Skip to main content
အလုပ္သမား
Ads Block

လုပ္ငန္းခြင္ကၽြမ္းက်င္မႈ အားနည္းျခင္းေၾကာင့္ စက္ရုံအလုပ္သမားမ်ား အလုပ္ထုတ္ခံရမႈမ်ား အမ်ားဆံုးျဖစ္ေနဟု ဆို

ျမန္မာႏုိင္ငံအတြင္းရွိစက္ရုံမ်ားမွ အလုပ္သမားမ်ား မၾကာခဏအလုပ္ထုတ္ခံေနရျခင္းမ်ားျဖစ္ပြားေနျခင္းမွာ လုပ္ငန္းခြင္ကၽြမ္းက်င္မႈအားနည္းျခင္းမ်ားေၾကာင့္ျဖစ္ေၾကာင္း Partnership အထည္ခ်ဳပ္သင္တန္းေက်ာင္းမွ ဆရာမ ေဒၚၾကြယ္မ်ိဳးမ်ိဳးေအးက သံုးသပ္ေျပာၾကားလိုက္သည္။

ဧၿပီလ(၆)ရက္က ရန္ကုန္ၿမိဳ႕ စီးတီးဟိုတယ္တြင္ အလုပ္သမားအခြင့္အေရးလား၊ အလုပ္အကိုင္အခြင့္အလမ္းလားဟူေသာေခါင္းစဥ္ျဖင့္ က်င္းပေဆြးေႏြးသည့္ ဒီဗြီဘီဒီဘိတ္အစီအစဥ္တြင္ အထက္ပါအတုိင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။ “ အဓိက စက္ရုံအလုပ္သမားေတြဆိုတာ နယ္ေတြဘက္က လာၿပီးလုပ္ၾကတာပါ၊ သူတို႕က လုပ္ငန္းခြင္ျဖစ္စဥ္ေတြကို ႏွစ္ရက္သံုးရက္နဲ႕အၿပီးသင္ၿပီး အလုပ္၀င္ၾကတဲ့အတြက္ ကၽြမ္းက်င္မႈက သိပ္ၿပီးမရွိၾကတာပါ၊ လုပ္ငန္းကလည္း လုပ္သားလိုအပ္ခ်က္အရ သင္တန္းေတြကို အခ်ိန္အၾကာႀကီး မေပးႏုိင္ပါဘူး။ အလုပ္သမားေတြကလည္း စီးပြားေရးအဆင္မေျပတဲ့အတြက္ သင္တန္းေတြကို အခ်ိန္အၾကာႀကီး မတက္ႏုိင္ပါဘူး၊ အဲဒီလိုနဲ႕လုပ္ငန္းမကၽြမ္းက်င္တဲ့အခါ အလုပ္ထုတ္ပယ္မႈေတြက အမ်ားႀကီးျဖစ္လာတာပါ ” ဟု ဆရာမ ေဒၚၾကြယ္မ်ိဳးမ်ိဳးေအးက သံုးသပ္ေျပာၾကားသည္။ လက္ရွိတြင္ လုပ္ငန္းခြင္ကၽြမ္းက်င္းေရးႏွင့္ ပတ္သက္သည့္ သင္တန္းေက်ာင္းမွာ ႏွစ္ခုသာရွိ္ၿပီး ယင္းတုိ ့ကုိ ျမန္မာႏုိင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းမွ ဦးစီးဖြင့္လွစ္ေပးထားျခင္းလည္း ျဖစ္သည္။ အလုပ္သမားမ်ားကို စက္ရုံပိတ္သိမ္းမႈေၾကာင့္ ထုတ္ပယ္လိုက္ပါက ဥပေဒအရ ေလ်ာ္ေၾကးေပးမႈမ်ားရွိေသာ္လည္း လုပ္ငန္းခြင္အတြင္း အဆင္မေျမမႈမ်ားေၾကာင့္ ထုတ္ပယ္လိုက္ပါက အလုပ္သမားမ်ား၏ မေက်နပ္ခ်က္မ်ားကုိလည္း ေျဖရွင္းေနရသည္။ အလုပ္သမားမ်ားအေနျဖင့္ ခံုေကာင္စီသို႕ ေရာက္ရွိလာမႈမ်ားမွာလည္း အလုပ္ထုတ္ခံရျခင္းမ်ားေၾကာင့္ ေရာက္ရွိလာသူမ်ားမွာ အဓိကျဖစ္ေနၿပီး၊ အလုပ္သမားမ်ားအေနျဖင့္ ခံုေကာင္စီသို႕ တိုက္ရုိက္ေရာက္ရွိလာျခင္း မဟုတ္ဘဲ ၿမိဳ႕နယ္အဆင့္၊ ခံုသမာဓိအဆင့္တြင္ ေက်နပ္ျခင္းမရွိမွသာ ေရာက္ရွိလာျခင္းလည္း ျဖစ္သည္။

