Skip to main content
ျမန္မာႏိုင္ငံတြင္ ဝါးျဖင့္ျပဳလုပ္ေသာ တန္ဖိုးျမင့္လူသံုးကုန္ပစၥည္းထုတ္စက္ရံုမ်ားေပၚထြန္းရန္ ၆ ႏွစ္ခန္႔ ၾကာျမင့္ႏုိင္ဟု ဆို 
Ads Block

ျမန္မာႏိုင္ငံတြင္ ဝါးျဖင့္ျပဳလုပ္ေသာ တန္ဖိုးျမင့္လူသံုးကုန္ပစၥည္းထုတ္စက္ရံုမ်ားေပၚထြန္းရန္ ၆ ႏွစ္ခန္႔ ၾကာျမင့္ႏုိင္ဟု ဆို 

ဝါးကုန္ၾကမ္းမွတစ္ဆင့္ တန္ဖိုးျမင့္လူသံုးကုန္ပစၥည္းမ်ား ထုတ္လုပ္သည့္စက္ရံုမ်ားစြာေပၚထြန္းလာရန္ အခ်ိန္ ၆ ႏွစ္ခန္႔ၾကာျမင့္ႏုိင္ေသးေၾကာင္း ျမန္မာႏိုင္ငံ ဝါးစိုက္ပ်ိဳးေရးအသင္း ဒုတိယဥကၠ႒ ဦးခင္လွေအာင္က သံုးသပ္ေျပာၾကားသည္။ 
လက္ရွိ အရည္အေသြးျမင့္ဝါးကုန္ၾကမ္းမ်ား လံုေလာက္စြာရရွိရန္ ဝါးစိုက္ခင္းမ်ားစြာတည္ေထာင္ရန္ လိုအပ္ေနေၾကာင္း သိရသည္။ 
“သဘာဝဝါးေတာေတြကလည္းသုန္းကုန္ၿပီ။ ဒီေန႔ကုန္ၾကမ္းရရင္မနက္ျဖန္မရေတာ့ဘူး။ သဘာဝဝါးေတာကို မီၿပီး စက္ရံုတည္ထားရင္လည္း တစ္ႏွစ္ပတ္လံုး ဆက္တိုက္မထုတ္ႏုိင္ၾကပါဘူး။ ေနာက္တစ္ခုက သဘာဝေတာက စည္းကမ္းမဲ့ခ်ိဳးထားေတာ့ ဝါးေတြကထြက္ခ်င္သလိုထြက္တာ။ ဝါးေကာင္းမရဘူး။ စိုက္ခင္းေတြက်ေတာ့ စနစ္တက်ျပဳစုစိုက္ပ်ိဳးထားတယ္။ ခုတ္လည္း စည္းနဲ႔ကမ္းနဲ႔ခုတ္တယ္။ စုိက္ခင္းေတြကသာ ဝါးေကာင္းရတာ။ အဲဒီကဝါးေတြကပဲ အဆင့္ျမင့္လူသံုးကုန္ေတြ ထုတ္လုိ႔ရတာ။ ဒါေပမဲ့ စက္ရံုေတြ ကုန္ၾကမ္းလံံုလံုေလာက္ေလာက္ရေလာက္ေအာင္ စုိက္ခင္းေတြက မရွိေသးဘူး။စက္ရံုေတြ ေပၚလာဖုိ႔၊ စိုက္ခင္းေတြမ်ားလာဖို႔ ေနာက္ထပ္ ၆ ႏွစ္ေလာက္ၾကာဦးမယ္။ အသင္းကေတာ့ဝါးစို္က္ခင္းေတြ မ်ားလာေအာင္ေဖာ္ထုတ္ေနတယ္” ဟု