Skip to main content
စက္မႈဇုန္လုပ္သားမ်ားအတြက္ အငွားအိမ္ရာစီမံကိန္း ဦးစားေပးေဆာင္ရြက္သင့္ 
Ads Block

စက္မႈဇုန္လုပ္သားမ်ားအတြက္ အငွားအိမ္ရာစီမံကိန္း ဦးစားေပးေဆာင္ရြက္သင့္ 

စက္မႈဇုန္လုပ္ငန္းမ်ားမွ လုပ္သားမ်ားအတြက္ အငွားအိမ္ရာစီမံကိန္းကို ဦးစားေပးအေကာင္အထည္ေဖာ္ ေဆာင္ရြက္သင့္ ေၾကာင္း စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ အေျခခံလုပ္သားအမ်ားစုမွာ စက္မႈဇုန္လုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနသည့္အတြက္ တန္ဖိုးနည္းအေရာင္း အိမ္ရာ စနစ္ထက္ အဆိုပါ လုပ္သားမ်ား၏ လုပ္ခလစာဝင္ေငြျဖင့္ လက္လွမ္း မီႏိုင္မည့္ အငွားအိမ္ရာစနစ္ကို အဓိက ဦးစားေပးေဆာင္ ရြက္သင့္ေၾကာင္း ၄င္းက ဆိုသည္။ 
“ တန္ဖိုးနည္းအိမ္ရာက ေရာင္းတာ။ အလုပ္သမားဆိုရင္ ငွားမွာ။ ငွားမယ့္ အိမ္ရာဆို ေသာက္ေသာက္လဲ ငွားၾကမွာ။ အလုပ္ သမားတိုင္းကလည္း အစိုးရကို ဝိုင္းၿပီး ေထာက္ခံၾကမွာပဲ။ အလုပ္သမားေတြအတြက္ လုပ္ၿပီးမွ စက္ရံုပိုင္ရွင္ေတြေနမယ့္ အိမ္ရာ ကို စဥ္းစားရမယ္”  ဟု ေဒါက္တာေဇာ္ဦးက ဆိုသည္။ 
ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈအမ်ားဆံုးမွာ CMP လုပ္ငန္းမ်ားသို႔ ဝင္ေရာက္ေနၿပီး ယင္းလုပ္ငန္းမ်ားသည္ စက္မႈဇုန္မ်ား၌ လုပ္ကိုင္ေန သည့္အတြက္ အငွားအိမ္ရာစီမံကိန္းမ်ား အေကာင္အထည္ေဖာ္ျခင္းျဖင့္  ျပည္သူလူထုအတြက္ အိမ္ရာလိုအပ္ခ်က္ကို ျဖည့္ဆီး ႏိုင္ျခင္း၊ စက္မႈဇုန္လုပ္ငန္းမ်ားအတြက္ လုပ္သားအင္အားမ်ား ျဖည့္ဆီးႏိုင္ျခင္း၊ စက္မႈဇုန္လုပ္ငန္းက႑ ဖြံ႕ၿဖိဳးေစျခင္းျဖင့္ တိုင္း ျပည္ စီးပြား ေရးတုိးတက္ရန္ တစ္ဖက္တစ္လမ္းမွ ကူညီေပးရာ ေရာက္မည္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ စက္မႈဇုန္ထဲမွာ အငွား အိမ္ရာျဖစ္ၿပီဆိုတာနဲ႔ ခ်က္ခ်င္း တစ္ေန႔ကို အလုပ္က တစ္ဆိုင္းျဖစ္ေနတာကေန ႏွစ္ဆိုင္း၊ ႏွစ္ဆိုင္း က ေန သံုးဆိုင္းျဖစ္သြားမယ္။ ကၽြန္ေတာ္ဆို ထုိင္းမွာ ေနလာတာဆိုေတာ့ ကုိယ့္အလုပ္သမားေတြအေၾကာင္း ေကာင္းေကာင္းသိ တယ္။ အလုပ္သမားေတြက နာရီ ၂၀ အထိ လုပ္တဲ့ လူေတာင္ ရွိတယ္။ အလုပ္အရမ္းလုပ္ႏုိင္တယ္။ အဲဒါေတြက အကုန္ျဖစ္ သြားမယ္။ ျမန္မာႏိုင္ငံထဲမွာ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ဖို႔ စက္ရံုလိုက္ရွာ ေနတဲ့လူေတြလည္း တည့္သြားမယ္” ဟု ေဒါက္ တာေဇာ္ဦးက ေျပာသည္။
တိုင္းေဒသႀကီးအစိုးရ၏ စီမံမႈျဖင့္ အိုးအိမ္ဦးစီးဌာနသည္ လိႈင္သာယာၿမိဳ႕နယ္၊ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ ေတာင္ဒဂံုၿမိဳ႕နယ္ႏွင့္ ေရႊျပည္သာၿမိဳ႕နယ္တို႔တြင္ တန္ဖိုးနည္းအိမ္ရာမ်ား ေဆာက္လုပ္၍ အရစ္က်ေငြ ေပးေခ်မႈစနစ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။ 
တုိင္းေဒသႀကီးအစိုးရအေနျဖင့္ အငွားအိပ္ရာစီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရန္ ေျမေနရာ အဆင္သင့္ျဖစ္ေနၿပီး ရင္းႏွီးျမွဳပ္ ႏွံမႈ လိုအပ္ခ်က္ရွိသျဖင့္ အျမန္ဆံုး အေကာင္အထည္ေဖာ္ႏိုင္ရန္ ႏိုင္ငံျခားျပည္ပ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚလ်က္ရွိေၾကာင္း တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ သိရသည္။

 - သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode version

စက်မှုဇုန်လုပ်သားများအတွက် အငှားအိမ်ရာစီမံကိန်း ဦးစားပေးဆောင်ရွက်သင့် 

စက်မှုဇုန်လုပ်ငန်းများမှ လုပ်သားများအတွက် အငှားအိမ်ရာစီမံကိန်းကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်သင့် ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အခြေခံလုပ်သားအများစုမှာ စက်မှုဇုန်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့်အတွက် တန်ဖိုးနည်းအရောင်း အိမ်ရာ စနစ်ထက် အဆိုပါ လုပ်သားများ၏ လုပ်ခလစာဝင်ငွေဖြင့် လက်လှမ်း မီနိုင်မည့် အငှားအိမ်ရာစနစ်ကို အဓိက ဦးစားပေးဆောင် ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။ 
“ တန်ဖိုးနည်းအိမ်ရာက ရောင်းတာ။ အလုပ်သမားဆိုရင် ငှားမှာ။ ငှားမယ့် အိမ်ရာဆို သောက်သောက်လဲ ငှားကြမှာ။ အလုပ် သမားတိုင်းကလည်း အစိုးရကို ဝိုင်းပြီး ထောက်ခံကြမှာပဲ။ အလုပ်သမားတွေအတွက် လုပ်ပြီးမှ စက်ရုံပိုင်ရှင်တွေနေမယ့် အိမ်ရာ ကို စဉ်းစားရမယ်”  ဟု ဒေါက်တာဇော်ဦးက ဆိုသည်။ 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ CMP လုပ်ငန်းများသို့ ဝင်ရောက်နေပြီး ယင်းလုပ်ငန်းများသည် စက်မှုဇုန်များ၌ လုပ်ကိုင်နေ သည့်အတွက် အငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ခြင်းဖြင့်  ပြည်သူလူထုအတွက် အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆီး နိုင်ခြင်း၊ စက်မှုဇုန်လုပ်ငန်းများအတွက် လုပ်သားအင်အားများ ဖြည့်ဆီးနိုင်ခြင်း၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးစေခြင်းဖြင့် တိုင်း ပြည် စီးပွား ရေးတိုးတက်ရန် တစ်ဖက်တစ်လမ်းမှ ကူညီပေးရာ ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ စက်မှုဇုန်ထဲမှာ အငှား အိမ်ရာဖြစ်ပြီဆိုတာနဲ့ ချက်ချင်း တစ်နေ့ကို အလုပ်က တစ်ဆိုင်းဖြစ်နေတာကနေ နှစ်ဆိုင်း၊ နှစ်ဆိုင်း က နေ သုံးဆိုင်းဖြစ်သွားမယ်။ ကျွန်တော်ဆို ထိုင်းမှာ နေလာတာဆိုတော့ ကိုယ့်အလုပ်သမားတွေအကြောင်း ကောင်းကောင်းသိ တယ်။ အလုပ်သမားတွေက နာရီ ၂၀ အထိ လုပ်တဲ့ လူတောင် ရှိတယ်။ အလုပ်အရမ်းလုပ်နိုင်တယ်။ အဲဒါတွေက အကုန်ဖြစ် သွားမယ်။ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စက်ရုံလိုက်ရှာ နေတဲ့လူတွေလည်း တည့်သွားမယ်” ဟု ဒေါက် တာဇော်ဦးက ပြောသည်။
တိုင်းဒေသကြီးအစိုးရ၏ စီမံမှုဖြင့် အိုးအိမ်ဦးစီးဌာနသည် လှိုင်သာယာမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်၍ အရစ်ကျငွေ ပေးချေမှုစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
တိုင်းဒေသကြီးအစိုးရအနေဖြင့် အငှားအိပ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် မြေနေရာ အဆင်သင့်ဖြစ်နေပြီး ရင်းနှီးမြှုပ် နှံမှု လိုအပ်ချက်ရှိသဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် နိုင်ငံခြားပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

 - သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။