Skip to main content
ယခု ၂၀၁၉ ခုႏွစ္အတြင္း ႏိုင္ငံတကာေရနံကုမၸဏီမ်ားႏွင့္အက်ိဳးတူပူးေပါင္းရန္ တင္ဒါဖိတ္ေခၚမည္
Ads Block

ယခု ၂၀၁၉ ခုႏွစ္အတြင္း ႏိုင္ငံတကာေရနံကုမၸဏီမ်ားႏွင့္အက်ိဳးတူပူးေပါင္းရန္ တင္ဒါဖိတ္ေခၚမည္

၂၀၁၉ ခုႏွစ္အတြင္း ႏိုင္ငံတကာမွ ေရနံ၊ စြမ္းအင္ကုမၸဏီႀကီးေတြႏွင့္ အက်ိဳးတူပူးေပါင္းရန္ တင္ဒါေခၚယူသြားမည္ ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္ ေျပာၾကားခ်က္အရ သိရသည္။
အစိုးရ၏ တတိယ(၁)ႏွစ္တာအတြင္း လွ်ပ္စစ္က႑ႏွင့္ပတ္သက္သည့္ အေမးအေျဖက႑တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“စြမ္းအင္က႑ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ ေရနံနဲ႔သဘာဝဓာတ္ေငြ႕ကို အမ်ားႀကီးတိုးထုတ္ရဖို႔ရွိပါတယ္။ အဲဒီမွာ လက္ရွိရွာေဖြတူးေဖာ္ထုတ္လုပ္ေနတဲ့ လုပ္ကြက္ေတြ ရွိသလို ရွာေဖြတူးေဖာ္ထုတ္လုပ္ျခင္းမရွိတဲ့ လုပ္ကြက္ေတြကို ရွာရတယ္။ဒါေၾကာင့္ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ပိုၿပီးတိုးတက္ထုတ္လုပ္ႏိုင္ဖို႔ လစ္လပ္ေနတဲ့ ကုန္းတြင္းပိုင္းလုပ္ကြက္ ၁၈ ကြက္နဲ႔ ကမ္းလြန္ လုပ္ကြက္ ၁၅ ကြက္ရွိပါတယ္။ဒီလို လစ္လပ္ေနတဲ့ လုပ္ကြက္ေတြကို အျပည္ျပည္ဆိုင္ရာ တင္ဒါစနစ္နဲ႔ ေခၚယူၿပီး ႏိုင္ငံတကာက ေရနံနဲ႔ စြမ္းအင္ ကုမၸဏီႀကီးေတြကို အက်ိဳးတူပူးေပါင္းဖို႔ ၂၀၁၉ ခုႏွစ္အတြင္းမွာပဲ တင္ဒါေတြဖိတ္ေခၚၿပီးေဆာင္႐ြက္သြားဖို႔ စီစဥ္ေနပါတယ္”ဟုလွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္က ေျပယသည္။
ယခု တတိယ(၁)ႏွစ္တာအတြင္း ကုန္းတြင္းပိုင္း ေရနံတြင္းေပါင္း ၂၂ တြင္းကို တူးေဖာ္ခဲ့ၿပီး အဆိုပါ ကုန္းတြင္းမ်ားမွ ေရနံစည္ေပါင္း ၂.၃၁ သန္းထုတ္လုပ္ႏိုင္ခဲ့ကာ သဘာဝဓာတ္ေငြ႕ထုတ္လုပ္ႏိုင္မႈအေနျဖင့္ ကုဗေပသန္း ၁၉၀၁၉ အထိ ထုတ္လုပ္ခဲ့ေၾကာင္း သိရသည္။

ယခု ၂၀၁၉ ခုႏွစ္အတြင္း ႏိုင္ငံတကာေရနံကုမၸဏီမ်ားႏွင့္အက်ိဳးတူပူးေပါင္းရန္ တင္ဒါဖိတ္ေခၚမည္