ဦးခင္လွေအာင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ဝါးကုန္ၾကမ္းမ်ား လံုေလာက္စြာမရရွိျခင္းေၾကာင့္ ျမန္မာႏိုင္ငံတြင္ ဝါးမွတစ္ဆင့္ လူသံုးကုန္ပစၥည္းထုတ္သည့္ စက္ရံုမ်ား တည္ေထာင္ၾကေသာ္လည္း မၾကာမီတြင္ပင္ ပိတ္သိမ္းေလ့ရွိေနေၾကာင္း သိရသည္။
ဝါးစိုက္ပ်ိဳးျခင္းျဖင့္ သဘာဝပတ္ဝန္းက်င္ စိမ္းလန္းစိုျပည္ေရး၊ သစ္ေတာမျပဳန္းတီးေရးကို တစ္ဖက္တစ္လမ္းမွ အကူရေပးေၾကာင္း၊ ထုိ႔အျပင္ ဝါးမွတစ္ဆင့္ အေသးစားလူသံုးကုန္ပစၥည္းမ်ားျဖစ္သည့္ ဝါးတူ၊ ဇေကာ၊ ဆန္ကာ၊ ေတာင္း၊ ပလံုး၊ ျခင္း စသည္ လက္မႈထည္မ်ားကိုထုတ္လုပ္ႏိုင္သည့္အျပင္ သစ္အစားပစၥည္းမ်ား ျဖစ္ေသာ ၾကမ္းခင္းလ်ာထုိး၊ ပရိေဘာဂပစၥည္းမ်ားထုတ္လုပ္ႏိုင္ေၾကာင္း သိရသည္။ 
ဝါးလံုး (ဝါးကုန္ၾကမ္း) မ်ားကို ျပည္တြင္းအသံုးျပဳရန္ ေရာင္းခ်ေနသည့္အျပင္ တနသာၤရီတုိင္းဘက္မွ ထုိင္းႏိုင္ငံသို႔လည္းေကာင္း၊ ရခိုင္ျပည္နယ္ဘက္မွ ဘဂၤလားေဒရွ႕ႏိုင္ငံသို႔လည္းေကာင္း တင္ပို႔မႈမ်ားရွိသည္။
ဝါးျဖင့္ ျပဳလုပ္ထားသည့္ (ကုန္ေခ်ာပစၥည္း) လက္မႈထည္မ်ားကိုမူ ျပည္တြင္း၊ ျပည္ပေစ်း ကြက္သို႔ အနည္းငယ္ တင္ပို႔ေရာင္းခ်မႈရွိေၾကာင္း သိရသည္။ 
ျမန္မာႏိုင္ငံသည္ ယခင္က ကမာၻေပၚတြင္ တတိယဝါးေတာအမ်ားဆံုးႏုိင္ငံျဖစ္ခဲ့ေသာ္လည္း စည္း ကမ္းမဲ့စြာ မွ်စ္ခ်ိဳးျခင္း၊ ဝါးခုတ္ျခင္း၊ ေတာမီးေလာင္ျခင္းတုိ႔ေၾကာင့္ ပံုမွန္ထက္ေစာဆီးစြာ ဝါးေတာမ်ားျပဳန္းတီးလာၿပီး လက္ရွိတြင္ အဆင့္တစ္ဆယ္ႏွစ္ဝါးေတာအမ်ားဆံုးအေျခအေနသို႔ ေရာက္ရွိေနေၾကာင္း သိရသည္။

