Skip to main content
ရုပ္ရွင္ကို ေငြရရံုသက္သက္ မဖန္တီးဖို႔ ဆရာသမားမ်ား သင္ၾကားထားဟု ဒါရိုက္တာ ခရစၥတီးနားခီေျပာ
Ads Block

ရုပ္ရွင္ကို ေငြရရံုသက္သက္ မဖန္တီးဖို႔ ဆရာသမားမ်ား သင္ၾကားထားဟု ဒါရိုက္တာ ခရစၥတီးနားခီေျပာ

Best Director Awards ဆုကို ဥပါယ္တံမ်ဥ္ ရုပ္ရွင္ဇာတ္ကားနဲ႔ ရရိွခဲ့တဲ့ ဒါရိုက္တာ ခရစၥတီးနားခီက ရုပ္ရွင္ကို ေငြရရံု နာမည္ ႀကီးရံု သက္သက္ မလုပ္ၾကဖို႔ သူ႔ရဲ႕ ဆရာသမားမ်ားက သင္ၾကားေပးထားတယ္လို႔ မေန႔ညက သု၀ဏၰဘူမိမွာ က်င္းပခဲ့တဲ့ Star Awards ဆုခ်ီးျမွင့္ပြဲအခမ္းအနားမွာ ေျပာၾကားသြားပါတယ္။
ဒါရိုက္တာ ခရစၥတီနာခီဟာ သူမရိုက္ကူးထားတဲ့ ဥပါယ္တံမ်ဥ္ ဇာတ္ကားနဲ႔ အေကာင္းဆံုး ဒါရိုက္တာဆု Best Director Awards ဆုကို ရရိွခဲ့တာ ျဖစ္ၿပီး အဲဒီ ဆုခ်ီးမင့္ပဲ ေက်းဇူးတင္စကားေျပာၾကားရာမွ သူမက ထည့္သြင္းေျပာၾကားသြားတာပါ။
“ ကၽြန္မတို႔ သြားေနတဲ႔ လမ္းေၾကာင္းတစ္ခုကို မီးေမာင္းထိုးျပလိုက္တယ္လို႔ပဲ ခံယူထားပါတယ္။ ဒီဆုကို လမ္းေၾကာင္း ထိုးျပ လိုက္တဲ႔ အတြက္ ကၽြန္မတို႔မွာ အနုပညာကို စိတ္ႀကိဳက္ဖန္တီးဖို႔ အခြင့္အေရးေတြ အနုပညာဆိုတာ ခပ္ျမန္ျမန္ ခပ္သြက္ သြက္ လုပ္စရာမလိုဘူး။ အနုပညာတစ္ခုကို ဖန္တီးတဲ႔ အခါမွာ စိတ္ေရာ ကိုယ္ေရာေသေသခ်ာခ်ာ ဖန္တီးနုိင္တဲ႔ စြမ္းအင္ေတြ ထုတ္လို႔ ရ တယ္ဆိုတဲ႔ လမ္းေၾကာင္းကိုျပတယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဆုေရြးခ်ယ္ေရးအဖြဲ႔ကိုလည္း ကၽြန္မေက်းဇူး အထူးတင္ ပါတယ္”လို သူက ဆုေရြးခ်ယ္ေရးအဖြဲ႔ကို ေက်းဇူးတင္ စကား ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဆုေပးပြဲ ဆန္ခါတင္ စာရင္းထဲမွာ ပါ၀င္တဲ့ သူေတြကိုလည္း သူက ဂုဏ္ယူ၀မ္းေျမာက္ေၾကာင္း ထည့္သြင္းေျပာ ၾကား ခဲ့ပါတယ္။

ရုပ္ရွင္ကို ေငြရရံုသက္သက္ မဖန္တီးဖို႔ ဆရာသမားမ်ား သင္ၾကားထားဟု ဒါရိုက္တာ ခရစၥတီးနားခီေျပာ

“ ဒီရုပ္ရွင္ ဒီေန႔ဆုေပးပြဲ ဆန္ခါတင္စာရင္းထဲမွာပါတဲ႔ သူေတြ အကုန္လံုးကို ကြန္ကရက္က်ဴေလးရွင္းပါလို႔ ေျပာခ်င္ပါတယ္။ ကၽြန္မ ရဲ႕ ဆရာသမားေတြက ကၽြန္မတုိ႔ကိုဆံုးမထားပါတယ္။ ရုပ္ရွင္ရိုက္ခ်င္တယ္ဆိုရင္ ပိုက္ဆံ ရခ်င္တာလား ဒါမွမဟုတ္လို႔ ရွိရင္ စတားျဖစ္ခ်င္တာလားတဲ႔ စတားျဖစ္ခ်င္တာပဲ ျဖစ္ျဖစ္ ရုပ္ရွင္အတြက္ ပိုက္ဆံရဖို႔အတြက္လုပ္တာဆိုရင္ လာမသင္ပါနဲ႔ ဆိုၿပီး ေတာ့ ကၽြန္မတို႔ကုိ ပထမဆံုးေန႔မွာပဲ သြန္သင္ဆံုးမခဲ႔ပါတယ္” လို ဒါရိုက္တာ ခရစၥတီးနားခီက ေျပာပါတယ္။
 ရုပ္ရွင္တစ္ကား  ၿပီးေျမာက္ဖို႔ မလြယ္တဲ့အတြက္ အဖြဲ႔လိုက္ ၀ိုင္း၀န္းပူးေပါင္းၿပီး လုပ္ေဆာင္ရေၾကာင္းနဲ႔ အဲဒီလိုသာ ကူညီပံ့ပိုး သူေတြ မရိွဘူးဆိုရင္ ရုပ္ရွင္ ဇာတ္ကားေကာင္ေတြ ထြက္ ေပၚလာဖို႔ လြယ္ကူမွာ မဟုတ္ေၾကာင္းလည္း သူမက ေျပာၾကား ခဲ့ပါတယ္။

