Skip to main content
ဝါးစိုက္ပ်ိဳးေရးဇုန္တည္ေထာင္မည့္ေျမဧက ၂၀၀၀၀ ရရွိရန္ ၀ါးစိုက္ပ်ိဳးေရးအသင္း၀င္တစ္ဦးခ်င္းစီမွ ေလွ်ာက္ထားမည္ 
Ads Block

ဝါးစိုက္ပ်ိဳးေရးဇုန္တည္ေထာင္မည့္ေျမဧက ၂၀၀၀၀ ရရွိရန္ ၀ါးစိုက္ပ်ိဳးေရးအသင္း၀င္တစ္ဦးခ်င္းစီမွ ေလွ်ာက္ထားမည္ 

ရန္ကုန္တိုင္းေဒသႀကီးအတြင္းဝါးစိုက္ပ်ိဳးေရးဇုန္တည္ေထာင္ေရး ေျမဧက ၂၀၀၀၀ ရရွိရန္ အသင္းအေနျဖင့္ ဆက္လက္ေလွ်ာက္ထားမည္မဟုတ္ဘဲ အသင္း၀င္တစ္ဦးခ်င္းစီမွ ေလွ်ာက္ထားသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဝါးစိုက္ပ်ိဳးေရးအသင္းဒုတိယဥကၠ႒ ဦးခင္လွေအာင္က ေျပာသည္။ 
ျမန္မာႏိုင္ငံဝါးစိုက္ပ်ိဳးေရးအသင္းအေနျဖင့္ အသင္းဝင္မ်ားဝါးစိုက္ပ်ိဳးရာတြင္ လိုအပ္မည့္ မ်ိဳးေစ့၊ ပ်ိဳးပင္၊ စိုက္နည္းပ်ဳိးနည္းမ်ားကိုသာတစ္ဖက္တစ္လမ္းမွ ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။  
“သစ္ေတာကေတာ့ ဝါးစိုက္ပ်ိဳးေရးအသင္းအေနနဲ႔လက္မခံဘူး။ တစ္ဦးခ်င္းမိမိအစီအစဥ္နဲ႔ ေလွ်ာက္တာပဲလက္ခံတယ္။ အဲဒီေတာ့အသင္းကစုၿပီးလုပ္မေပးေတာ့ဘူး။ ကိုယ္ဘာသာေလ်ာက္ၾက။ အသင္းကသူတို႔လိုအပ္တာပဲစပ္ေပးသြားမယ္”ဟု ျမန္မာႏိုင္ငံဝါးစိုက္ပ်ိဳးေရးအသင္းမွ ဒုတိယဥကၠ႒ ဦးခင္လွေအာင္က ေျပာသည္။ 
အဆိုပါ အသင္းအေနျဖင့္ သစ္အစားထုိးပစၥည္းမ်ားထုတ္လုပ္ႏိုင္ရန္ႏွင့္ သစ္ေတာျပဳန္းတီးမႈကိုကာကြယ္ရန္၊ သဘာဝဝါးေတာမ်ား ျပဳန္းတီးမႈကိုကာကြယ္ရန္ ဝါးစိုက္ပ်ိဳးေရးဇုန္ကိုေဖာ္ေဆာင္လိုျခင္း ျဖစ္ေၾကာင္း သိရသည္။ 
ယင္းဇုန္အတြင္းဝါးစိုက္ခင္းမ်ားျပဳလုပ္ျခင္း၊ လမ္းမ်ားေဖာက္ျခင္း၊ ဝါးမွတစ္ဆင့္ သစ္အစားထုိးအဆင့္ျမင့္ လူသံုးကုန္ပစၥည္းထုတ္ စက္ရံုမ်ားတည္ေဆာက္ကာ ျပည္တြင္း၊ ျပည္ပသို႔ တင္ပို႔ႏိုင္ရန္ရည္ရြယ္ထားေၾကာင္း သိရသည္။  
သစ္ေတာဦးစီးဌာနႏွင့္ ေျမလြတ္၊ေျမရိုင္းဌာနမ်ားသို႔ သြားေရာက္ေလွ်ာက္ထားရာတြင္ လိုအပ္သည့္ ေျမဧက ၂၀၀၀၀ အတြက္ တစ္ဆက္တည္းေျမေနရာလစ္လပ္ေနျခင္းမရိွသည့္အတြက္ ဌာနဆိုင္ရာမ်ားမွ တစ္စုတစ္စည္းတည္း ေျမေနရာမေပးႏိုင္ေၾကာင္း၊ သို႔ေသာ္လုပ္ငန္းေဆာင္ရြက္ျခင္းမရွိ၍ ျပန္လည္ သိမ္းယူလာသည့္ေျမလြတ္မ်ားရွိပါကအမွန္တကယ္စုိက္ပ်ိဳးမည့္သူမ်ားကိုေျမေနရာခ်ေပးေလ့ရွိေၾကာင္း သိရသည္။ 
ဝါးစိုက္ပ်ိဳးရန္ေျမေနရာကို တစ္ဦးခ်င္းေလ်ာက္ထားမႈအရ ၂၀၁၇-၂၀၁၈ ႏွင့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္၏  ၂ ႏွစ္ ေပါင္းအတြက္ သစ္ေတာဦးစီးဌာမွခ်ေပးထားသည့္ ေျမဧကေပါင္း ၂၀၀၀ နီးပါးရရွိထားေၾကာင္း ယင္းအသင္းမွ သိရသည္။ 

