Skip to main content
ကြန္ဒိုမီဒီယံ တည္ေထာင္သူကို လုပ္ငန္းလိုင္မ်ား စတင္ထုတ္ေပးေန
Ads Block

ကြန္ဒိုမီဒီယံ တည္ေထာင္သူကို လုပ္ငန္းလိုင္မ်ား စတင္ထုတ္ေပးေန

စုေပါင္းပုိင္အေဆာက္အအုံဆိုင္ရာ တည္ေထာင္သူ လုပ္ငန္းလိုင္စင္ကုိ ဧၿပီလ ၆ ရက္က စတင္ထုတ္ေပးေနၿပီး လက္ရိွတြင္ လုပ္ငန္းရွင္ ၃၂ ဦးကုိ တရား၀င္ထုတ္ေပးခဲ့ေၾကာင္း သိရသည္။
ကြန္ဒိုမီဒီယံ(စုေပါင္းပုိင္အေဆာက္အအုံ) ဥပေဒအရ ကြန္ဒိုမီဒီယံတည္ေဆာက္မည့္သူေတြအပါအ၀င္ တည္ေဆာက္ေနဆဲျဖစ္ သည့္ လုပ္ငန္းရွင္ေတြကုိ လုပ္ငန္းလိုင္စင္ေတြ တရား၀င္စတင္ ထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အရင္တုန္းကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းလိုင္စင္ပဲရွိတယ္။ အခု Developer လုပ္ငန္းလိုင္စင္ေခၚတယ္။ အရင္တုန္းက Developer ဆိုၿပီးေတာ့ တရား၀င္လုပ္ငန္းလိုင္စင္မရွိဘူး။ အခု ကြန္ဒိုမီဒီယံဥပေဒအရ ကြန္ဒိုမီဒီယံတည္ေဆာက္မယ့္သူေတြကို အရင္ေပးအပ္တာျဖစ္တယ္။ ဒီထဲမွာ ျပည္တြင္းနဲ႔ ဖက္စပ္လုပ္ငန္းေတြလည္းပါတယ္” ဟု Myanmar Developer Association မွ အေထြေထြအတြင္းေရးမွဴး ဦးေဇာ္ရဲ၀င္းက ေျပာပါတယ္။ 
ကြန္ဒိုမီဒီယံဥပေဒအရ အေဆာက္အဦး တစ္ခုလုံး၏ ၄၀ ရာခိုင္ႏႈန္းကို ႏုိင္ငံျခားသား ၀ယ္ယူႏိုင္ေသာ္လည္း လက္ရွိ ကြန္ဒိုမီဒီယံ ေစ်းကြက္အေျခေနအရ ႏုိင္ငံျခားသား ၀ယ္ယူမႈအေျခအေနမွာ အားရစရာ မရွိေသးဘဲ စိတ္၀င္တစားႏွင့္ ေမးျမန္းမႈမ်ားသာ ရွိေန ေၾကာင္း သိရသည္။
ယင္းအျပင္ ႏုိင္ငံျခားသားမ်ား အေျခခ်ေနထိုင္ေလာက္မည့္  မ်က္စိက်ေစေလာက္သည့္ ေစ်းကြက္အေနအထားမ်ိဳး မရွိေသး သည့္အတြက္ ကြန္ဒိုမီဒီယံအခန္း ၀ယ္ယူမႈမွာ အားရစရာေကာငး္ေလာက္သည့္ အေနအထားမရွိေသးေၾကာင္း သိရသည္။
လက္ရိွတြင္ အငွားေစ်းႏႈန္းအေနျဖင့္ က်ပ္ငါးသိန္းေအာက္ အိမ္ၿခံေျမတိုက္ခန္းမ်ားမွာ ေစ်းႏႈန္းက်ဆင္းျခင္းမရွိဘဲ ေစ်းႏႈန္း အျမင့္ပိုင္းျဖစ္သည့္ က်ပ္ ၁၀ သိန္းႏွင့္အထက္ အိမ္ၿခံေျမတိုက္ခန္းမ်ားမွာမူ ေစ်းႏႈန္း ၂၀ ရာခိုင္ႏႈန္းခန္႔က်ဆင္းေနေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

ကွန်ဒိုမီဒီယံ တည်ထောင်သူကို လုပ်ငန်းလိုင်များ စတင်ထုတ်ပေးနေ

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ တည်ထောင်သူ လုပ်ငန်းလိုင်စင်ကို ဧပြီလ ၆ ရက်က စတင်ထုတ်ပေးနေပြီး လက်ရှိတွင် လုပ်ငန်းရှင် ၃၂ ဦးကို တရားဝင်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကွန်ဒိုမီဒီယံ(စုပေါင်းပိုင်အဆောက်အအုံ) ဥပဒေအရ ကွန်ဒိုမီဒီယံတည်ဆောက်မည့်သူတွေအပါအဝင် တည်ဆောက်နေဆဲဖြစ် သည့် လုပ်ငန်းရှင်တွေကို လုပ်ငန်းလိုင်စင်တွေ တရားဝင်စတင် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်တုန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းလိုင်စင်ပဲရှိတယ်။ အခု Developer လုပ်ငန်းလိုင်စင်ခေါ်တယ်။ အရင်တုန်းက Developer ဆိုပြီးတော့ တရားဝင်လုပ်ငန်းလိုင်စင်မရှိဘူး။ အခု ကွန်ဒိုမီဒီယံဥပဒေအရ ကွန်ဒိုမီဒီယံတည်ဆောက်မယ့်သူတွေကို အရင်ပေးအပ်တာဖြစ်တယ်။ ဒီထဲမှာ ပြည်တွင်းနဲ့ ဖက်စပ်လုပ်ငန်းတွေလည်းပါတယ်”ဟု Myanmar Developer Association မှ အထွေထွေအတွင်းရေးမှူး ဦးဇော်ရဲဝင်းက ပြောပါတယ်။ 
ကွန်ဒိုမီဒီယံဥပဒေအရ အဆောက်အဦး တစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသား ဝယ်ယူနိုင်သော်လည်း လက်ရှိ ကွန်ဒိုမီဒီယံ ဈေးကွက်အခြေနေအရ နိုင်ငံခြားသား ဝယ်ယူမှုအခြေအနေမှာ အားရစရာ မရှိသေးဘဲ စိတ်ဝင်တစားနှင့် မေးမြန်းမှုများသာ ရှိနေ ကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံခြားသားများ အခြေချနေထိုင်လောက်မည့်  မျက်စိကျစေလောက်သည့် ဈေးကွက်အနေအထားမျိုး မရှိသေး သည့်အတွက် ကွန်ဒိုမီဒီယံအခန်း ဝယ်ယူမှုမှာ အားရစရာကောင်းလောက်သည့် အနေအထားမရှိသေးကြောင်း သိရသည်။
လက်ရှိတွင် အငှားဈေးနှုန်းအနေဖြင့် ကျပ်ငါးသိန်းအောက် အိမ်ခြံမြေတိုက်ခန်းများမှာ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဈေးနှုန်း အမြင့်ပိုင်းဖြစ်သည့် ကျပ် ၁၀ သိန်းနှင့်အထက် အိမ်ခြံမြေတိုက်ခန်းများမှာမူ ဈေးနှုန်း ၂၀ ရာခိုင်နှုန်းခန့်ကျဆင်းနေကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။