Skip to main content
မဲခရဲ သစ္ေတာႀကိဳးဝိုင္းအတြင္း ဆင္ပစ္မုဆိုး (၃)ဦးကို လက္လုပ္တူမီး ေသနတ္တစ္လက္အပါအ၀င္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိ
Ads Block

မဲခရဲ သစ္ေတာႀကိဳးဝိုင္းအတြင္း ဆင္ပစ္မုဆိုး (၃)ဦးကို လက္လုပ္တူမီး ေသနတ္တစ္လက္အပါအ၀င္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိ

ဧရာ၀တီတိုငိးေဒသႀကီး ငပုေတာၿမိဳ႕နယ္ က်ံဳကူးနယ္ေျမ ရဲစခန္းအပိုင္ ေညာင္ဝိုင္းေက်းရြာအုပ္စု မဲခရဲသစ္ေတာႀကိဳးဝိုင္းအတြင္း လူစိမ္းမ်ား ေရာက္ရွိေနေၾကာင္း သတင္းေပးခ်က္အရ သက္ဆိုင္ရာမွ ၀င္ေရာက္ ရွင္းလင္းခဲ့ရာ ဆင္ပစ္မုဆိုးမ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
သတင္းေပးခ်က္အရ က်ံဳကူးနယ္ေျမစခန္းမွဴး အပါအဝင္ ရဲတပ္ဖြဲ႔ဝင္ ၇ ဦး၊ ဆင္အေျခ စိုက္ စခန္းမွ ၂ ဦး၊ သစ္ေတာ ရဲတပ္ဖြဲ႔ဝင္ ၂ ဦးႏွင့္အတူ တင္းေခ်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ပါဝင္သည့္ ပူးေပါင္းအဖြဲ႔မွ ဧၿပီလ ၈ ရက္ နံနက္၂ နာရီ အခ်ိန္ခန္႔တြင္ ဝင္ ေရာက္ရွင္းလင္းခဲ့ရာ ဆင္ပစ္မုဆိုး ၃ ဦး တူမီးေသနတ္ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ ေၾကာင္း သိရသည္။

မဲခရဲ သစ္ေတာႀကိဳးဝိုင္းအတြင္း ဆင္ပစ္မုဆိုး (၃)ဦးကို လက္လုပ္တူမီး ေသနတ္တစ္လက္အပါအ၀င္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိ

ဖမ္းဆီးရမိခဲ့သူ (၃)ဦးမွာ ေအာင္လင္းအသက္ ၂၂ ႏွစ္(ဘ) ဦးေစာေရႊေအာင္၊ ေအာင္မဂၤလာရပ္ကြက္ လႈိင္သာယာၿမိဳ႕၊ ဇင္ေမာင္ ေမာင္(ခ)ေမာင္ေပါက္ရွည္ ၃၀ႏွစ္(ဘ)ဦးထြန္းေအး ဂ်ိတ္ကြင္းေက်းရြာ၊ ငါးေျပမအုပ္စု ငပုေတာၿမိဳ႕နယ္ႏွင့္ မင္းေဇာ္ ၃၂ ႏွစ္ (ဘ) ဦးခင္ညိမ္း၊  စမ္းနားေက်းရြာ၊ငါးေျပမအုပ္စု ငပုေတာၿမိဳ႕ေနသူတို႔ျဖစ္ ျဖစ္ေၾကာင္း သိရသည္။
၎တို႔ႏွင့္အတူ လက္လုပ္တူမီး ေသနတ္တစ္လက္၊ ဓါးရွည္တစ္ေခ်ာင္း၊ သံဦးခၽြန္ထက္ျမွားႏွင့္ ယမ္၊ ယမ္းစိမ္း စသည့္ ဆက္စပ္ ပစၥည္းမ်ား သိမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဖမ္းဆီးရမိသူ (၃) ဦးကို ငပုေတာၿမိဳ႕နယ္၊ က်ံဳကူးနယ္ေျမရဲစခန္းတြင္ (ပ)၁၇/၁၉၊ လက္နက္ ဥပေဒ ပုဒ္မ -၁၉(စ)တို႔ျဖင့္ ဖမ္းဆီးအမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

 -  ထက္ခိုင္ - ပုသိမ္(အကုန္သိသတင္းဌာန)

Unicode version

မဲခရဲ သစ်တောကြိုးဝိုင်းအတွင်း ဆင်ပစ်မုဆိုး (၃)ဦးကို လက်လုပ်တူမီး သေနတ်တစ်လက်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိ

ဧရာဝတီတိုငိးဒေသကြီး ငပုတောမြို့နယ် ကျုံကူးနယ်မြေ ရဲစခန်းအပိုင် ညောင်ဝိုင်းကျေးရွာအုပ်စု မဲခရဲသစ်တောကြိုးဝိုင်းအတွင်း လူစိမ်းများ ရောက်ရှိနေကြောင်း သတင်းပေးချက်အရ သက်ဆိုင်ရာမှ ဝင်ရောက် ရှင်းလင်းခဲ့ရာ ဆင်ပစ်မုဆိုးများနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သတင်းပေးချက်အရ ကျုံကူးနယ်မြေစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး၊ ဆင်အခြေ စိုက် စခန်းမှ ၂ ဦး၊ သစ်တော ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့်အတူ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဧပြီလ ၈ ရက် နံနက်၂ နာရီ အချိန်ခန့်တွင် ဝင် ရောက်ရှင်းလင်းခဲ့ရာ ဆင်ပစ်မုဆိုး ၃ ဦး တူမီးသေနတ်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သူ (၃)ဦးမှာ အောင်လင်းအသက် ၂၂ နှစ်(ဘ) ဦးစောရွှေအောင်၊ အောင်မင်္ဂလာရပ်ကွက် လှိုင်သာယာမြို့၊ ဇင်မောင် မောင်(ခ)မောင်ပေါက်ရှည် ၃၀နှစ်(ဘ)ဦးထွန်းအေး ဂျိတ်ကွင်းကျေးရွာ၊ ငါးပြေမအုပ်စု ငပုတောမြို့နယ်နှင့် မင်းဇော် ၃၂ နှစ် (ဘ) ဦးခင်ညိမ်း၊  စမ်းနားကျေးရွာ၊ငါးပြေမအုပ်စု ငပုတောမြို့နေသူတို့ဖြစ် ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ လက်လုပ်တူမီး သေနတ်တစ်လက်၊ ဓါးရှည်တစ်ချောင်း၊ သံဦးချွန်ထက်မြှားနှင့် ယမ်၊ ယမ်းစိမ်း စသည့် ဆက်စပ် ပစ္စည်းများ သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ (၃) ဦးကို ငပုတောမြို့နယ်၊ ကျုံကူးနယ်မြေရဲစခန်းတွင် (ပ)၁၇/၁၉၊ လက်နက် ဥပဒေ ပုဒ်မ -၁၉(စ)တို့ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 -  ထက်ခိုင် - ပုသိမ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။