Skip to main content
ႏိုင္ငံျခားအာမခံကုမၸဏီ ၅ ခုကို အသက္အာမခံလုပ္ငန္းလုပ္ကိုင္ခြင့္ျပဳ
Ads Block

ႏိုင္ငံျခားအာမခံကုမၸဏီ ၅ ခုကို အသက္အာမခံလုပ္ငန္းလုပ္ကိုင္ခြင့္ျပဳ

ျမန္မာႏိုင္ငံတြင္ အသက္အာမခံလုပ္ငန္းေဆာင္ရြက္ရန္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈရာႏႈန္းျပည့္ပိုင္ဆိုင္ေသာကုမၸဏီ ၅ ခုကို လုပ္ကိုင္ခြင့္ျပဳေၾကာင္း ဧၿပီလ ၅ ရက္တြင္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ ေၾကညာခဲ့သည္။
ယင္းဝန္ႀကီးဌာနသည္ အသက္အာမခံလုပ္ငန္းအဆိုျပဳေလွ်ာက္လႊာပါ လိုင္စင္စိစစ္အကဲျဖတ္ျခင္းလုပ္ငန္းမ်ား ၿပီးဆံုး၍ အကဲျဖတ္စံႏႈန္းမ်ားႏွင့္ ကိုက္ညီသည့္အတြက္ AIA ကုမၸဏီလီမီတက္၊ Chubb Tempest Reinsurance လိမိတက္၊ Dai-ichi Life အာမခံကုမၸဏီလိမိတက္၊ Manufactures Life အာမခံကုမၸဏီႏွင့္ Prudential Hong Kong လိမိတက္စသည့္ ႏိုင္ငံျခားအာမခံကုမၸဏီ ၅ ခုကို အသက္အာမခံလုပ္ငန္း ေဆာင္ရြက္ခြင့္ျပဳေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။  
ယင္းသို႔အသက္အာမခံလုပ္ငန္းေဆာင္ရြက္ရန္ ႏိုင္ငံျခားအသက္အာမခံကုမၸဏီမ်ားသည္ ဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္လုိင္စင္အႀကိဳလုပ္ငန္းစဥ္မ်ားေဆာင္ရြက္ရမည္ျဖစ္ၿပီး ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈရာႏႈန္းျပည့္ ပိုင္ဆုိင္ေသာကုမၸဏီမ်ားေဆာင္ရြက္ရန္ လိုအပ္သည့္ကိစၥရပ္မ်ားကို ျဖည့္ဆည္းေဆာင္ရြက္ရန္အဆိုပါ ထုတ္ျပန္စာတြင္ ညႊန္ၾကားထားသည္။ 
ထုိသို႔ လိုင္စင္အႀကိဳရရွိရန္ လုပ္ငန္းစဥ္မ်ားေဆာင္ရြက္ၿပီးစီးပါကယင္းႏိုင္ငံျခားကုမၸဏီမ်ားကိုဝန္ႀကီးဌာနမွ လုပ္ငန္းလိုင္စင္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။ 
ျမန္မာ့အာမခံလုပ္ငန္းကို ၁၉၅၂ ခုႏွစ္မွစ၍ ႏိုင္ငံပိုင္အာမခံအဖြဲ႕အစည္းအျဖစ္တည္ေထာင္ခဲ့ၿပီး ၂ဝ၁၃ ခုႏွစ္၊ ေမ ၂၅ ရက္တြင္ ပုဂၢလိကအာမခံကုမၸဏီမ်ားကိုလုပ္ငန္း လုပ္ကိုင္ခြင့္ေပးခဲ့ျခင္းျဖစ္သည္။ 
ယင္းေနာက္ ႏုိင္ငံျခားအာမခံကုမၸဏီမ်ားမူျပည္တြင္း၌ အာမခံလုပ္ငန္းေဆာင္ရြက္ရန္ ၂၀၁၉ ခုႏွစ္တြင္ စတင္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။ 
ႏိုင္ငံျခားအာမခံလုပ္ငန္းမ်ားသည္ နည္းပညာႏွင့္ အရင္းအႏွီးမ်ားအားေကာင္းသျဖင့္ ျပည္တြင္း၌ လုပ္ကိုင္ခြင့္ ေပးျခင္းျဖင့္ ျပည္သူလူထုမ်ားကိုအာမခံအကာအကြယ္ပိုမိုေပးႏုိင္ျခင္း၊ ျပည္တြင္းအာမခံကုမၸဏီမ်ားျဖင့္ ပူးေပါင္းလုပ္ကိုင္ခြင့္ရရွိသျဖင့္ ႏိုင္ငံျခားအာမခံလုပ္ငန္းမ်ားမွနည္းပညာမ်ား ျပည္တြင္းသို႔စီးဝင္ကာ လုပ္ငန္းမ်ား ပိုတုိးတက္လာႏုိင္သျဖင့္ခြင့္ျပဳေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းမွ သိရသည္။ 