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

ဝါးစိုက်ပျိုးရေးဇုန်တည်ထောင်မည့်မြေဧက ၂၀၀၀၀ ရရှိရန် ဝါးစိုက်ပျိုးရေးအသင်းဝင်တစ်ဦးချင်းစီမှ လျှောက်ထားမည် 

ရန်ကုန်တိုင်းဒေသကြီးအတွင်းဝါးစိုက်ပျိုးရေးဇုန်တည်ထောင်ရေး မြေဧက ၂၀၀၀၀ ရရှိရန် အသင်းအနေဖြင့် ဆက်လက်လျှောက်ထားမည်မဟုတ်ဘဲ အသင်းဝင်တစ်ဦးချင်းစီမှ လျှောက်ထားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းဒုတိယဥက္ကဋ္ဌ ဦးခင်လှအောင်က ပြောသည်။ 
မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းအနေဖြင့် အသင်းဝင်များဝါးစိုက်ပျိုးရာတွင် လိုအပ်မည့် မျိုးစေ့၊ ပျိုးပင်၊ စိုက်နည်းပျိုးနည်းများကိုသာတစ်ဖက်တစ်လမ်းမှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။  
“သစ်တောကတော့ ဝါးစိုက်ပျိုးရေးအသင်းအနေနဲ့လက်မခံဘူး။ တစ်ဦးချင်းမိမိအစီအစဉ်နဲ့ လျှောက်တာပဲလက်ခံတယ်။ အဲဒီတော့အသင်းကစုပြီးလုပ်မပေးတော့ဘူး။ ကိုယ်ဘာသာလျောက်ကြ။ အသင်းကသူတို့လိုအပ်တာပဲစပ်ပေးသွားမယ်”ဟု မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးခင်လှအောင်က ပြောသည်။ 
အဆိုပါ အသင်းအနေဖြင့် သစ်အစားထိုးပစ္စည်းများထုတ်လုပ်နိုင်ရန်နှင့် သစ်တောပြုန်းတီးမှုကိုကာကွယ်ရန်၊ သဘာဝဝါးတောများ ပြုန်းတီးမှုကိုကာကွယ်ရန် ဝါးစိုက်ပျိုးရေးဇုန်ကိုဖော်ဆောင်လိုခြင်း ဖြစ်ကြောင်း သိရသည်။ 
ယင်းဇုန်အတွင်းဝါးစိုက်ခင်းများပြုလုပ်ခြင်း၊ လမ်းများဖောက်ခြင်း၊ ဝါးမှတစ်ဆင့် သစ်အစားထိုးအဆင့်မြင့် လူသုံးကုန်ပစ္စည်းထုတ် စက်ရုံများတည်ဆောက်ကာ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။  
သစ်တောဦးစီးဌာနနှင့် မြေလွတ်၊မြေရိုင်းဌာနများသို့ သွားရောက်လျှောက်ထားရာတွင် လိုအပ်သည့် မြေဧက ၂၀၀၀၀ အတွက် တစ်ဆက်တည်းမြေနေရာလစ်လပ်နေခြင်းမရှိသည့်အတွက် ဌာနဆိုင်ရာများမှ တစ်စုတစ်စည်းတည်း မြေနေရာမပေးနိုင်ကြောင်း၊ သို့သော်လုပ်ငန်းဆောင်ရွက်ခြင်းမရှိ၍ ပြန်လည် သိမ်းယူလာသည့်မြေလွတ်များရှိပါကအမှန်တကယ်စိုက်ပျိုးမည့်သူများကိုမြေနေရာချပေးလေ့ရှိကြောင်း သိရသည်။ 
ဝါးစိုက်ပျိုးရန်မြေနေရာကို တစ်ဦးချင်းလျောက်ထားမှုအရ ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏  ၂ နှစ် ပေါင်းအတွက် သစ်တောဦးစီးဌာမှချပေးထားသည့် မြေဧကပေါင်း ၂၀၀၀ နီးပါးရရှိထားကြောင်း ယင်းအသင်းမှ သိရသည်။ 

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။