Skip to main content
စိတ္ေ၀ဒနာရွင္အမ်ိဳးသမီးက ၄င္း၏ကေလးအား အမိႈက္ပံုသို႔စြန္႔ပစ္ထားသည္ကို ၃ ရက္အၾကာ၌ ေသဆံုးလ်က္ ျပန္လည္ေတြ႕ရွိ 
Ads Block

စိတ္ေ၀ဒနာရွင္အမ်ိဳးသမီးက ၄င္း၏ကေလးအား အမိႈက္ပံုသို႔စြန္႔ပစ္ထားသည္ကို ၃ ရက္အၾကာ၌ ေသဆံုးလ်က္ ျပန္လည္ေတြ႕ရွိ 

ကယားျပည္နယ္၊ လြိိဳင္ေကာ္ၿမိဳ႕၌ စိတ္ေ၀ဒနာရွင္အမ်ိဳးသမီးတစ္ဦးက မိမိ၏လသားအရြယ္ကေလးကို အမိႈက္ပံုသို႔စြန္႔ပစ္ခဲ့ရာ ၃ ရက္အၾကာ၌ ယင္းကေလးကို ေသဆံုးလ်က္ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ လြိိဳင္ေကာ္ၿမိဳ႕၊ မင္းစုရပ္ကြက္၊ အုပ္စု(၉)၊ သီဟလမ္းႏွင့္ဆရာစံလမ္းေထာင့္အတြင္းရွိ အမႈိက္ပုံတစ္ခုတြင္ ဧၿပီလ ၇ ရက္၊ ေန႔ခင္း ၁၂ နာရီခန္႔က ကေလးငယ္တစ္ဦးေသဆံုုးလ်က္ေတြ႔ရွိရေၾကာင္း သတင္းေပးခ်က္ေၾကာင့္ တာ၀န္ရွိသူမ်ားကသြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ကေလးငယ္မွာေယာက်ာ္းေလးဟုသိရၿပီး လသားအရြယ္ျဖစ္ကာ လြန္ခဲ့ေသာ ၃ ရက္ခန္႔ကတည္းက စြန္႔ပစ္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းသိရွိရသည့္အတြက္ အေလာင္းကိုလြိဳင္ေကာ္ေဆးရံုသို႔ ပို႔ေဆာင္ၿပီး ျပစ္မႈက်ဴးလြန္သူကို စံုစမ္းရွာေဖြခဲ့ၾကသည္။
“ျပင္ပဒဏ္ရာတစ္စံုတစ္ရာမရွိဘဲ အႏွီးျဖဴေလးနဲ႔ပတ္ၿပီးေတာ့ စြန္႔ပစ္ခဲ့ရင္းနဲ႔ ေသဆံုးသြားတဲ့သေဘာပါ။ ျပစ္မႈက်ဴးလြန္သူကေတာ့ ကေလးမိခင္ မရို႕ေမရီ(ခ)မခင္သန္း၀င္းပါ။ စိတ္ေ၀ဒနာရွင္လို႔ သိရတယ္ဗ်။လြန္ခဲ့တဲ့ ၃ ရက္ေလာက္က ၈ လသားအရြယ္သူ႔ရင္ေသြးေလးကို ကိုယ္တိုင္အခင္းျဖစ္ေတြ႔ရွိတဲ့ အမိႈက္ပံုမွာ စြန္႔ပစ္ခဲ့တာလို႔ ေျပာတယ္။ကြ်န္ေတာ္တို႔ရဲတပ္ဖြဲ႔အေနနဲ႔ကလည္း ျဖစ္စဥ္အမွန္ကို ဆက္လက္စစ္ေဆးေနဆဲပါ” ဟု လိြဳင္ေကာ္ၿမိဳ႕မရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ မရုိ႕ေမရီ(ခ) မခင္းသန္းဝင္း (၂၇)ႏွစ္၊ ကယား/ခရစ္ယာန္၊ လြိဳင္ေကာ္ၿမိဳ႕ မင္းစုရပ္ကြက္၊ အုပ္စုအမွတ္(၉)၌ ေနထိုင္သူကို လြိဳင္ေကာ္ၿမိဳ႕မရဲစခန္း၌ (ပ) ၈၈/၂၀၁၉၊ ရာဇတ္ႀကီးဥပေဒပုဒ္မ-၃၁၈ ျဖင့္ အမႈဖြင့္ဖမ္းဆီးထားေၾကာင္း သိရသည္။ 

 - ဒါးဇ(အကုန္သိသတင္းဌာန) | Source - နိဳင္ငံေတာ္မွတ္ႀကီး(လြိဳင္ေကာ္) 

Unicode version

စိတ်ဝေဒနာရှင်အမျိုးသမီးက ၎င်း၏ကလေးအား အမှိုက်ပုံသို့စွန့်ပစ်ထားသည်ကို ၃ ရက်အကြာ၌ သေဆုံးလျက် ပြန်လည်တွေ့ရှိ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးက မိမိ၏လသားအရွယ်ကလေးကို အမှိုက်ပုံသို့စွန့်ပစ်ခဲ့ရာ ၃ ရက်အကြာ၌ ယင်းကလေးကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ အုပ်စု(၉)၊ သီဟလမ်းနှင့်ဆရာစံလမ်းထောင့်အတွင်းရှိ အမှိုက်ပုံတစ်ခုတွင် ဧပြီလ ၇ ရက်၊ နေ့ခင်း ၁၂ နာရီခန့်က ကလေးငယ်တစ်ဦးသေဆုံးလျက်တွေ့ရှိရကြောင်း သတင်းပေးချက်ကြောင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ကလေးငယ်မှာယောကျာ်းလေးဟုသိရပြီး လသားအရွယ်ဖြစ်ကာ လွန်ခဲ့သော ၃ ရက်ခန့်ကတည်းက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းသိရှိရသည့်အတွက် အလောင်းကိုလွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းရှာဖွေခဲ့ကြသည်။
“ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ အနှီးဖြူလေးနဲ့ပတ်ပြီးတော့ စွန့်ပစ်ခဲ့ရင်းနဲ့ သေဆုံးသွားတဲ့သဘောပါ။ ပြစ်မှုကျူးလွန်သူကတော့ ကလေးမိခင် မရို့မေရီ(ခ)မခင်သန်းဝင်းပါ။ စိတ်ဝေဒနာရှင်လို့ သိရတယ်ဗျ။လွန်ခဲ့တဲ့ ၃ ရက်လောက်က ၈ လသားအရွယ်သူ့ရင်သွေးလေးကို ကိုယ်တိုင်အခင်းဖြစ်တွေ့ရှိတဲ့ အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တာလို့ ပြောတယ်။ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ကလည်း ဖြစ်စဉ်အမှန်ကို ဆက်လက်စစ်ဆေးနေဆဲပါ” ဟု လွိုင်ကော်မြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် မရို့မေရီ(ခ) မခင်းသန်းဝင်း (၂၇)နှစ်၊ ကယား/ခရစ်ယာန်၊ လွိုင်ကော်မြို့ မင်းစုရပ်ကွက်၊ အုပ်စုအမှတ်(၉)၌ နေထိုင်သူကို လွိုင်ကော်မြို့မရဲစခန်း၌ (ပ) ၈၈/၂၀၁၉၊ ရာဇတ်ကြီးဥပဒေပုဒ်မ-၃၁၈ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။ 

 - ဒါးဇ(အကုန်သိသတင်းဌာန)

Source - နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။