Skip to main content
ဘဏ္မ်ား၏စြမ္းေဆာင္မႈအေျခအေနအလိုက္ မူဝါဒမ်ားခြဲျခားသတ္မွတ္သင့္ဟု ဆို 
Ads Block

ဘဏ္မ်ား၏စြမ္းေဆာင္မႈအေျခအေနအလိုက္ မူဝါဒမ်ားခြဲျခားသတ္မွတ္သင့္ဟု ဆို 

ဗဟုိဘဏ္အေနျဖင့္ ဘဏ္လုပ္ငန္းမ်ားအေပၚမူဝါဒခ်မွတ္ရာတြင္ ဘဏ္မ်ား၏စြမ္းေဆာင္မႈအေျခအေနအလိုက္ မူဝါဒမ်ားခြဲျခားခ်မွတ္သင့္ေၾကာင္း စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးက သံုးသပ္ေျပာၾကားသည္။
ဗဟိုဘဏ္အေနျဖင့္ ဘဏ္လုပ္ငန္းမ်ားမွေခ်းေငြအေပၚအတိုးႏႈန္းေကာက္ခံျခင္း၊ လုပ္ငန္းမတည္ရန္ ရင္းႏွီးျမွဳပ္ႏွံမႈ ထည့္ဝင္ျခင္းႏွင့္ ဘဏ္မ်ားအတြက္ စည္းကမ္းခ်က္မ်ားထုတ္ျပန္ခ်မွတ္ျခင္းတို႔ႏွင့္ ပတ္သက္ၿပီး မူ၀ါဒမ်ားခ်မွတ္ျခင္းအေပၚ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ ဘဏ္ေတြမွာစီမံခန္႔ခြဲတဲ့အခါ Risk Management က လိုတယ္။ Micro Potential ဆိုတာရွိတယ္။ Macro Potential ဆိုတာရွိတယ္။ Micro ဆိုတာဘဏ္တစ္ခုခ်င္းကိုၾကည့္ရတာ။ ဘယ္ဘဏ္ကဆိုးသလဲ၊ ဘယ္ဘဏ္ကေကာင္းသလဲ။ ဘယ္ဘဏ္ကအားနည္းေနလဲဆိုတာကိုဗဟိုဘဏ္ကတာဝန္ရွိတဲ့ သူေတြကတစ္ခုခ်င္းစီကိုခဲြျခားၿပီးေတာ့ စီစစ္ဖို႔လိုတယ္။ တစ္ခုခ်င္းစီမွာဘာေတြ ျဖစ္ေနလဲ။ ျဖစ္တဲ့ဟာဆိုရင္ ေသေသခ်ာခ်ာစီမံခန္႔ခြဲရမယ္။အတုိးႏႈန္းကလည္းအကုန္လံုးကဒီပံုစံပဲ။ Capital Equity Rate တို႔ကို ခြဲကိုင္သင့္တယ္။ တစ္သတ္မွတ္ထဲသတ္မွတ္ထားတာကဘာမွလုပ္လုိမရ၊ ကိုင္လုိ႔မရျဖစ္တယ္။ အဲဒါေတြ အားလံုးကေတာ့ သီအိုရီကရွိၿပီးသား။ လက္ေတြ႕မွာလည္းလုပ္လို႔ရမယ္ ထင္ပါတယ္” ဟု စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးက ေျပာသည္။
ျပည္တြင္းဘဏ္လုပ္ငန္းမ်ားအတြက္ မူဝါဒမ်ားခ်မွတ္ရာတြင္ ဘဏ္လုပ္ငန္းမ်ားတုိးတက္မႈရွိေစရန္ လိုအပ္ပါက IMF (ႏိုင္ငံတကာေငြေၾကးရန္ပံုေငြအဖြဲ႕အစည္း) ကဲ့သို႔ အဖြဲ႕အစည္းမ်ားမွ ႏုိင္ငံတကာအဆင့္ ဘဏ္လုပ္ငန္း ဆိုင္ရာကၽြမ္းက်င္ဝန္ထမ္းမ်ားကိုခန္႔အပ္ကာေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ၄င္းက ဆက္ေျပာသည္။
“ Micro ဆိုၿပီးလုပ္ေတာ့ ရွိတဲ့လူလည္းၾကပ္တယ္။ သူလည္းၾကပ္၊ ကိုယ္လည္းၾကပ္တယ္။ အခုကဘဏ္ေတြမွာ ရွိေနတာကတစ္ႏွစ္ေနရင္ ၈ ရာခိုင္ႏႈန္း (အပ္ေငြအတိုးႏႈန္း) တက္လာတယ္။ ဒါနဲ႔ အားလံုးကေတာ့ ေျဖေနတယ္။ ဒါေပမယ့္ လုပ္တဲ့ဟာမွာမႏုိင္ေတာ့ဘူးဆုိတဲ့အခ်ိန္က်ရင္ ဘယ္သူ႔ရွိလဲဆိုတာ ၾကည့္ေတာ့လည္း ေဘးနားမွာသိပ္ၿပီးေတာ့လည္း လူကသိပ္မရွိဘူး” ဟု ေဒါက္တာေဇာ္ဦးက ဆက္ေျပာသည္။
လက္ရွိတြင္ ႏိုင္ငံျခားဘဏ္၊ ဘဏ္ခြဲမ်ားကို ျပည္တြင္းဘဏ္မ်ားနည္းတူ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားသို႔ မည္သည့္ေခ်းေငြ ျဖည့္ဆည္းမႈမဆိုေဆာင္ရြက္ႏိုင္ေၾကာင္းႏွင့္ အျခားဘဏ္လုပ္ငန္းဆိုင္ရာဝန္ေဆာင္မႈမ်ား ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ ၈ ရက္မွစတင္၍ ေဆာင္ရြက္ႏုိင္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ခြင့္ျပဳထားသည္။ 
သို႔ေသာ္လည္းအပ္ေငြကိုလက္ခံျခင္းကဲ့သို႔လက္လီဘဏ္လုပ္ငန္းမ်ားကိုမူ ႏိုင္ငံျခားဘဏ္မ်ားကို လုပ္ကိုင္ခြင့္မျပဳထားေၾကာင္း သိရသည္။ 

