Skip to main content
ေက်ာက္တူးေဖာ္ေရးကုမၸဏီလုပ္ကြက္အတြင္း ျဗဳန္းေက်ာက္ခိုးတူးသူ ၂ ဦး ေက်ာက္ခဲမ်ားၿပိဳက်ပိမိ၍ ေသဆုံး
Ads Block

ေက်ာက္တူးေဖာ္ေရးကုမၸဏီလုပ္ကြက္အတြင္း ျဗဳန္းေက်ာက္ခိုးတူးသူ ၂ ဦး ေက်ာက္ခဲမ်ားၿပိဳက်ပိမိ၍ ေသဆုံး

ရမည္းသင္းၿမိဳ႕နယ္ရွိ မိုးထိမိုးမိေဒသမွ ေ႐ႊမိုးယံကုမၸဏီလုပ္ကြက္အတြင္း ျဗဳန္းေက်ာက္မ်ား ဝင္ေရာက္ ခိုးတူးသည့္အမ်ဳိးသား ၂ ဦး ျဗဳန္းေက်ာက္ခဲမ်ားၿပိဳက်ပိမိ၍ ေသဆုံးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၱေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံသို႔ ဧၿပီလ ၈ ရက္၊ နံနက္ ၁၀ နာရီ ၅၅ မိနစ္ခန္႔က အမ်ဳိးသားအေလာင္း ၂ ေလာင္းေရာက္ရွိေနေၾကာင္းသတင္းအရ တူးကုန္းရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ခင္ေမာင္ျမင့္၊ (၃၀)ႏွစ္ပါ ၂ ဦးမွာ ဦးေခါင္းေနာက္ေစ့၊ ယာမ်က္လုံး၊ ေျခသလုံး ေပါက္ၿပဲဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခ့ဲေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္ကို သက္ဆိုင္ရာမွစိစစ္ေမးျမန္းရာ ဧၿပီလ ၈ ရက္၊ နံနက္အေစာပိုင္း ၁၂ နာရီ ၄၀ မိနစ္ခန္႔က ၎တို႔ ၂ ဦးသည္ မိုးထိမိုးမိေဒသရွိ ေ႐ႊမိုးယံကုမၸဏီလုပ္ကြက္အတြင္း၌ ျဗဳန္းေက်ာက္မ်ား ဝင္ေရာက္ခိုးတူးရာမွ ျဗဳန္းေက်ာက္ခဲမ်ား ၿပိဳက်ပိမိ၍ေသဆုံးျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမႈႏွင့္ပတ္သက္၍ ရမည္းသင္းၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္းအမွတ္စဥ္ ၅/၂၀၁၉ ျဖင့္ ေရးဖြင့္ထားေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode version

ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်း ဗြုန်းကျောက်ခိုးတူးသူ ၂ ဦး ကျောက်ခဲများပြိုကျပိမိ၍ သေဆုံး

ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိဒေသမှ ရွှေမိုးယံကုမ္ပဏီလုပ်ကွက်အတွင်း ဗြုန်းကျောက်များ ဝင်ရောက် ခိုးတူးသည့်အမျိုးသား ၂ ဦး ဗြုန်းကျောက်ခဲများပြိုကျပိမိ၍ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ဧပြီလ ၈ ရက်၊ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က အမျိုးသားအလောင်း ၂ လောင်းရောက်ရှိနေကြောင်းသတင်းအရ တူးကုန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ခင်မောင်မြင့်၊ (၃၀)နှစ်ပါ ၂ ဦးမှာ ဦးခေါင်းနောက်စေ့၊ ယာမျက်လုံး၊ ခြေသလုံး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်ကို သက်ဆိုင်ရာမှစိစစ်မေးမြန်းရာ ဧပြီလ ၈ ရက်၊ နံနက်အစောပိုင်း ၁၂ နာရီ ၄၀ မိနစ်ခန့်က ၎င်းတို့ ၂ ဦးသည် မိုးထိမိုးမိဒေသရှိ ရွှေမိုးယံကုမ္ပဏီလုပ်ကွက်အတွင်း၌ ဗြုန်းကျောက်များ ဝင်ရောက်ခိုးတူးရာမှ ဗြုန်းကျောက်ခဲများ ပြိုကျပိမိ၍သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အမှုနှင့်ပတ်သက်၍ ရမည်းသင်းမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉ ဖြင့် ရေးဖွင့်ထားကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။