Skip to main content
ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံသူမ်ား စိတ္ဝင္စားမႈမ်ားသည့္ က႑မ်ားကို ဦးစားေပး ဖိတ္ေခၚသင့္ဟုဆို
Ads Block

ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံသူမ်ား စိတ္ဝင္စားမႈမ်ားသည့္ က႑မ်ားကို ဦးစားေပး ဖိတ္ေခၚသင့္ဟုဆို

ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမ်ား ဖိတ္ေခၚရာတြင္ ရင္းႏွီးျမွဳပ္ႏွံလိုသူ စိတ္ဝင္စားမႈမ်ားၿပီး ပိုမိုရင္းႏွီးျမွဳပ္ႏွံေနသည့္ က႑မ်ားကို ဦးစား ေပး ဖိတ္ေခၚသင့္ေၾကာင္း စီးပြားေရးပညာရွင္ ေဒါက္တာ ေဇာ္ဦးက သံုးသပ္ေျပာၾကားလိုက္သည္။ 
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ဝင္ေရာက္ရန္ ဦးစားေပးက႑မ်ားသတ္မွတ္ကာ ဖိတ္ေခၚ မည့္ ရင္းႏွီးျမွဳပ္ႏွံလိုသူမ်ား ပိုမိုစိတ္ဝင္စားသည့္ က႑ကို ဦးစားေပး၍ ဖိတ္ေခၚမွသာ ရင္းႏွီးျမွဳပ္ႏွံမႈ တိုးျမင့္ဝင္ေရာက္လာႏိုင္မည္ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။ 
“ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ဖိတ္တဲ့အခါ လာခ်င္ေနတာေတြကို အစိုးရက ေရြးေပးဖို႔လိုတယ္။ ဘယ္က႑မွာ ရင္းႏွီးျမွဳပ္ႏွံမႈက ပိုဝင္ေန လဲ။ ဒါကိုပဲ ဦးစားေပး ဖိတ္ေခၚေပးရမယ္။ FDI က ကိုယ့္အနီးမွာ။ ဘယ္ FDI ကို အားေပးမလဲဆိုတာ ကိုယ့္မွာ မဟာဗ်ဴဟာရွိ ေနၿပီ။ ဒီနည္းဗ်ဴဟာကလည္း သူတို႔ႀကိဳက္မယ့္ဟာေတြ ေပးထားမွ FDI က လာမွာ။ ခုေခတ္က ေရြးစရာေတြ အမ်ားႀကီး ျဖစ္ သြားၿပီ။ တကယ္တန္းကိုယ့္မွာ ကိုင္ထားတဲ့ မဟာဗ်ဴဟာေကာင္းဖို႔လိုတယ္။ နည္းဗ်ဴဟာ ေတြကလည္း ေကာင္းဖို႔လိုတယ္။ ဒါမွ လာမွာေပါ့။ ရွိၿပီးသား စက္မႈ ဇုန္ေတြကို ရင္းႏွီးျမွဳပ္ႏွံမႈ ဝင္ေအာင္လုပ္ဖို႔လိုတယ္။ ဒီေနရာမွာလည္း အစိုးရက ထိုင္ဖို႔လုိတယ္” ဟု ေဒါက္တာ ေဇာ္ဦးက ဆိုသည္။
ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း ျပည္တြင္းသို႔ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဝင္ေရာက္ရာတြင္ CMP က႑သို႔ ရင္းႏွီးျမွဳပ္ႏွံမႈ ဝင္ေရာက္မႈအေျခအေနသည္ အမ်ားဆံုးျဖစ္သည့္အတြက္ အျခားက႑မ်ားထက္ အဆိုပါက႑ကို ဦးစားေပးကာ ဖိတ္ေခၚသင့္ ေၾကာင္း ၎ကဆိုသည္။
CMP လုပ္ငန္းမ်ားတြင္ အမ်ားစုမွာ အေျခခံလုပ္သားမ်ားစြာ လုပ္ကိုင္ေနသည့္အတြက္ ျပည္သူလုထူ၏ အေျခခံလိုအပ္ခ်က္ ျဖစ္ ေသာ အလုပ္အကိုင္အခြင့္အလမ္း၊ စားဝတ္ေနေရးမ်ားကို တစ္ဘက္တစ္လမ္းမွ ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္းလည္း ၄င္းက ဆို သည္။ 
သို႔ေသာ္ ရင္းႏွီး ျမွဳပ္ႏွံမႈ ဖိတ္ေခၚပြဲမ်ား က်င္းပရာတြင္ အဆိုပါ CMP က႑အတြက္ ဖိတ္ေခၚမႈ မရွိသေလာက္ နည္းပါးၿပီး အျခား က႑မ်ားကိုသာ ဦးစားေပးဖိတ္ေခၚေနေၾကာင္း ေဒါက္တာ ေဇာ္ဦးက ဆက္လက္ေျပာၾကားသည္။ 
ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ညႊန္ၾကားမႈ ဦးစီးဌာနအေနျဖင့္ ျပည္တြင္း၊ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈမ်ား တုိးျမင့္ဝင္ေရာက္ရန္အတြက္ တုိင္းေဒသ ႀကီးႏွင့္ ျပည္နယ္အလိုက္ ရင္းႏွီးျမွဳပ္ႏွံမႈ ဖိတ္ေခၚပြဲမ်ား က်င္းပလ်က္ရွိသည္။ 

 - သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode version

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုများသည့် ကဏ္ဍများကို ဦးစားပေး ဖိတ်ခေါ်သင့်ဟုဆို

နိုင်ငံခြား ရင်းနှီးမြှုပ်နှံများ ဖိတ်ခေါ်ရာတွင် ရင်းနှီးမြှုပ်နှံလိုသူ စိတ်ဝင်စားမှုများပြီး ပိုမိုရင်းနှီးမြှုပ်နှံနေသည့် ကဏ္ဍများကို ဦးစား ပေး ဖိတ်ခေါ်သင့်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးက သုံးသပ်ပြောကြားလိုက်သည်။ 
နိုင်ငံတော်အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ဦးစားပေးကဏ္ဍများသတ်မှတ်ကာ ဖိတ်ခေါ် မည့် ရင်းနှီးမြှုပ်နှံလိုသူများ ပိုမိုစိတ်ဝင်စားသည့် ကဏ္ဍကို ဦးစားပေး၍ ဖိတ်ခေါ်မှသာ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
“ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်တဲ့အခါ လာချင်နေတာတွေကို အစိုးရက ရွေးပေးဖို့လိုတယ်။ ဘယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုက ပိုဝင်နေ လဲ။ ဒါကိုပဲ ဦးစားပေး ဖိတ်ခေါ်ပေးရမယ်။ FDI က ကိုယ့်အနီးမှာ။ ဘယ် FDI ကို အားပေးမလဲဆိုတာ ကိုယ့်မှာ မဟာဗျူဟာရှိ နေပြီ။ ဒီနည်းဗျူဟာကလည်း သူတို့ကြိုက်မယ့်ဟာတွေ ပေးထားမှ FDI က လာမှာ။ ခုခေတ်က ရွေးစရာတွေ အများကြီး ဖြစ် သွားပြီ။ တကယ်တန်းကိုယ့်မှာ ကိုင်ထားတဲ့ မဟာဗျူဟာကောင်းဖို့လိုတယ်။ နည်းဗျူဟာ တွေကလည်း ကောင်းဖို့လိုတယ်။ ဒါမှ လာမှာပေါ့။ ရှိပြီးသား စက်မှု ဇုန်တွေကို ရင်းနှီးမြှုပ်နှံမှု ဝင်အောင်လုပ်ဖို့လိုတယ်။ ဒီနေရာမှာလည်း အစိုးရက ထိုင်ဖို့လိုတယ်” ဟု ဒေါက်တာ ဇော်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် CMP ကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအခြေအနေသည် အများဆုံးဖြစ်သည့်အတွက် အခြားကဏ္ဍများထက် အဆိုပါကဏ္ဍကို ဦးစားပေးကာ ဖိတ်ခေါ်သင့် ကြောင်း ၎င်းကဆိုသည်။
CMP လုပ်ငန်းများတွင် အများစုမှာ အခြေခံလုပ်သားများစွာ လုပ်ကိုင်နေသည့်အတွက် ပြည်သူလုထူ၏ အခြေခံလိုအပ်ချက် ဖြစ် သော အလုပ်အကိုင်အခွင့်အလမ်း၊ စားဝတ်နေရေးများကို တစ်ဘက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆို သည်။ 
သို့သော် ရင်းနှီး မြှုပ်နှံမှု ဖိတ်ခေါ်ပွဲများ ကျင်းပရာတွင် အဆိုပါ CMP ကဏ္ဍအတွက် ဖိတ်ခေါ်မှု မရှိသလောက် နည်းပါးပြီး အခြား ကဏ္ဍများကိုသာ ဦးစားပေးဖိတ်ခေါ်နေကြောင်း ဒေါက်တာ ဇော်ဦးက ဆက်လက်ပြောကြားသည်။ 
ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ဝင်ရောက်ရန်အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပွဲများ ကျင်းပလျက်ရှိသည်။ 

 - သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။