Skip to main content
ထရန့် နဲ့ ထိပ်သီးမတိုင်မီ စင်ကာပူမှာ selfie ဆွဲနေတဲ့ ကင် 
Ads Block

ထရန့် နဲ့ ထိပ်သီးမတိုင်မီ စင်ကာပူမှာ selfie ဆွဲနေတဲ့ ကင် 

အယောင်ဆောင်ထားသူမှန်း မသိသေးခင်တော့ နက်မှောင်နေတဲ့ ပိုးသားဆံကေသာနဲ့  မာရီနာဘေးဟိုတယ်ရှေ့ က လူဝလေးကို မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်များလား ဆိုပြီး စင်ကာပူဒေသခံတွေ အံ့အားတသင့် လိုက်လံကြည့်ရှုခဲ့ကြပါတယ်။ 

“တကယ် ကင်ဂျုံအန်အစစ်အတိုင်းပါပဲ၊ နောက်မှသာ ဒီပုဂ္ဂိုလ်က အစစ်မဟုတ်မှန်း ခွဲခြားနိုင်ခဲ့တာ” လို့  အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ ရောက်ရှိလာတဲ့ ခရီးသွားတစ်ဦးက ပြောပါတယ်။ သူဟာ ကင်အတုနဲ့ ဓါတ်ပုံများစွာတွဲရိုက်ခဲ့ပါသေးတယ်။ သူ့ ကို ခင်ဗျားတို့ တွေ့ ရင်လည်း အတု အစစ်ခွဲဖို့  တော်တော်ခက်မှာပါလို့  သူက ဆက်ပြောခဲ့ပါတယ်။ 

ကင်

မြောက်ကိုရီးယားခေါင်းဆောင်ပုံဖမ်းထားတဲ့ ယင်း သြစတြေးလျ - တရုတ်ကပြား အမျိုးသားက သူ့ ကို Howard X လို့ ပဲခေါ်ဆိုစေပြီး သူဒီလိုလုပ်ရတာဟာ ကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တို့ ရဲ့  ထိပ်သီးအစည်းအဝေး ဖြစ်မြောက်စေချင်လို့ ဖြစ်ကြောင်း ပြောဆိုပါတယ်။ Howard X ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ကာလကလည်း ကင်အဖြစ်နဲ့  ပေါ်ထွက်လာခဲ့ဖူးပါတယ်။ ယင်းအချိန်က ဟော်ကီအားကစားပွဲတစ်ခုကို ရောက်လာတဲ့ သူ့ ပုံစံကြောင့် မြောက်ကိုရီးယားအားကစားအဖွဲ့ ကို အားပေးသူတွေဟာ ကနဦးမှာ သူတို့ ရဲ့ ခေါင်းဆောင်များလားလို့  ယောင်ဝါးဝါးဖြစ်ခဲ့ကြပါသေးတယ်။ 

ကင်

ခေါင်းဆောင်နှစ်ဦး တွေ့ ဆုံကြမယ်လို့  မိမိထင်ပါကြောင်း၊ သူတို့ နှစ်ဦးဟာ အလွန်တူညီတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအရည်အသွေးတွေရှိကြတာကြောင့် အချိန်ကောင်း အခါကောင်းတစ်ခုကို ရောက်ရှိကြမှာပါလို့  သူက ဆိုခဲ့ပြီး တွေ့ ဆုံဆွေးနွေးပွဲပြီးသွားရင် သူတို့ ဟာ မိတ်ဆွေကောင်းတွေ ဖြစ်သွားကြမှာပါလို့ လည်း Howard X က ဟောကိန်းထုတ်ခဲ့ပါတယ်။ 

ဇွန် ၁၂ ရက်နေ့  စင်ကာပူနိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းတယ်လို့  ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရန့် က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ကင်နဲ့ ထိပ်သီးကို မူလအစီအစဉ်အတိုင်း ပြုလုပ်သွားဖို့  ပြင်ဆင်နေတယ်ဆိုတဲ့ မီးစိမ်းပြမှုကို နောက်ပိုင်းမှာ ထရန့် က ပြန်လည်ပြသလာခဲ့ပါတယ်။ ဒါ့အပြင် ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့  အိမ်ဖြူတော်အဖွဲ့ တစ်ဖွဲ့ ဟာ ယခုသီတင်းပတ်အဆုံးပိုင်းမှာ စင်ကာပူနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ လည်း သိရပါတယ်။

  • ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: CNA 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။