Skip to main content
ကမၻာ့လူဦးေရ သန္း ၁၀၀ ခန္႔မွာ က်န္းမာေရးကုန္က်စရိတ္မ်ားေၾကာင့္ ဆင္းရဲမြဲေတမႈဒဏ္ခံစားေနရဟု ဆို 
Ads Block

ကမၻာ့လူဦးေရ သန္း ၁၀၀ ခန္႔မွာ က်န္းမာေရးကုန္က်စရိတ္မ်ားေၾကာင့္ ဆင္းရဲမြဲေတမႈဒဏ္ခံစားေနရဟု ဆို 

ကမၻာ႔လူဦးေရ သန္း ၁၀၀ ခန္႔သည္ က်န္းမာေရးကုန္က်စရိတ္မ်ားေၾကာင့္ ဆင္းရဲမြဲေတမႈဒဏ္ကုိ ခံစားေနရေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာသည္။
ေနျပည္ေတာ္တြင္ ဧၿပီလ ၇ ရက္ကက်င္းပခဲ့ေသာ ကမၻာ႔က်န္းမာေရးေန႔အထိမ္းအမွတ္အခမ္းအနားတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ကမာၻ႔လူဦးေရ၏ တစ္ဝက္ခန္႔သည္ မရွိမျဖစ္ အေျခခံလိုအပ္ေသာက်န္းမာေရးဝန္ေဆာင္မႈကိုမရရွိေသးဘဲ လူဦးေရသန္း (၈၀၀)ခန္႔မွာမိမိတို႔၏ ဝင္ေငြ၏ (၁၀)ရာခိုင္ႏႈန္းကိုက်န္းမာေရးကိစၥရပ္မ်ားတြင္ အသုံးျပဳေနရကာ လူဦးေရသန္း (၁၀၀)ခန္႔သည္ က်န္းမာေရးစရိတ္ကုန္က်မႈမ်ားေၾကာင့္ လုံးဝဆင္းရဲမြဲေတမႈကိုခံစားရသည္ကို သုေတသနေတြ႕ရွိခ်က္မ်ားအရသိရွိရပါေၾကာင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံတြင္ အရည္အေသြးျပည့္ဝေသာက်န္းမာေရးေစာင့္ေရွာက္မႈကိုလူတိုင္းသာတူညီမွ် လက္လွမ္းမီရရွိေရး (Universal Health Coverage) အတြက္ ဘက္ေပါင္းစုံမွ ေဆာင္႐ြက္လ်က္ရွိရာထိုက္သင့္သည့္ ေအာင္ျမင္မႈမ်ားရရွိလ်က္ ရွိပါတယ္” ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာသည္။

ကမၻာ့လူဦးေရ သန္း ၁၀၀ ခန္႔မွာ က်န္းမာေရးကုန္က်စရိတ္မ်ားေၾကာင့္ ဆင္းရဲမြဲေတမႈဒဏ္ခံစားေနရဟု ဆို 

လက္ရွိ ျမန္မာႏုိင္ငံ၏ က်န္းမာေရးစနစ္မွာမတတ္ႏုိင္သူမ်ားအတြက္ အခမဲ့ ေဆး၀ါးကုသခြင့္ျဖစ္ၿပီး တတ္ႏုိင္သူမ်ားအတြက္ စရိတ္မွ်ေပးက်န္းမာေရးစနစ္ကုိအသုံးျပဳေနေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္ကမၻာ႔က်န္းမာေရးေန႔အတြက္ေဆာင္ပုဒ္မွာ “ အရည္အေသြးျပည့္က်န္းမာေရး၊ လူတုိင္းရေအာင္ ေဆာင္ရြက္ေပး” ဟူ၍ ျဖစ္သည္။
က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ ရည္မွန္းခ်က္မွာ လူတုိင္းလက္လွမ္းမီေသာ အရည္အေသြး ျပည့္၀သည့္က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကုိ ၂၀၃၀ ခုႏွစ္တြင္ လူတုိင္းရရွိေရးျဖစ္သည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ကမ္ဘာ့လူဦးရေ သန်း ၁၀၀ ခန့်မှာ ကျန်းမာရေးကုန်ကျစရိတ်များကြောင့် ဆင်းရဲမွဲတေမှုဒဏ်ခံစားနေရဟု ဆို 

ကမ္ဘာ့လူဦးရေ သန်း ၁၀၀ ခန့်သည် ကျန်းမာရေးကုန်ကျစရိတ်များကြောင့် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။
နေပြည်တော်တွင် ဧပြီလ ၇ ရက်ကကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ကမ္ဘာ့လူဦးရေ သန်း ၁၀၀ ခန့်မှာ ကျန်းမာရေးကုန်ကျစရိတ်များကြောင့် ဆင်းရဲမွဲတေမှုဒဏ်ခံစားနေရဟု ဆို 

“ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်သည် မရှိမဖြစ် အခြေခံလိုအပ်သောကျန်းမာရေးဝန်ဆောင်မှုကိုမရရှိသေးဘဲ လူဦးရေသန်း (၈၀၀)ခန့်မှာမိမိတို့၏ ဝင်ငွေ၏ (၁၀)ရာခိုင်နှုန်းကိုကျန်းမာရေးကိစ္စရပ်များတွင် အသုံးပြုနေရကာ လူဦးရေသန်း (၁၀၀)ခန့်သည် ကျန်းမာရေးစရိတ်ကုန်ကျမှုများကြောင့် လုံးဝဆင်းရဲမွဲတေမှုကိုခံစားရသည်ကို သုတေသနတွေ့ရှိချက်များအရသိရှိရပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသောကျန်းမာရေးစောင့်ရှောက်မှုကိုလူတိုင်းသာတူညီမျှ လက်လှမ်းမီရရှိရေး (Universal Health Coverage) အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာထိုက်သင့်သည့် အောင်မြင်မှုများရရှိလျက် ရှိပါတယ်” ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်မှာမတတ်နိုင်သူများအတွက် အခမဲ့ ဆေးဝါးကုသခွင့်ဖြစ်ပြီး တတ်နိုင်သူများအတွက် စရိတ်မျှပေးကျန်းမာရေးစနစ်ကိုအသုံးပြုနေကြောင်း သိရသည်။
၂၀၁၉ ခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့အတွက်ဆောင်ပုဒ်မှာ “ အရည်အသွေးပြည့်ကျန်းမာရေး၊ လူတိုင်းရအောင် ဆောင်ရွက်ပေး” ဟူ၍ ဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ လူတိုင်းလက်လှမ်းမီသော အရည်အသွေး ပြည့်ဝသည့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ၂၀၃၀ ခုနှစ်တွင် လူတိုင်းရရှိရေးဖြစ်သည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။