႏၲေလးတိုင္းေဒသႀကီးတြင္ က်ား (၃၀၅၇၅၆၅)၊ မ (၃၄၂၀၁၇၅)၊ စုစုေပါင္း (၆၄၇၇၇၄၀)၊ မြန္ျပည္နယ္တြင္ က်ား (၉၄၃၆၀၉) ၊ မ(၁၀၅၁၄၅၉)၊ စုစုေပါင္း (၁၉၉၅၀၆၈)၊ ရခိုင္ျပည္နယ္တြင္က်ား (၁၅၈၂၀၃၄)၊ မ (၁၇၄၃၀၈၂)၊ စုစုေပါင္း (၃၃၂၅၁၁၆)၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ က်ား (၃၈၈၇၄၄၉)၊ မ (၄၃၁၆၃၈၃)၊ စစုေပါင္း (၈၂၀၃၈၃၂)၊ ရွမ္းျပည္နယ္တြင္ က်ား (၃၁၅၆၁၆၆)၊ မ (၃၁၇၆၀၂၂)၊ စုစုေပါင္း (၆၃၃၂၁၈၈)၊
ဧရာဝတီတိုင္းေဒသႀကီးတြင္ က်ား (၃၀၄၂၈၁၄)၊ မ (၃၂၃၀၀၉၉)၊ စုစုေပါင္း (၆၂၇၂၉၁၃)၊ ေနျပည္ေတာ္ေကာင္စီ နယ္ေျမတြင္ က်ား(၆၁၅၂၈၉)၊ မ(၆၅၃၈၉၉)၊ စုစုေပါင္း (၁၂၆၉၁၈၈) ဦးျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ လူဦးေရမွာက်ား (၂၅၉၄၈၈၈၉)၊ မ (၂၈၁၅၂၃၆၄)၊ စုစုေပါင္း (၅၄၁၀၁၂၅၃) ဦးျဖစ္ေၾကာင္း ျပည္သူ႔အင္အားဦးစီးဌာနမွ ထုတ္ျပန္ခ်က္အရ သိရသည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

၂၀၁၉ လူဦးရေသန်းခေါင်စာရင်းအရ ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းထက် လူဦးရေ ၃ သန်းနီးပါးတိုးမြင့်လာ 

၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မြန်မာနိုင်ငံ၏ လူဦးရေအချက်အလက်များအရ ၅၄ သန်းကျော်ဖြစ်လာသဖြင့် ၂၀၁၄ ခုနှစ်လူဦးရေသန်းခေါင်စာရင်းထက် လူဦးရေ ၃ သန်းနီးပါးတိုးမြင့်လာကြောင်း သိရသည်။ 
ဧပြီလအတွင်း သတင်းထုတ်ပြန်ချက်များအရ ၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူရရှိသောလူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ရှိသော မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၄ ဒသမ ၁၀ သန်း ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၌ ထုတ်ပြန်ချက်များအရ ရှေ့ပြေးလူဦးရေစာရင်းမှာ စုစုပေါင်း ၅၁၄၉၁၄၂၀ ဦး ဖြစ်ခဲ့ကြောင်း သိရသည်။
လူဦးရေစာရင်းအမှန်သိရှိရသည့်အတွက် တိုင်းပြည်တွင် စီမံကိန်းများရေးဆွဲရာတွင် အဆင်ပြေ ချောမွေ့လာနိုင်ပြီး လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးကလည်း မှတ်ချက်ပြုပြောကြား သည်။
၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် ကျား (၉၇၈၂၂၄)၊ မ (၉၀၃၁၃၈)၊ စုစုပေါင်း (၁၈၈၁၃၆၂)၊ ကယားပြည်နယ်တွင် ကျား (၁၅၉၁၂၁)၊ မ (၁၆၁၀၉၅)၊ စုစုပေါင်း(၃၂၀၂၁၆)၊ ကရင်ပြည်နယ်တွင် ကျား (၇၈၃၇၁၆)၊ မ (၈၂၁၉၈၁)၊ စုစုပေါင်း(၁၆၀၅၆၉၇)၊ ချင်းပြည်နယ်တွင် ကျား (၂၄၆၈၉၇)၊ မ (၂၆၉၈၅၅)၊ စုစုပေါင်း(၅၁၆၇၅၂) ဦးတို့ဖြစ်သည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျား (၂၆၁၅၉၃၆)၊ မ (၂၉၃၄၄၅၃)၊စုစုပေါင်း (၅၅၅၀၃၈၉)၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျား (၇၃၃၃၀၆)၊ မ(၇၄၅၇၈၀)၊ စုစုပေါင်း (၁၄၇၉၀၈၆)၊ ပဲခူးတိုင်းဒေသကြီးတွင် ကျား (၂၃၃၉၆၁၈)၊မ(၂၅၉၄၈၁၀)၊ စုစုပေါင်း (၄၉၃၄၄၂၈)၊ မကွေးတိုင်းဒေသကြီးတွင် ကျား(၁၈၀၇၁၄၅)၊ မ (၂၁၃၀၁၃၃)၊ စုစုပေါင်း (၃၉၃၇၂၇၈)တို့ ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် ကျား (၃၀၅၇၅၆၅)၊ မ (၃၄၂၀၁၇၅)၊ စုစုပေါင်း (၆၄၇၇၇၄၀)၊ မွန်ပြည်နယ်တွင် ကျား (၉၄၃၆၀၉) ၊ မ(၁၀၅၁၄၅၉)၊ စုစုပေါင်း (၁၉၉၅၀၆၈)၊ ရခိုင်ပြည်နယ်တွင်ကျား (၁၅၈၂၀၃၄)၊ မ (၁၇၄၃၀၈၂)၊ စုစုပေါင်း (၃၃၂၅၁၁၆)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျား (၃၈၈၇၄၄၉)၊ မ (၄၃၁၆၃၈၃)၊ စစုပေါင်း (၈၂၀၃၈၃၂)၊ ရှမ်းပြည်နယ်တွင် ကျား (၃၁၅၆၁၆၆)၊ မ (၃၁၇၆၀၂၂)၊ စုစုပေါင်း (၆၃၃၂၁၈၈)၊
ဧရာဝတီတိုင်းဒေသကြီးတွင် ကျား (၃၀၄၂၈၁၄)၊ မ (၃၂၃၀၀၉၉)၊ စုစုပေါင်း (၆၂၇၂၉၁၃)၊ နေပြည်တော်ကောင်စီ နယ်မြေတွင် ကျား(၆၁၅၂၈၉)၊ မ(၆၅၃၈၉၉)၊ စုစုပေါင်း (၁၂၆၉၁၈၈) ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေမှာကျား (၂၅၉၄၈၈၈၉)၊ မ (၂၈၁၅၂၃၆၄)၊ စုစုပေါင်း (၅၄၁၀၁၂၅၃) ဦးဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။