ထို႔အျပင္ ကမ္းလြန္ရွာေဖြေရး၌ ကမ္းလြန္တြင္း ၄၆ တြင္းကို တူးေဖာ္ခဲ့ၿပီး ေရနံ(ေလဆီ) စည္ေပါင္း ၁.၀၂ သန္းႏွင့္သဘာဝဓာတ္ေငြ႕ ၆၀၄၈၁၈ ကုဗေပသန္း ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။ 
ကုန္းတြင္းႏွင့္ကမ္းလြန္ပမာဏစုစုေပါင္းအေနျဖင့္ ေရနံစည္ေပါင္း ၃.၃၃ သန္းႏွင့္ သဘာဝဓာတ္ေငြ႕ ၆၂၃၈၃၈ ကုဗေပသန္း ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

 - စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

ယခု ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာရေနံကုမ္ပဏီများနှင့်အကျိုးတူပူးပေါင်းရန် တင်ဒါဖိတ်ခေါ်မည်

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာမှ ရေနံ၊ စွမ်းအင်ကုမ္ပဏီကြီးတွေနှင့် အကျိုးတူပူးပေါင်းရန် တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပြောကြားချက်အရ သိရသည်။
အစိုးရ၏ တတိယ(၁)နှစ်တာအတွင်း လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် အမေးအဖြေကဏ္ဍတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခု ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာရေနံကုမ္ပဏီများနှင့်အကျိုးတူပူးပေါင်းရန် တင်ဒါဖိတ်ခေါ်မည်

“စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရေနံနဲ့သဘာဝဓာတ်ငွေ့ကို အများကြီးတိုးထုတ်ရဖို့ရှိပါတယ်။ အဲဒီမှာ လက်ရှိရှာဖွေတူးဖော်ထုတ်လုပ်နေတဲ့ လုပ်ကွက်တွေ ရှိသလို ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းမရှိတဲ့ လုပ်ကွက်တွေကို ရှာရတယ်။ဒါကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုပြီးတိုးတက်ထုတ်လုပ်နိုင်ဖို့ လစ်လပ်နေတဲ့ ကုန်းတွင်းပိုင်းလုပ်ကွက် ၁၈ ကွက်နဲ့ ကမ်းလွန် လုပ်ကွက် ၁၅ ကွက်ရှိပါတယ်။ဒီလို လစ်လပ်နေတဲ့ လုပ်ကွက်တွေကို အပြည်ပြည်ဆိုင်ရာ တင်ဒါစနစ်နဲ့ ခေါ်ယူပြီး နိုင်ငံတကာက ရေနံနဲ့ စွမ်းအင် ကုမ္ပဏီကြီးတွေကို အကျိုးတူပူးပေါင်းဖို့ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ တင်ဒါတွေဖိတ်ခေါ်ပြီးဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်”ဟုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြေယသည်။
ယခု တတိယ(၁)နှစ်တာအတွင်း ကုန်းတွင်းပိုင်း ရေနံတွင်းပေါင်း ၂၂ တွင်းကို တူးဖော်ခဲ့ပြီး အဆိုပါ ကုန်းတွင်းများမှ ရေနံစည်ပေါင်း ၂.၃၁ သန်းထုတ်လုပ်နိုင်ခဲ့ကာ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုအနေဖြင့် ကုဗပေသန်း ၁၉၀၁၉ အထိ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကမ်းလွန်ရှာဖွေရေး၌ ကမ်းလွန်တွင်း ၄၆ တွင်းကို တူးဖော်ခဲ့ပြီး ရေနံ(လေဆီ) စည်ပေါင်း ၁.၀၂ သန်းနှင့်သဘာဝဓာတ်ငွေ့ ၆၀၄၈၁၈ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ 
ကုန်းတွင်းနှင့်ကမ်းလွန်ပမာဏစုစုပေါင်းအနေဖြင့် ရေနံစည်ပေါင်း ၃.၃၃ သန်းနှင့် သဘာဝဓာတ်ငွေ့ ၆၂၃၈၃၈ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

 - စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။