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

ဘဏ်များ၏စွမ်းဆောင်မှုအခြေအနေအလိုက် မူဝါဒများခွဲခြားသတ်မှတ်သင့်ဟု ဆို 

ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းများအပေါ်မူဝါဒချမှတ်ရာတွင် ဘဏ်များ၏စွမ်းဆောင်မှုအခြေအနေအလိုက် မူဝါဒများခွဲခြားချမှတ်သင့်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက သုံးသပ်ပြောကြားသည်။
ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းများမှချေးငွေအပေါ်အတိုးနှုန်းကောက်ခံခြင်း၊ လုပ်ငန်းမတည်ရန် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ခြင်းနှင့် ဘဏ်များအတွက် စည်းကမ်းချက်များထုတ်ပြန်ချမှတ်ခြင်းတို့နှင့် ပတ်သက်ပြီး မူဝါဒများချမှတ်ခြင်းအပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ ဘဏ်တွေမှာစီမံခန့်ခွဲတဲ့အခါ Risk Management က လိုတယ်။ Micro Potential ဆိုတာရှိတယ်။ Macro Potential ဆိုတာရှိတယ်။ Micro ဆိုတာဘဏ်တစ်ခုချင်းကိုကြည့်ရတာ။ ဘယ်ဘဏ်ကဆိုးသလဲ၊ ဘယ်ဘဏ်ကကောင်းသလဲ။ ဘယ်ဘဏ်ကအားနည်းနေလဲဆိုတာကိုဗဟိုဘဏ်ကတာဝန်ရှိတဲ့ သူတွေကတစ်ခုချင်းစီကိုခွဲခြားပြီးတော့ စီစစ်ဖို့လိုတယ်။ တစ်ခုချင်းစီမှာဘာတွေ ဖြစ်နေလဲ။ ဖြစ်တဲ့ဟာဆိုရင် သေသေချာချာစီမံခန့်ခွဲရမယ်။အတိုးနှုန်းကလည်းအကုန်လုံးကဒီပုံစံပဲ။ Capital Equity Rate တို့ကို ခွဲကိုင်သင့်တယ်။ တစ်သတ်မှတ်ထဲသတ်မှတ်ထားတာကဘာမှလုပ်လိုမရ၊ ကိုင်လို့မရဖြစ်တယ်။ အဲဒါတွေ အားလုံးကတော့ သီအိုရီကရှိပြီးသား။ လက်တွေ့မှာလည်းလုပ်လို့ရမယ် ထင်ပါတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောသည်။
ပြည်တွင်းဘဏ်လုပ်ငန်းများအတွက် မူဝါဒများချမှတ်ရာတွင် ဘဏ်လုပ်ငန်းများတိုးတက်မှုရှိစေရန် လိုအပ်ပါက IMF (နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အစည်း) ကဲ့သို့ အဖွဲ့အစည်းများမှ နိုင်ငံတကာအဆင့် ဘဏ်လုပ်ငန်း ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများကိုခန့်အပ်ကာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ Micro ဆိုပြီးလုပ်တော့ ရှိတဲ့လူလည်းကြပ်တယ်။ သူလည်းကြပ်၊ ကိုယ်လည်းကြပ်တယ်။ အခုကဘဏ်တွေမှာ ရှိနေတာကတစ်နှစ်နေရင် ၈ ရာခိုင်နှုန်း (အပ်ငွေအတိုးနှုန်း) တက်လာတယ်။ ဒါနဲ့ အားလုံးကတော့ ဖြေနေတယ်။ ဒါပေမယ့် လုပ်တဲ့ဟာမှာမနိုင်တော့ဘူးဆိုတဲ့အချိန်ကျရင် ဘယ်သူ့ရှိလဲဆိုတာ ကြည့်တော့လည်း ဘေးနားမှာသိပ်ပြီးတော့လည်း လူကသိပ်မရှိဘူး” ဟု ဒေါက်တာဇော်ဦးက ဆက်ပြောသည်။
လက်ရှိတွင် နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများကို ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့်ချေးငွေ ဖြည့်ဆည်းမှုမဆိုဆောင်ရွက်နိုင်ကြောင်းနှင့် အခြားဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသည်။ 
သို့သော်လည်းအပ်ငွေကိုလက်ခံခြင်းကဲ့သို့လက်လီဘဏ်လုပ်ငန်းများကိုမူ နိုင်ငံခြားဘဏ်များကို လုပ်ကိုင်ခွင့်မပြုထားကြောင်း သိရသည်။ 

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။