အလုပ္သမားမ်ားကို လုပ္ငန္းခြင္အတြင္း လုပ္ရည္ကိုင္ရည္ ျမင့္တက္လာရန္မွာ ပတ္၀န္းက်င္အေနအထား၊ ေရခံေျမခံေကာင္းမြန္မႈႏွင့္လည္း သက္ဆိုင္သည္ဟု ျမန္မာႏုိင္ငံစက္မႈထုတ္ကုန္လုပ္ငန္းရွင္မ်ားအသင္း တြဲဖက္အေထြေထြအတြင္းေရးမွဴး ဦးထြန္းထြန္းက ေျပာၾကားထားသည္။  

Unicode Version

မြန်မာနိုင်ငံအတွင်းရှိစက်ရုံများမှ အလုပ်သမားများ မကြာခဏအလုပ်ထုတ်ခံနေရခြင်းများဖြစ်ပွားနေခြင်းမှာ လုပ်ငန်းခွင်ကျွမ်းကျင်မှုအားနည်းခြင်းများကြောင့်ဖြစ်ကြောင်း Partnership အထည်ချုပ်သင်တန်းကျောင်းမှ ဆရာမ ဒေါ်ကြွယ်မျိုးမျိုးအေးက သုံးသပ်ပြောကြားလိုက်သည်။
ဧပြီလ(၆)ရက်က ရန်ကုန်မြို့ စီးတီးဟိုတယ်တွင် အလုပ်သမားအခွင့်အရေးလား၊ အလုပ်အကိုင်အခွင့်အလမ်းလားဟူသောခေါင်းစဉ်ဖြင့် ကျင်းပဆွေးနွေးသည့် ဒီဗွီဘီဒီဘိတ်အစီအစဉ်တွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ အဓိက စက်ရုံအလုပ်သမားတွေဆိုတာ နယ်တွေဘက်က လာပြီးလုပ်ကြတာပါ၊ သူတို့က လုပ်ငန်းခွင်ဖြစ်စဉ်တွေကို နှစ်ရက်သုံးရက်နဲ့အပြီးသင်ပြီး အလုပ်ဝင်ကြတဲ့အတွက် ကျွမ်းကျင်မှုက သိပ်ပြီးမရှိကြတာပါ၊ လုပ်ငန်းကလည်း လုပ်သားလိုအပ်ချက်အရ သင်တန်းတွေကို အချိန်အကြာကြီး မပေးနိုင်ပါဘူး။ အလုပ်သမားတွေကလည်း စီးပွားရေးအဆင်မပြေတဲ့အတွက် သင်တန်းတွေကို အချိန်အကြာကြီး မတက်နိုင်ပါဘူး၊ အဲဒီလိုနဲ့လုပ်ငန်းမကျွမ်းကျင်တဲ့အခါ အလုပ်ထုတ်ပယ်မှုတွေက အများကြီးဖြစ်လာတာပါ ” ဟု ဆရာမ ဒေါ်ကြွယ်မျိုးမျိုးအေးက သုံးသပ်ပြောကြားသည်။ လက်ရှိတွင် လုပ်ငန်းခွင်ကျွမ်းကျင်းရေးနှင့် ပတ်သက်သည့် သင်တန်းကျောင်းမှာ နှစ်ခုသာရှိပြီး ယင်းတို့ကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဦးစီးဖွင့်လှစ်ပေးထားခြင်းလည်း ဖြစ်သည်။ အလုပ်သမားများကို စက်ရုံပိတ်သိမ်းမှုကြောင့် ထုတ်ပယ်လိုက်ပါက ဥပဒေအရ လျော်ကြေးပေးမှုများရှိသော်လည်း လုပ်ငန်းခွင်အတွင်း အဆင်မမြေမှုများကြောင့် ထုတ်ပယ်လိုက်ပါက အလုပ်သမားများ၏ မကျေနပ်ချက်များကိုလည်း ဖြေရှင်းနေရသည်။
အလုပ်သမားများအနေဖြင့် ခုံကောင်စီသို့ ရောက်ရှိလာမှုများမှာလည်း အလုပ်ထုတ်ခံရခြင်းများကြောင့် ရောက်ရှိလာသူများမှာ အဓိကဖြစ်နေပြီး၊ အလုပ်သမားများအနေဖြင့် ခုံကောင်စီသို့ တိုက်ရိုက်ရောက်ရှိလာခြင်း မဟုတ်ဘဲ မြို့နယ်အဆင့်၊ ခုံသမာဓိအဆင့်တွင် ကျေနပ်ခြင်းမရှိမှသာ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
အလုပ်သမားများကို လုပ်ငန်းခွင်အတွင်း လုပ်ရည်ကိုင်ရည် မြင့်တက်လာရန်မှာ ပတ်ဝန်းကျင်အနေအထား၊ ရေခံမြေခံကောင်းမွန်မှုနှင့်လည်း သက်ဆိုင်သည်ဟု မြန်မာနိုင်ငံစက်မှုထုတ်ကုန်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းက ပြောကြားထားသည်။  

   -  ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။