Skip to main content
အရွိန္မထိန္းႏိုင္ေသာ (၁၂)ဘီးယာဥ္ လမ္းေဘးသို႔ထိုးက်တိမ္းေမွာက္ရာ ယာဥ္ေမာင္းေသဆံုး
Ads Block

အရွိန္မထိန္းႏိုင္ေသာ (၁၂)ဘီးယာဥ္ လမ္းေဘးသို႔ထိုးက်တိမ္းေမွာက္ရာ ယာဥ္ေမာင္းေသဆံုး

ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္တြင္ (၁၂)ဘီးယာဥ္တစ္စီး လမ္းေဘးထိုးက်တိမ္းေမွာက္ကာ ယာဥ္ေမာင္းေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဧၿပီလ ၈ ရက္ နံနက္ ၁ နာရီခြဲခန္႔က ျပြန္တန္ဆာၿမိဳ႕၊ မီးရထားသံလမ္းကုန္းအနီး၊ ရန္ကုန္- မႏၲေလး ကားလမ္း မိုင္တိုင္အမွတ္ (၉၂/၂ ႏွင့္ ၉၂/၃ )အၾကားအေရာက္တြင္ မႏၲေလးဘက္မွရန္ကုန္ဘက္သို႔ ယာဥ္ေမာင္း မင္းမင္းေအး၊ (၃၉)ႏွစ္ ေမာင္းႏွင္လာေသာ MDY-8J/3477 Nissan Diesel အမိ်ဳးအစား အျပာေရာင္ ၁၂ ဘီးယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ ဝဲဘက္သို႔ထိုးက်တိမ္းေမွာက္ခဲ့ေၾကာင္း သိရသည္။ 

အရွိန္မထိန္းႏိုင္ေသာ (၁၂)ဘီးယာဥ္ လမ္းေဘးသို႔ထိုးက်တိမ္းေမွာက္ရာ ယာဥ္ေမာင္းေသဆံုး

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ မင္းမင္းေအးတြင္ ဦးေခါင္းေပါက္ၿပဲဒဏ္ရာ၊ ဝဲဘက္မ်က္ႏွာ စုတ္ၿပဲဒဏ္ရာမ်ားရရွိခဲ့ၿပီး အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားခဲ့၍ ျပြန္တန္ဆာတိုက္နယ္ေဆးရံုသို႔ ရဲေဆးစာျဖင့္ ပိုေဆာင္ေပးခဲ့ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပြန္တန္ဆာနယ္ေျမရဲစခန္း၌ ယာဥ္ (ပ)၁၁/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-က ျဖင့္အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။ 

 - ကိုထိုက္- ေညာင္ေလးပင္(အကုန္သိသတင္းဌာန)

Unicode version

အရှိန်မထိန်းနိုင်သော (၁၂)ဘီးယာဉ် လမ်းဘေးသို့ထိုးကျတိမ်းမှောက်ရာ ယာဉ်မောင်းသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် (၁၂)ဘီးယာဉ်တစ်စီး လမ်းဘေးထိုးကျတိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အရှိန်မထိန်းနိုင်သော (၁၂)ဘီးယာဉ် လမ်းဘေးသို့ထိုးကျတိမ်းမှောက်ရာ ယာဉ်မောင်းသေဆုံး

ဖြစ်စဉ်မှာ ဧပြီလ ၈ ရက် နံနက် ၁ နာရီခွဲခန့်က ပြွန်တန်ဆာမြို့၊ မီးရထားသံလမ်းကုန်းအနီး၊ ရန်ကုန်- မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၉၂/၂ နှင့် ၉၂/၃ )အကြားအရောက်တွင် မန္တလေးဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း မင်းမင်းအေး၊ (၃၉)နှစ် မောင်းနှင်လာသော MDY-8J/3477 Nissan Diesel အမျိုးအစား အပြာရောင် ၁၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်သို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ မင်းမင်းအေးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်မျက်နှာ စုတ်ပြဲဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့၍ ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပိုဆောင်ပေးခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြွန်တန်ဆာနယ်မြေရဲစခန်း၌ ယာဉ် (ပ)၁၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။ 

 - ကိုထိုက်- ညောင်လေးပင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။