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

မြန်မာနိုင်ငံတွင် ဝါးဖြင့်ပြုလုပ်သော တန်ဖိုးမြင့်လူသုံးကုန်ပစ္စည်းထုတ်စက်ရုံများပေါ်ထွန်းရန် ၆ နှစ်ခန့် ကြာမြင့်နိုင်ဟု ဆို 

ဝါးကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြင့်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံများစွာပေါ်ထွန်းလာရန် အချိန် ၆ နှစ်ခန့်ကြာမြင့်နိုင်သေးကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်လှအောင်က သုံးသပ်ပြောကြားသည်။ 
လက်ရှိ အရည်အသွေးမြင့်ဝါးကုန်ကြမ်းများ လုံလောက်စွာရရှိရန် ဝါးစိုက်ခင်းများစွာတည်ထောင်ရန် လိုအပ်နေကြောင်း သိရသည်။ 
“သဘာဝဝါးတောတွေကလည်းသုန်းကုန်ပြီ။ ဒီနေ့ကုန်ကြမ်းရရင်မနက်ဖြန်မရတော့ဘူး။ သဘာဝဝါးတောကို မီပြီး စက်ရုံတည်ထားရင်လည်း တစ်နှစ်ပတ်လုံး ဆက်တိုက်မထုတ်နိုင်ကြပါဘူး။ နောက်တစ်ခုက သဘာဝတောက စည်းကမ်းမဲ့ချိုးထားတော့ ဝါးတွေကထွက်ချင်သလိုထွက်တာ။ ဝါးကောင်းမရဘူး။ စိုက်ခင်းတွေကျတော့ စနစ်တကျပြုစုစိုက်ပျိုးထားတယ်။ ခုတ်လည်း စည်းနဲ့ကမ်းနဲ့ခုတ်တယ်။ စိုက်ခင်းတွေကသာ ဝါးကောင်းရတာ။ အဲဒီကဝါးတွေကပဲ အဆင့်မြင့်လူသုံးကုန်တွေ ထုတ်လို့ရတာ။ ဒါပေမဲ့ စက်ရုံတွေ ကုန်ကြမ်းလံုံလုံလောက်လောက်ရလောက်အောင် စိုက်ခင်းတွေက မရှိသေးဘူး။စက်ရုံတွေ ပေါ်လာဖို့၊ စိုက်ခင်းတွေများလာဖို့ နောက်ထပ် ၆ နှစ်လောက်ကြာဦးမယ်။ အသင်းကတော့ဝါးစိုက်ခင်းတွေ များလာအောင်ဖော်ထုတ်နေတယ်” ဟု ဦးခင်လှအောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
ဝါးကုန်ကြမ်းများ လုံလောက်စွာမရရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ဝါးမှတစ်ဆင့် လူသုံးကုန်ပစ္စည်းထုတ်သည့် စက်ရုံများ တည်ထောင်ကြသော်လည်း မကြာမီတွင်ပင် ပိတ်သိမ်းလေ့ရှိနေကြောင်း သိရသည်။
ဝါးစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောမပြုန်းတီးရေးကို တစ်ဖက်တစ်လမ်းမှ အကူရပေးကြောင်း၊ ထို့အပြင် ဝါးမှတစ်ဆင့် အသေးစားလူသုံးကုန်ပစ္စည်းများဖြစ်သည့် ဝါးတူ၊ ဇကော၊ ဆန်ကာ၊ တောင်း၊ ပလုံး၊ ခြင်း စသည် လက်မှုထည်များကိုထုတ်လုပ်နိုင်သည့်အပြင် သစ်အစားပစ္စည်းများ ဖြစ်သော ကြမ်းခင်းလျာထိုး၊ ပရိဘောဂပစ္စည်းများထုတ်လုပ်နိုင်ကြောင်း သိရသည်။ 
ဝါးလုံး (ဝါးကုန်ကြမ်း) များကို ပြည်တွင်းအသုံးပြုရန် ရောင်းချနေသည့်အပြင် တနသာၤရီတိုင်းဘက်မှ ထိုင်းနိုင်ငံသို့လည်းကောင်း၊ ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလားဒေရှ့နိုင်ငံသို့လည်းကောင်း တင်ပို့မှုများရှိသည်။
ဝါးဖြင့် ပြုလုပ်ထားသည့် (ကုန်ချောပစ္စည်း) လက်မှုထည်များကိုမူ ပြည်တွင်း၊ ပြည်ပဈေး ကွက်သို့ အနည်းငယ် တင်ပို့ရောင်းချမှုရှိကြောင်း သိရသည်။ 
မြန်မာနိုင်ငံသည် ယခင်က ကမ္ဘာပေါ်တွင် တတိယဝါးတောအများဆုံးနိုင်ငံဖြစ်ခဲ့သော်လည်း စည်း ကမ်းမဲ့စွာ မျှစ်ချိုးခြင်း၊ ဝါးခုတ်ခြင်း၊ တောမီးလောင်ခြင်းတို့ကြောင့် ပုံမှန်ထက်စောဆီးစွာ ဝါးတောများပြုန်းတီးလာပြီး လက်ရှိတွင် အဆင့်တစ်ဆယ်နှစ်ဝါးတောအများဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။