Skip to main content
အိႏၵိယႏိုင္ငံမွ ပဲတင္သြင္းခြင့္လိုင္စင္ေလွ်ာက္ထားၾကရန္ေၾကညာၿပီးသည္ႏွင့္ ျမန္မာ့ပဲမ်ားေစ်းတက္လာ
Ads Block

အိႏၵိယႏိုင္ငံမွ ပဲတင္သြင္းခြင့္လိုင္စင္ေလွ်ာက္ထားၾကရန္ေၾကညာၿပီးသည္ႏွင့္ ျမန္မာ့ပဲမ်ားေစ်းတက္လာ

အိႏၵိယႏိုင္ငံမွ လာမည့္ႏွစ္အတြက္ဝယ္ယူရန္ ပဲကိုယ္တာသတ္မွတ္လုိက္သည့္အျပင္ ပဲတင္သြင္းခြင့္လုိင္စင္ ေလွ်ာက္ထားရန္ပါေၾကညာလိုက္သျဖင့္ ျပည္တြင္းပဲေစ်းကြက္အတြင္း မတ္ပဲႏွင့္ ပဲစဥ္းငံုမ်ား ေစ်းျမင့္တက္လာေၾကာင္း ဘုရင့္ေနာင္ပဲေစ်းကြက္အတြင္းမွ သိရသည္။  
အိႏၵိယႏုိင္ငံမွ လာမည့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ဝယ္ယူမည့္ ပဲကိုယ္တာကိုေၾကညာခ်က္မထုတ္ျပန္မီ ျပည္တြင္ပဲေစ်းကြက္အတြင္း မတ္ပဲတစ္တန္လွ်င္ က်ပ္ ၇ သိန္းဝန္းက်င္ႏွင့္ ပဲစဥ္းငံုတစ္တန္လွ်င္ က်ပ္ ၇ သိန္း ၈ ေသာင္းဝန္းက်င္သာရွိခဲ့ေၾကာင္း သိရသည္။
 “ အိႏၵိယဘက္ကစာမထုတ္ခင္ကေတာ့ မတ္ပဲကတစ္တန္ကို ၇ သိန္းေလာက္ပဲရွိတယ္။ တစ္တန္ကို  ေသာင္းေလာက္ တက္တာေပါ့။ ပဲစဥ္းငံုကတစ္တန္ကို ၇ သိန္း ၈ ေသာင္းေလာက္ပဲရွိတယ္။ သူလည္း တစ္တန္ကို ၆ ေသာင္းေလာက္ တက္လာပါတယ္။ အခုကအားလံုးကေတာ့ ကိုယ္တာစနစ္နဲ႔ ခ်ေပးဖုိ႔၊ လိုင္စင္ေလွ်ာက္ဖို႔ ဒီႏွစ္ခုနဲ႔တင္ ျပည္တြင္းမွာစိတ္ဝင္တစားဝယ္တာမ်ားတဲ့အတြက္ေၾကာင့္ ပဲေစ်းျပန္တက္လာတယ္” ဟု ျမန္မာႏုိင္ငံပဲမ်ိဳးစံုႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးမင္းကိုဦးက ေျပာသည္။ 
အိႏၵိယႏိုင္ငံသည္ လာမည့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားမွ မတ္ပဲတန္ခ်ိန္ တစ္သိန္းခြဲ၊ ပဲစင္းငံုတန္ခ်ိန္ ႏွစ္သိန္းႏွင့္ ပဲတီစိမ္းတန္ခ်ိန္ တစ္သိန္းခြဲ၊ စုစုေပါင္းပဲမ်ိဳးစံုတန္ခ်ိန္ (၅) သိန္းကို ဝယ္ယူသြားမည္ျဖစ္ေၾကာင္းယင္းႏိုင္ငံ၏ သက္ဆိုင္ရာဝန္ႀကီးဌာနမွ မတ္လ ၃၀ ရက္၌ ထုတ္ျပန္ခဲ့သည္။ 
ထုိ႔အျပင္ အိႏၵိယပို႔ကုန္လုပ္ငန္းရွင္မ်ားအား အိႏၵိယႏိုင္ငံသို႔ ပဲတင္သြင္းရန္ ပဲတင္သြင္းခြင့္လိုင္စင္မ်ားကို ဧၿပီလ ၄ ရက္မွ ၂၀ ရက္အတြင္းေလွ်ာက္ထားႏိုင္ေၾကာင္း၊ တပတ္အၾကာျဖစ္ေသာ ၂၇ ရက္ေနာက္ပိုင္း ေလွ်ာက္ထားသည့္ လိုင္စင္ပါမစ္မ်ားျပန္လည္ခ်ေပးမည္ျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံမွထုတ္ျပန္ထားသည္။ 
“အေရာင္းအဝယ္ကေတာ့ လက္ရွိကေစာင့္ၾကည့္ေနတုန္းပါပဲ။ လိုင္စင္ေလွ်ာက္ဖို႔ပဲ ေၾကညာထားေသးတယ္။ လိုင္စင္ေလွ်ာက္ၿပီးကာမွခ်ေပးမွာဆိုေတာ့ လိုင္စင္ထြက္လာမွပဲလုပ္ရတာလြတ္လြတ္လပ္လပ္ရွိမွာ”  ဟု ဦးမင္းကိုဦးက ဆက္ေျပာသည္။ 
အိႏိၵယႏိုင္ငံသည္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္အတြက္ ဝယ္ယူရန္ ပဲကိုယ္တာအျဖစ္ ၾသဂုတ္လကုန္အထိ မတ္ပဲတန္ခ်ိန္ တစ္သိန္းခြဲ၊ ပဲစဥ္းငံုတန္ခ်ိန္ ႏွစ္သိန္းႏွင့္ ပဲတီစိမ္းတန္ခ်ိန္ တစ္သိန္းခြဲစုစုေပါင္းပဲတန္ခ်ိန္ ၅ သိန္း ကိုယ္တာသတ္မွတ္ခဲ့သည္။ 
သို႔ေသာ္ ယင္းႏိုင္ငံ၏ ပဲလိုအပ္ခ်က္အရ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလအတြင္းမတ္ပဲ၊ ပဲတီစိမ္းႏွင့္ ပဲစဥ္းငံုတန္ခ်ိန္ေပါင္း(၅)သိန္းနီးပါးထပ္မံဝယ္ယူခဲ့ကာ ထုိ႔ေနာက္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ကုန္ပိုင္းမွ စတင္၍ ပဲတင္သြင္းခြင့္ကိုရပ္ဆိုင္းခဲ့ကာ ယခုအခါ ပဲတင္သြင္းခြင့္ကိုယ္တာသတ္မွတ္ခဲ့ျခင္း ျဖစ္သည္။ 

