Skip to main content
သတင္း
Ads Block

Star Award စီစဥ္သူ ဦးျမတ္ခုိင္ဟာ အႏုပညာရွင္ေတြအေပၚ စိတ္ထားေသးသိမ္စြာထားတယ္လုိ ့ခီေမာင္ႏွံ ေ၀ဖန္

Star Award မွာ မူလထည့္သြင္းခဲ့တဲ့ ပရိသတ္အၾကိဳက္ Vote ေပးတဲ့စနစ္နဲ ့ပတ္သက္ျပီး ပြဲစီစဥ္သူတစ္ဦးျဖစ္တဲ့ ဦးျမတ္ခုိင္ဟာ အႏုပညာရွင္ေတြအေပၚထားရွိတဲ့ စိတ္ထားေသးသိမ္လြန္းတယ္လုိ ့ခီေမာင္ႏွံက ေ၀ဖန္ေျပာၾကားလုိက္ပါတယ္။ 

ဧျပီလ(၅)ရက္မွာ က်င္းပခဲ့တဲ့ Star Award ဆုေပးပြဲအတြင္း ဆုရရွိခဲ့တဲ့ ခီေမာင္ႏွံဟာ ပြဲအျပီး ေနာက္တစ္ေန ့မွာပဲ ပြဲစီစဥ္သူတစ္ဦးျဖစ္တဲ့ ျမန္မာႏုိင္ငံသတင္းစာဆရာအသင္းဥကၠ႒ ဦးျမတ္ခုိင္ရဲ ့ရုပ္သံအင္တာဗ်ဳးတစ္ခုကုိ ၾကည့္မိျပီးေတာ့ အခုလုိမ်ဳိးမညွာမတာတည့္တည့္ေ၀ဖန္လုိက္တာမ်ဳိးပဲ ျဖစ္ပါတယ္။ " ဟီး႐ိုး ထလုပ္တယ္ဆိုပဲ။ ကၽြန္ေတာ္တို႔ရဲ႕ရပ္တည္မႈကို သိပံုမရဘူး။ ကၽြန္ေတာ္တို႔ကိုႀကိဳတင္ခြင့္ေတာင္းျခင္း၊ အသိေပးျခင္းလံုးဝမရွိခဲ့ပါဘူး။ ခြင့္ေတာင္းရေကာင္းမွန္းမသိတာလား၊ ခြင့္ေတာင္းစရာမလိုဘူးလို႔ေတြးတာလား ဆိုတာေတာ့ ကၽြန္ေတာ္ မမွန္းဆတတ္ပါဘူး။ ခြင့္ေတာင္းခဲ့သည္ရွိေသာ္ ကၽြန္ေတာ္တို႔မွာ ျငင္းပိုင္ခြင့္ရွိရပါမယ္။ လူတစ္ဦးခ်င္းမွာ လြတ္လပ္စြာဆံုးျဖတ္ပိုင္ခြင့္ရွိပါတယ္။ ျငင္းခဲ့ရင္လည္းပဲ ျငင္းပယ္ခ်က္ကို ေလးစားမႈအျပည့္နဲ႔လက္ခံႏိုင္ရပါမယ္။ အထူးသျဖင့္ စာနယ္ဇင္းသမားတစ္ေယာက္အေနနဲ႔ ပိုၿပီးေတာ့ေတာင္ နားလည္လက္ခံႏိုင္စြမ္းရွိသင့္ပါတယ္ " လုိ ့ဇာဏ္ခီက အကုန္သိသတင္းဌာနနဲ ့ဦးျမတ္ခုိင္ရဲ ့အင္တာဗ်ဳး ရုပ္သံဖုိင္ကုိ Share ရင္းနဲ ့ေ၀ဖန္ေရးသားလုိက္တာပါ။ SMS စနစ္နဲ ့ပရိသတ္အၾကိဳက္ Voting ေပးျခင္းဟာ သရုပ္ေဆာင္ေတြရဲ ့ဖန္အခ်င္းခ်င္း ျပိဳင္ခုိင္းတာမ်ဳိးျဖစ္လုိ ့သေဘာမေတြ ့ေၾကာင္း၊ စိတ္ပ်က္မိေၾကာင္းလည္း ဇာဏ္ခီက ေရးသားထားပါတယ္။ " Interview ထဲမွာ ေျပာသြားတဲ့ပံုကိုၾကည့္ခ်င္းအားျဖင့္ အႏုပညာသမားေတြေပၚမွာထားတဲ့စိတ္က ေတာ္ေတာ္ေသးသိမ္လြန္းပါတယ္။ Interview ကိုနားေထာင္ၿပီး အံ့ၾသမိသလို စိတ္မေကာင္းျဖစ္ရပါတယ္ " လုိ ့ဇာဏ္ခီက ဆက္လက္ေရးသားခဲ့ပါတယ္။

