Skip to main content
ေျပတီဦး
Ads Block

မ်ဳိးဆက္သစ္သရုပ္ေဆာင္မ်ား အဓိကပါသည့္ဇာတ္လမ္းတြဲမ်ားကုိဆုေပးျခင္းအေပၚ သေဘာက်ေၾကာင္း အကယ္ဒမီ ေျပတီဦးေျပာ

Star Awards ဆုေပးပဲြတြင္ မ်ိဳးဆက္သစ္သရုပ္ေဆာင္မ်ားအား အဓိကထားရုိက္ကူးၾကသည့္ ဇာတ္လမ္းတဲြမ်ားကို ဆုေရြးခ်ယ္ေပးဆုေပးျခင္းကို သေဘာက်ေၾကာင္း အကယ္ဒမီေျပတီဦးက ေျပာသည္။

ဧၿပီလ ၅ ရက္က က်င္းပသည့္ Star Awards ဆုေပးပဲြတြင္ ဇာတ္လမ္းတြဲမ်ားအား ဆုေရြးခ်ယ္ေပးျခင္းႏွင့္ပတ္သက္၍ မီဒီယာမ်ား၏ေမးျမန္းမႈကုိ ယခုကဲ့သုိ႔ေျပာၾကားလုိက္ျခင္းျဖစ္သည္။ “ အရမ္းေကာင္းပါတယ္။ မ်ိဳးဆက္သစ္ေတြက ဇာတ္လမ္းတဲြေတြမွာ ရိွၾကတယ္ေလ။ အဲဒီလို ဇာတ္လမ္းတဲြေတြကို ဆုေပးလုိက္ေတာ့ သူတို႔အတြက္ ရင္ခုန္စရာတစ္ခုျဖစ္လာတယ္။ အဲဒါေၾကာင့္ သူတို႔က ေနာက္ႏွစ္ေတြမွာ ပိုၿပီး ႀကိဳးစားခ်င္တဲ့စိတ္ေတြ ျဖစ္လာၾကမယ္။ အခုလို ဆုေပးေတာ့ ေနာက္ႏွစ္ေတြမွာ ဇာတ္လမ္းတဲြေတြကို ပိုၿပီးေတာ့ ႀကိဳးစားၾကမယ္။ ဒီထက္ပို ေကာင္းေအာင္လုပ္ၾကမယ္ဆိုေတာ့ ဒါက အျပဳသေဘာေဆာင္တဲ့ဟာဆိုေတာ့ သေဘာက်ပါတယ္ ” ဟု ေျပတီဦးက ေျပာသည္။

၂၀၁၈ ခုႏွစ္အတြင္းရုပ္ရွင္ရုိက္ကူးမႈ အားနည္းခဲ့သည့္ အကယ္ဒမီေျပတီဦးအေနျဖင့္ အကယ္ဒမီ၊ Star Awards စသည့္ဆုႏွစ္မ်ိဳးစလံုးအတြက္ ရင္ခုန္မႈမရွိဘဲ လက္ခုပ္တီး အားေပးရန္သာ တက္ေရာက္လာျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။  

Unicode Version

Star Awards ဆုပေးပွဲတွင် မျိုးဆက်သစ်သရုပ်ဆောင်များအား အဓိကထားရိုက်ကူးကြသည့် ဇာတ်လမ်းတွဲများကို ဆုရွေးချယ်ပေးဆုပေးခြင်းကို သဘောကျကြောင်း အကယ်ဒမီပြေတီဦးက ပြောသည်။
ဧပြီလ ၅ ရက်က ကျင်းပသည့် Star Awards ဆုပေးပွဲတွင် ဇာတ်လမ်းတွဲများအား ဆုရွေးချယ်ပေးခြင်းနှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းမှုကို ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ “ အရမ်းကောင်းပါတယ်။ မျိုးဆက်သစ်တွေက ဇာတ်လမ်းတွဲတွေမှာ ရှိကြတယ်လေ။ အဲဒီလို ဇာတ်လမ်းတွဲတွေကို ဆုပေးလိုက်တော့ သူတို့အတွက် ရင်ခုန်စရာတစ်ခုဖြစ်လာတယ်။ အဲဒါကြောင့် သူတို့က နောက်နှစ်တွေမှာ ပိုပြီး ကြိုးစားချင်တဲ့စိတ်တွေ ဖြစ်လာကြမယ်။ အခုလို ဆုပေးတော့ နောက်နှစ်တွေမှာ ဇာတ်လမ်းတွဲတွေကို ပိုပြီးတော့ ကြိုးစားကြမယ်။ ဒီထက်ပို ကောင်းအောင်လုပ်ကြမယ်ဆိုတော့ ဒါက အပြုသဘောဆောင်တဲ့ဟာဆိုတော့ သဘောကျပါတယ် ” ဟု ပြေတီဦးက ပြောသည်။
၂၀၁၈ ခုနှစ်အတွင်းရုပ်ရှင်ရိုက်ကူးမှု အားနည်းခဲ့သည့် အကယ်ဒမီပြေတီဦးအနေဖြင့် အကယ်ဒမီ၊ Star Awards စသည့်ဆုနှစ်မျိုးစလုံးအတွက် ရင်ခုန်မှုမရှိဘဲ လက်ခုပ်တီး အားပေးရန်သာ တက်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။  

   -  မ်ဳိးေကခုိင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။