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

နိုင်ငံခြားအာမခံကုမ္ပဏီ ၅ ခုကို အသက်အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ပြု

မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရာနှုန်းပြည့်ပိုင်ဆိုင်သောကုမ္ပဏီ ၅ ခုကို လုပ်ကိုင်ခွင့်ပြုကြောင်း ဧပြီလ ၅ ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။
ယင်းဝန်ကြီးဌာနသည် အသက်အာမခံလုပ်ငန်းအဆိုပြုလျှောက်လွှာပါ လိုင်စင်စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ပြီးဆုံး၍ အကဲဖြတ်စံနှုန်းများနှင့် ကိုက်ညီသည့်အတွက် AIA ကုမ္ပဏီလီမီတက်၊ Chubb Tempest Reinsurance လိမိတက်၊ Dai-ichi Life အာမခံကုမ္ပဏီလိမိတက်၊ Manufactures Life အာမခံကုမ္ပဏီနှင့် Prudential Hong Kong လိမိတက်စသည့် နိုင်ငံခြားအာမခံကုမ္ပဏီ ၅ ခုကို အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ပြုကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။  
ယင်းသို့အသက်အာမခံလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံခြားအသက်အာမခံကုမ္ပဏီများသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်လိုင်စင်အကြိုလုပ်ငန်းစဉ်များဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရာနှုန်းပြည့် ပိုင်ဆိုင်သောကုမ္ပဏီများဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ရန်အဆိုပါ ထုတ်ပြန်စာတွင် ညွှန်ကြားထားသည်။ 
ထိုသို့ လိုင်စင်အကြိုရရှိရန် လုပ်ငန်းစဉ်များဆောင်ရွက်ပြီးစီးပါကယင်းနိုင်ငံခြားကုမ္ပဏီများကိုဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 
မြန်မာ့အာမခံလုပ်ငန်းကို ၁၉၅၂ ခုနှစ်မှစ၍ နိုင်ငံပိုင်အာမခံအဖွဲ့အစည်းအဖြစ်တည်ထောင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ မေ ၂၅ ရက်တွင် ပုဂ္ဂလိကအာမခံကုမ္ပဏီများကိုလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ 
ယင်းနောက် နိုင်ငံခြားအာမခံကုမ္ပဏီများမူပြည်တွင်း၌ အာမခံလုပ်ငန်းဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်တွင် စတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 
နိုင်ငံခြားအာမခံလုပ်ငန်းများသည် နည်းပညာနှင့် အရင်းအနှီးများအားကောင်းသဖြင့် ပြည်တွင်း၌ လုပ်ကိုင်ခွင့် ပေးခြင်းဖြင့် ပြည်သူလူထုများကိုအာမခံအကာအကွယ်ပိုမိုပေးနိုင်ခြင်း၊ ပြည်တွင်းအာမခံကုမ္ပဏီများဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိသဖြင့် နိုင်ငံခြားအာမခံလုပ်ငန်းများမှနည်းပညာများ ပြည်တွင်းသို့စီးဝင်ကာ လုပ်ငန်းများ ပိုတိုးတက်လာနိုင်သဖြင့်ခွင့်ပြုကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။ 

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။