Skip to main content
ေကာ္ေစ့ထည့္ပစ္ရေသာေသနတ္မ်ားသယ္ေဆာင္လာသူကို လက္နက္ဥပေဒျဖင့္ ဖမ္းဆီးအမႈဖြင့္
Ads Block

ေကာ္ေစ့ထည့္ပစ္ရေသာေသနတ္မ်ားသယ္ေဆာင္လာသူကို လက္နက္ဥပေဒျဖင့္ ဖမ္းဆီးအမႈဖြင့္

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕၌ ထိုင္းႏုိင္ငံလုပ္ ေကာ္ေစ့ထည့္၍ပစ္ခတ္ရသည့္လက္နက္မ်ား တရားမ၀င္ တင္ေဆာင္လာသူခရီးသည္အမ်ိဳးသားကို ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနမွ ထုတ္ျပန္ခ်က္အရ သိရသည္။ 
ျဖစ္စဥ္မွာ ဧၿပီလ ၇ ရက္၊ ယမန္ေန႔ ညေန ၅ နာရီခြဲခန္႔က ျမဝတီၿမိဳ႕နယ္၊ သဃၤန္းညီေနာင္ေက်း႐ြာ၊ ပူးေပါင္းစစ္ေဆးဂိတ္၌ ပူးေပါင္းတပ္ဖြဲ႔၀င္မ်ားသည္ စစ္ေဆးေရး၀င္ေနၾကစဥ္ ျမဝတီၿမိဳ႕ဘက္မွ ေကာ့ကရိတ္ၿမိဳ႕ ဘက္သို႔ ခြန္ေက်ာ္သက္ခိုင္၊ (၃၃)ႏွစ္ေမာင္းႏွင္လာသည့္ Nissan Caravan ကိုတားဆီးစစ္ေဆးစဥ္ ယခုကဲ့သို႔ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
အဆိုပါယာဥ္သည္ အခေၾကးေငြျဖင့္ခရီးသည္တင္ေဆာင္သည့္ယာဥ္ငယ္ျဖစ္ၿပီး ယာဥ္ေမာင္းအပါအ၀င္ လူ ၆ ဦၤး(က်ား ၃၊ မ ၃)တုိ႔လိုက္ပါလာခဲ့ၾကကာ ယာဥ္ေနာက္ခန္း၌တင္ေဆာင္လာေသာ ထိုင္းႏိုင္ငံလုပ္ေသနတ္ အရွည္ ၂ လက္ႏွင့္ အတို ၄ လက္တို႔ကို ေတြ႔ရွိသိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ဆက္လက္စစ္ေဆးခ်က္အရ ယင္းလက္နက္မ်ားကို ယာဥ္ေပၚလိုက္ပါေသာ ခရီးသည္ျဖစ္သူ မင္းထြန္းႏုိင္၊ အသက္ ၃၉ ႏွစ္က တင္ေဆာင္လာျခင္းျဖစ္ၿပီး ေကာ္ေစ့ထည့္၍ပစ္ခတ္ရသည့္ လက္နက္မ်ားျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ၎ကို သဃၤန္းညီေနာင္နယ္ေျမရဲစခန္း၌(ပ)၅၄/၂၀၁၉၊ လက္နက္ပုဒ္မ ၁၉(စ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနမွ သိရသည္။ 

 - ဒါးဇ(အကုန္သိသတင္းဌာန)

Unicode version

ကော်စေ့ထည့်ပစ်ရသောသေနတ်များသယ်ဆောင်လာသူကို လက်နက်ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ထိုင်းနိုင်ငံလုပ် ကော်စေ့ထည့်၍ပစ်ခတ်ရသည့်လက်နက်များ တရားမဝင် တင်ဆောင်လာသူခရီးသည်အမျိုးသားကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ 
ဖြစ်စဉ်မှာ ဧပြီလ ၇ ရက်၊ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၊ ပူးပေါင်းစစ်ဆေးဂိတ်၌ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စစ်ဆေးရေးဝင်နေကြစဉ် မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ ဘက်သို့ ခွန်ကျော်သက်ခိုင်၊ (၃၃)နှစ်မောင်းနှင်လာသည့် Nissan Caravan ကိုတားဆီးစစ်ဆေးစဉ် ယခုကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါယာဉ်သည် အခကြေးငွေဖြင့်ခရီးသည်တင်ဆောင်သည့်ယာဉ်ငယ်ဖြစ်ပြီး ယာဉ်မောင်းအပါအဝင် လူ ၆ ဦၤး(ကျား ၃၊ မ ၃)တို့လိုက်ပါလာခဲ့ကြကာ ယာဉ်နောက်ခန်း၌တင်ဆောင်လာသော ထိုင်းနိုင်ငံလုပ်သေနတ် အရှည် ၂ လက်နှင့် အတို ၄ လက်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်စစ်ဆေးချက်အရ ယင်းလက်နက်များကို ယာဉ်ပေါ်လိုက်ပါသော ခရီးသည်ဖြစ်သူ မင်းထွန်းနိုင်၊ အသက် ၃၉ နှစ်က တင်ဆောင်လာခြင်းဖြစ်ပြီး ကော်စေ့ထည့်၍ပစ်ခတ်ရသည့် လက်နက်များဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းကို သင်္ဃန်းညီနောင်နယ်မြေရဲစခန်း၌(ပ)၅၄/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ 

 - ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။