ဒါ့အျပင္ ပရိသတ္အၾကိဳက္အတြက္ ထည့္သြင္းသတ္မွတ္ထားတဲ့ အႏုပညာရွင္ေတြဟာ ေဖ့ဘြတ္အေကာင့္မရွိလည္း ေအာင္ျမင္ေနျပီးသားသူေတြ ျဖစ္ေနေၾကာင္း၊ Voting စနစ္ကေန အႏုပညာရွင္ေတြက ႏုတ္ထြက္ေၾကာင္း ေရးသားခ်က္ဟာ ေဖ့ဘြတ္ေဖာ္လုိ၀ါတုိးေအာင္ လုပ္ေနျခင္းမဟုတ္ေၾကာင္းလည္း ေရးသားခဲ့သလုိ ကုိယ့္သိကၡာကုိယ္ ေစာင့္ေရွာက္ေနျခင္းျဖစ္တယ္လုိ ့ေရးသားထားပါတယ္။ ဇာဏ္ခီရဲ ့ေရးသားခ်က္ကုိလည္း ဇနီးသည္ျဖစ္သူ ခရစၥတီးနားခီက ျပန္လည္မွ်ေ၀ျပီးေတာ့ မူရင္းအတုိင္း ေဖ့ဘြတ္အေကာင့္မွာ ေဖာ္ျပခဲ့တာကုိ ေတြ ့ရပါတယ္။ 

Unicode Version 

Star Award မှာ မူလထည့်သွင်းခဲ့တဲ့ ပရိသတ်အကြိုက် Vote ပေးတဲ့စနစ်နဲ့ပတ်သက်ပြီး ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးမြတ်ခိုင်ဟာ အနုပညာရှင်တွေအပေါ်ထားရှိတဲ့ စိတ်ထားသေးသိမ်လွန်းတယ်လို့ခီမောင်နှံက ဝေဖန်ပြောကြားလိုက်ပါတယ်။ 
ဧပြီလ(၅)ရက်မှာ ကျင်းပခဲ့တဲ့ Star Award ဆုပေးပွဲအတွင်း ဆုရရှိခဲ့တဲ့ ခီမောင်နှံဟာ ပွဲအပြီး နောက်တစ်နေ့မှာပဲ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်ရဲ့ရုပ်သံအင်တာဗျုးတစ်ခုကို ကြည့်မိပြီးတော့ အခုလိုမျိုးမညှာမတာတည့်တည့်ဝေဖန်လိုက်တာမျိုးပဲ ဖြစ်ပါတယ်။ " ဟီးရိုး ထလုပ်တယ်ဆိုပဲ။ ကျွန်တော်တို့ရဲ့ရပ်တည်မှုကို သိပုံမရဘူး။ ကျွန်တော်တို့ကိုကြိုတင်ခွင့်တောင်းခြင်း၊ အသိပေးခြင်းလုံးဝမရှိခဲ့ပါဘူး။ ခွင့်တောင်းရကောင်းမှန်းမသိတာလား၊ ခွင့်တောင်းစရာမလိုဘူးလို့တွေးတာလား ဆိုတာတော့ ကျွန်တော် မမှန်းဆတတ်ပါဘူး။ ခွင့်တောင်းခဲ့သည်ရှိသော် ကျွန်တော်တို့မှာ ငြင်းပိုင်ခွင့်ရှိရပါမယ်။ လူတစ်ဦးချင်းမှာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ငြင်းခဲ့ရင်လည်းပဲ ငြင်းပယ်ချက်ကို လေးစားမှုအပြည့်နဲ့လက်ခံနိုင်ရပါမယ်။ အထူးသဖြင့် စာနယ်ဇင်းသမားတစ်ယောက်အနေနဲ့ ပိုပြီးတော့တောင် နားလည်လက်ခံနိုင်စွမ်းရှိသင့်ပါတယ် " လို့ဇာဏ်ခီက အကုန်သိသတင်းဌာနနဲ့ဦးမြတ်ခိုင်ရဲ့အင်တာဗျုး ရုပ်သံဖိုင်ကို Share ရင်းနဲ့ဝေဖန်ရေးသားလိုက်တာပါ။ SMS စနစ်နဲ့ပရိသတ်အကြိုက် Voting ပေးခြင်းဟာ သရုပ်ဆောင်တွေရဲ့ဖန်အချင်းချင်း ပြိုင်ခိုင်းတာမျိုးဖြစ်လို့သဘောမတွေ့ကြောင်း၊ စိတ်ပျက်မိကြောင်းလည်း ဇာဏ်ခီက ရေးသားထားပါတယ်။ " Interview ထဲမှာ ပြောသွားတဲ့ပုံကိုကြည့်ချင်းအားဖြင့် အနုပညာသမားတွေပေါ်မှာထားတဲ့စိတ်က တော်တော်သေးတိမ်လွန်းပါတယ်။ Interview ကိုနားထောင်ပြီး အံ့သြမိသလို စိတ်မကောင်းဖြစ်ရပါတယ် " လို့ဇာဏ်ခီက ဆက်လက်ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်အကြိုက်အတွက် ထည့်သွင်းသတ်မှတ်ထားတဲ့ အနုပညာရှင်တွေဟာ ဖေ့ဘွတ်အကောင့်မရှိလည်း အောင်မြင်နေပြီးသားသူတွေ ဖြစ်နေကြောင်း၊ Voting စနစ်ကနေ အနုပညာရှင်တွေက နုတ်ထွက်ကြောင်း ရေးသားချက်ဟာ ဖေ့ဘွတ်ဖော်လိုဝါတိုးအောင် လုပ်နေခြင်းမဟုတ်ကြောင်းလည်း ရေးသားခဲ့သလို ကိုယ့်သိက္ခာကိုယ် စောင့်ရှောက်နေခြင်းဖြစ်တယ်လို့ရေးသားထားပါတယ်။ ဇာဏ်ခီရဲ့ရေးသားချက်ကိုလည်း ဇနီးသည်ဖြစ်သူ ခရစ္စတီးနားခီက ပြန်လည်မျှဝေပြီးတော့ မူရင်းအတိုင်း ဖေ့ဘွတ်အကောင့်မှာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ 

   - မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။