Skip to main content
ၿမိဳ ့ေတာ္ထရီပုိလီကုိ သိမ္းပုိက္ဖုိ ့ခ်ီတက္လာတဲ့ စင္ၿပိဳင္ စစ္ဗုိလ္ခ်ဳပ္ရဲ ့ တပ္ေတြကုိ အင္အားသုံးတြန္းလွန္သြားမည္ဟု လစ္ဗ်ား၀န္ႀကီးခ်ဳပ္ ေျပာဆုိ 
Ads Block

ၿမိဳ ့ေတာ္ထရီပုိလီကုိ သိမ္းပုိက္ဖုိ ့ခ်ီတက္လာတဲ့ စင္ၿပိဳင္ စစ္ဗုိလ္ခ်ဳပ္ရဲ ့ တပ္ေတြကုိ အင္အားသုံးတြန္းလွန္သြားမည္ဟု လစ္ဗ်ား၀န္ႀကီးခ်ဳပ္ ေျပာဆုိ 

လစ္ဗ်ားအေရွ ့ပုိင္းမွ ဗုိလ္ခ်ဳပ္ႀကီးတစ္ဦးရဲ ့သစၥာခံတပ္ဖြဲ ့ေတြ ႏုိင္ငံအေရွ ့ပုိင္းကေန ၿမိဳ ့ေတာ္ ထရီပုိလီဆီခ်ီတက္လာေနစဥ္ ၄င္းအေနနဲ ့ ၿမိဳ ့ေတာ္ကုိ ခုခံကာကြယ္သြားမွာျဖစ္ေၾကာင္း ကုလသမဂၢေထာက္ခံ လစ္ဗ်ားအစုိးရ ၀န္ႀကီးခ်ဳပ္က ေျပာဆုိလုိက္ပါတယ္။ 
၀န္ႀကီးခ်ဳပ္ ေဖယက္ဇ္ အယ္လ္ ဆာရာေဂ်က  ရုပ္သံကေန မိန္ ့ခြန္းေျပာဆုိခဲ့ရာမွာ ဗုိလ္ခ်ဳပ္ ခါလီဖာ ဟက္ဖ္တာဟာ အာဏာသိမ္းမႈ စတင္ေနေၾကာင္း စြပ္စြဲခဲ့ကာ ၄င္းရဲ ့တပ္ေတြအေနနဲ ့ ျပင္းထန္အားေကာင္းတဲ့ ခုခံမႈနဲ ့ရင္ဆုိင္ရာမွာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။     ၿမိဳ ့ေတာ္ရဲ ့ အစြန္ပုိင္းကုိ ေရာက္ရွိေနၿပီျဖစ္တဲ့ စင္ၿပိဳင္တပ္ေတြက ထရီပုိလီႏုိင္ငံတကာ ေလဆိပ္ကုိ သိမ္းပုိက္ထားခဲ့ၿပီျဖစ္ေၾကာင္း ေျပာဆုိပါတယ္။ စစ္မွာ အႏုိင္ရသူဆုိတာ မရွိေၾကာင္း မစၥတာ ဆာရာေဂ်ကာ ေျပာဆုိခဲ့ကာ ေသြးေျမက်တာမႈေတြမျဖစ္ရေအာင္ လက္ေလွ်ာ့ဖုိ ့ ဗုိလ္ခ်ဳပ္ႀကီး ဟက္ဖ္တာကုိ ေတာင္းဆုိခဲ့ၿပီး ၄င္းရဲ ့ လုပ္ရပ္ဟာ ေနာက္ေက်ာကုိ ဓါးနဲ ့ထုိးသလုိ ျဖစ္လိမ့္မယ္လုိ ့ သတိေပးခဲ့ပါတယ္။ 

ၿမိဳ ့ေတာ္ထရီပုိလီကုိ သိမ္းပုိက္ဖုိ ့ခ်ီတက္လာတဲ့ စင္ၿပိဳင္ စစ္ဗုိလ္ခ်ဳပ္ရဲ ့ တပ္ေတြကုိ အင္အားသုံးတြန္းလွန္သြားမည္ဟု လစ္ဗ်ား၀န္ႀကီးခ်ဳပ္ ေျပာဆုိ 

ထရီပုိလီၿမိဳ ့ဟာ ႏုိင္ငံတကာအသိအမွတ္ျပဳထားတဲ့ ကုလသမဂၢေက်ာေထာက္ေနာက္ခံျပဳ အစုိးရအဖြဲ ့ ရုံးစုိက္ရာၿမိဳ ့ျဖစ္ပါတယ္။ ဗုိလ္ခ်ဳပ္ႀကီး ဟက္ဖ္တာရဲ ့ လစ္ဗ်ားအမ်ဳိးသားတပ္မေတာ္ LNA တပ္ေတြဟာ ၿမိဳ ့ေတာ္ရဲ ့ ေတာင္နဲ ့ေျမာက္မွာ တုိက္ခုိက္မႈမ်ားစြာ ျဖစ္ပြားအၿပီး ထရီပုိလီကုိ ခ်ီတက္လာခဲ့တာျဖစ္ပါတယ္။ သုိ ့ေသာ္လည္း အစုိးရေထာက္ခံတုိက္ခုိက္ေရးသမားေတြရဲ ့ ခုခံမႈေၾကာင့္ ခ်ီတက္မႈ တန္ ့ေနခဲ့ပါတယ္။ LNA တပ္ဖြဲ ့ေတြဟာ လစ္ဗ်ားေတာင္ပုိင္းေဒသနဲ ့ ယင္းေဒသရွိ ေရနံေျမေတြကုိ ယခုႏွစ္အေစာပုိင္းမွာ သိမ္းပုိက္ထားခဲ့ပါတယ္။ 
ပုန္ကန္ထၾကြမႈေတြ တုိးျမင့္လာတာေၾကာင့္ အေမရိကန္တပ္ေတြကုိ ေနရာေျပာင္းေရႊ ့ထားေၾကာင္း အာဖရိကဆုိင္ရာ စစ္ေရးအစီအစဥ္ေတြအတြက္ တာ၀န္ယူထားတဲ့ အေမရိကန္ရဲ ့အာဖရိကဆုိင္ရာ ဌာနခြဲက ေျပာဆုိခဲ့ကာ အေသးစိတ္အခ်က္အလက္ေတြကုိေတာ့ ေျပာဆုိခဲ့ျခင္းမရွိပါဘူး။ ယခုျဖစ္စဥ္ေတြေၾကာင့္ ထရီပုိလီၿမိဳ ့ခံေတြက အစားအစာနဲ ့ေလာင္စာဆီေတြ စတင္ စုေဆာင္းေနၾကေၾကာင္း သိရပါတယ္။