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းခွင့်လိုင်စင်လျှောက်ထားကြရန်ကြေညာပြီးသည်နှင့် မြန်မာ့ပဲများဈေးတက်လာ

အိန္ဒိယနိုင်ငံမှ လာမည့်နှစ်အတွက်ဝယ်ယူရန် ပဲကိုယ်တာသတ်မှတ်လိုက်သည့်အပြင် ပဲတင်သွင်းခွင့်လိုင်စင် လျှောက်ထားရန်ပါကြေညာလိုက်သဖြင့် ပြည်တွင်းပဲဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစဉ်းငုံများ ဈေးမြင့်တက်လာကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။  
အိန္ဒိယနိုင်ငံမှ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဝယ်ယူမည့် ပဲကိုယ်တာကိုကြေညာချက်မထုတ်ပြန်မီ ပြည်တွင်ပဲဈေးကွက်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ် ၇ သိန်းဝန်းကျင်နှင့် ပဲစဉ်းငုံတစ်တန်လျှင် ကျပ် ၇ သိန်း ၈ သောင်းဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။
 “ အိန္ဒိယဘက်ကစာမထုတ်ခင်ကတော့ မတ်ပဲကတစ်တန်ကို ၇ သိန်းလောက်ပဲရှိတယ်။ တစ်တန်ကို  သောင်းလောက် တက်တာပေါ့။ ပဲစဉ်းငုံကတစ်တန်ကို ၇ သိန်း ၈ သောင်းလောက်ပဲရှိတယ်။ သူလည်း တစ်တန်ကို ၆ သောင်းလောက် တက်လာပါတယ်။ အခုကအားလုံးကတော့ ကိုယ်တာစနစ်နဲ့ ချပေးဖို့၊ လိုင်စင်လျှောက်ဖို့ ဒီနှစ်ခုနဲ့တင် ပြည်တွင်းမှာစိတ်ဝင်တစားဝယ်တာများတဲ့အတွက်ကြောင့် ပဲဈေးပြန်တက်လာတယ်” ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ 
အိန္ဒိယနိုင်ငံသည် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် နှစ်သိန်းနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲ၊ စုစုပေါင်းပဲမျိုးစုံတန်ချိန် (၅) သိန်းကို ဝယ်ယူသွားမည်ဖြစ်ကြောင်းယင်းနိုင်ငံ၏ သက်ဆိုင်ရာဝန်ကြီးဌာနမှ မတ်လ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။ 
ထို့အပြင် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအား အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းရန် ပဲတင်သွင်းခွင့်လိုင်စင်များကို ဧပြီလ ၄ ရက်မှ ၂၀ ရက်အတွင်းလျှောက်ထားနိုင်ကြောင်း၊ တပတ်အကြာဖြစ်သော ၂၇ ရက်နောက်ပိုင်း လျှောက်ထားသည့် လိုင်စင်ပါမစ်များပြန်လည်ချပေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံမှထုတ်ပြန်ထားသည်။ 
“အရောင်းအဝယ်ကတော့ လက်ရှိကစောင့်ကြည့်နေတုန်းပါပဲ။ လိုင်စင်လျှောက်ဖို့ပဲ ကြေညာထားသေးတယ်။ လိုင်စင်လျှောက်ပြီးကာမှချပေးမှာဆိုတော့ လိုင်စင်ထွက်လာမှပဲလုပ်ရတာလွတ်လွတ်လပ်လပ်ရှိမှာ”  ဟု ဦးမင်းကိုဦးက ဆက်ပြောသည်။ 
အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွက် ဝယ်ယူရန် ပဲကိုယ်တာအဖြစ် သြဂုတ်လကုန်အထိ မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစဉ်းငုံတန်ချိန် နှစ်သိန်းနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲစုစုပေါင်းပဲတန်ချိန် ၅ သိန်း ကိုယ်တာသတ်မှတ်ခဲ့သည်။ 
သို့သော် ယင်းနိုင်ငံ၏ ပဲလိုအပ်ချက်အရ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတန်ချိန်ပေါင်း(၅)သိန်းနီးပါးထပ်မံဝယ်ယူခဲ့ကာ ထို့နောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းမှ စတင်၍ ပဲတင်သွင်းခွင့်ကိုရပ်ဆိုင်းခဲ့ကာ ယခုအခါ ပဲတင်သွင်းခွင့်ကိုယ်တာသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။