 - ကိုလင္း (အကုန္သိသတင္းဌာန)

Unicode version

မြို့တော်ထရီပိုလီကို သိမ်းပိုက်ဖို့ချီတက်လာတဲ့ စင်ပြိုင် စစ်ဗိုလ်ချုပ်ရဲ့ တပ်တွေကို အင်အားသုံးတွန်းလှန်သွားမည်ဟု လစ်ဗျားဝန်ကြီးချုပ် ပြောဆို 

လစ်ဗျားအရှေ့ပိုင်းမှ ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့သစ္စာခံတပ်ဖွဲ့တွေ နိုင်ငံအရှေ့ပိုင်းကနေ မြို့တော် ထရီပိုလီဆီချီတက်လာနေစဉ် ၎င်းအနေနဲ့ မြို့တော်ကို ခုခံကာကွယ်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂထောက်ခံ လစ်ဗျားအစိုးရ ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ 
ဝန်ကြီးချုပ် ဖေယက်ဇ် အယ်လ် ဆာရာဂျေက  ရုပ်သံကနေ မိန့်ခွန်းပြောဆိုခဲ့ရာမှာ ဗိုလ်ချုပ် ခါလီဖာ ဟက်ဖ်တာဟာ အာဏာသိမ်းမှု စတင်နေကြောင်း စွပ်စွဲခဲ့ကာ ၎င်းရဲ့တပ်တွေအနေနဲ့ ပြင်းထန်အားကောင်းတဲ့ ခုခံမှုနဲ့ရင်ဆိုင်ရာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။     မြို့တော်ရဲ့ အစွန်ပိုင်းကို ရောက်ရှိနေပြီဖြစ်တဲ့ စင်ပြိုင်တပ်တွေက ထရီပိုလီနိုင်ငံတကာ လေဆိပ်ကို သိမ်းပိုက်ထားခဲ့ပြီဖြစ်ကြောင်း ပြောဆိုပါတယ်။ စစ်မှာ အနိုင်ရသူဆိုတာ မရှိကြောင်း မစ္စတာ ဆာရာဂျေကာ ပြောဆိုခဲ့ကာ သွေးမြေကျတာမှုတွေမဖြစ်ရအောင် လက်လျှော့ဖို့ ဗိုလ်ချုပ်ကြီး ဟက်ဖ်တာကို တောင်းဆိုခဲ့ပြီး ၎င်းရဲ့ လုပ်ရပ်ဟာ နောက်ကျောကို ဓါးနဲ့ထိုးသလို ဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ 
ထရီပိုလီမြို့ဟာ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ ကုလသမဂ္ဂကျောထောက်နောက်ခံပြု အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဟက်ဖ်တာရဲ့ လစ်ဗျားအမျိုးသားတပ်မတော် LNA တပ်တွေဟာ မြို့တော်ရဲ့ တောင်နဲ့မြောက်မှာ တိုက်ခိုက်မှုများစွာ ဖြစ်ပွားအပြီး ထရီပိုလီကို ချီတက်လာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အစိုးရထောက်ခံတိုက်ခိုက်ရေးသမားတွေရဲ့ ခုခံမှုကြောင့် ချီတက်မှု တန့်နေခဲ့ပါတယ်။ LNA တပ်ဖွဲ့တွေဟာ လစ်ဗျားတောင်ပိုင်းဒေသနဲ့ ယင်းဒေသရှိ ရေနံမြေတွေကို ယခုနှစ်အစောပိုင်းမှာ သိမ်းပိုက်ထားခဲ့ပါတယ်။ 
ပုန်ကန်ထကြွမှုတွေ တိုးမြင့်လာတာကြောင့် အမေရိကန်တပ်တွေကို နေရာပြောင်းရွှေ့ထားကြောင်း အာဖရိကဆိုင်ရာ စစ်ရေးအစီအစဉ်တွေအတွက် တာဝန်ယူထားတဲ့ အမေရိကန်ရဲ့အာဖရိကဆိုင်ရာ ဌာနခွဲက ပြောဆိုခဲ့ကာ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ယခုဖြစ်စဉ်တွေကြောင့် ထရီပိုလီမြို့ခံတွေက အစားအစာနဲ့လောင်စာဆီတွေ စတင် စုဆောင်းနေကြကြောင်း သိရပါတယ်။

 - ကိုလင်း (အကုန်သိသတင်းဌာန)

Ref: BBC 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။