ရုပ္ရွင္ကို ေငြရရံုသက္သက္ မဖန္တီးဖို႔ ဆရာသမားမ်ား သင္ၾကားထားဟု ဒါရိုက္တာ ခရစၥတီးနားခီေျပာ

Star Awards ဆုေပးပြဲတြင္ Honourable director ဆုအျဖစ္ ဆရာ ဦးဝင္းေဖ၊ Best TV series အျဖစ္ ပန္းႏွစ္ပြင့္စီးခ်င္း၊ Best TV series director ဆု အျဖစ္ ေက်ာ္သူ(ပုဂံၿမိဳ႕သူ )၊ Best TV series actor ဆုအျဖစ္ ေဒါင္း (ပုဂံၿမိဳ႕သူ)၊ Best TV series actress ဆုအျဖစ္ ေမမီကိုကို (ပ်ားရည္အိုင္)၊ Special award TV series ဆုအျဖစ္ ဘဝထဲက ဝတၳဳ ဝတၳဳထဲက ဘဝ၊ Fashion star award male ဆုအျဖစ္ ခါရာ၊  Best story award ဆုအျဖစ္ မုန္းစြဲ၊ Best picture award အျဖစ္ လေရာင္ျဖာတဲ့ အင္းေလးမွာ၊ Make up award  ေမဦး (မီ)၊ Setting and special effect ဆုအျဖစ္ ဒု႒ဝတီကိုလြန္၍၊ Special award performance ဆုအျဖစ္ မိုရီဆာကီဝင္း (ဇာတိေျမ)၊ Fashion award အျဖစ္ ဇင္သဲႏိုင္၊ Best theme song award အျဖစ္ ခ်ဴဆီဇာတ္၀င္ေတး၊ Rising star award  male အျဖစ္ ခါရာ ( မ်က္ႏွာျပင္မ်ား)၊ Rising star award - female  ေမျမင့္မိုရ္ (မိုးပန္းပြင့္တို ့ သေကၤတ)၊ Best cinematography - ဏႀကီး (မီ)၊ Fashion star - ဝတ္မွံဳေရႊရည္၊ Best Actor In A Leading Award  ေနတိုး (တိမ္တိုက္တံတား)၊ Best Actor In A Supporting Role Award – Female ေရႊသမီး(သံုး ေရာင္ျခယ္)၊ Best Director Awards ခရစၥတီးနားခီ (ဥပါယ္တံ မ်ဥ္)၊ Best Actor In A Supporting Role Award – Male လူမင္း (ငယ္ကြ်န္)၊ Best Actress In A leading Award  ပိုင္ၿဖိဳးသု (မီ) စသျဖင့္ ခ်ီးျမွင့္ေပးခဲ့တာပဲ ျဖစ္ပါတယ္။

 - သိမ့္ေအးခ်မ္း(အကုန္သိသတင္းဌာန)

Unicode version

ရုပ်ရှင်ကို ငွေရရုံသက်သက် မဖန်တီးဖို့ ဆရာသမားများ သင်ကြားထားဟု ဒါရိုက်တာ ခရစ္စတီးနားခီပြော

Best Director Awards ဆုကို ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက ရုပ်ရှင်ကို ငွေရရုံ နာမည် ကြီးရုံ သက်သက် မလုပ်ကြဖို့ သူ့ရဲ့ ဆရာသမားများက သင်ကြားပေးထားတယ်လို့ မနေ့ညက သုဝဏ္ဏဘူမိမှာ ကျင်းပခဲ့တဲ့ Star Awards ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပြောကြားသွားပါတယ်။
ဒါရိုက်တာ ခရစ္စတီနာခီဟာ သူမရိုက်ကူးထားတဲ့ ဥပါယ်တံမျဉ် ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆု Best Director Awards ဆုကို ရရှိခဲ့တာ ဖြစ်ပြီး အဲဒီ ဆုချီးမင့်ပဲ ကျေးဇူးတင်စကားပြောကြားရာမှ သူမက ထည့်သွင်းပြောကြားသွားတာပါ။
“ ကျွန်မတို့ သွားနေတဲ့ လမ်းကြောင်းတစ်ခုကို မီးမောင်းထိုးပြလိုက်တယ်လို့ပဲ ခံယူထားပါတယ်။ ဒီဆုကို လမ်းကြောင်း ထိုးပြ လိုက်တဲ့ အတွက် ကျွန်မတို့မှာ အနုပညာကို စိတ်ကြိုက်ဖန်တီးဖို့ အခွင့်အရေးတွေ အနုပညာဆိုတာ ခပ်မြန်မြန် ခပ်သွက် သွက် လုပ်စရာမလိုဘူး။ အနုပညာတစ်ခုကို ဖန်တီးတဲ့ အခါမှာ စိတ်ရော ကိုယ်ရောသေသေချာချာ ဖန်တီးနိုင်တဲ့ စွမ်းအင်တွေ ထုတ်လို့ ရ တယ်ဆိုတဲ့ လမ်းကြောင်းကိုပြတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဆုရွေးချယ်ရေးအဖွဲ့ကိုလည်း ကျွန်မကျေးဇူး အထူးတင် ပါတယ်”လို သူက ဆုရွေးချယ်ရေးအဖွဲ့ကို ကျေးဇူးတင် စကား ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆုပေးပွဲ ဆန်ခါတင် စာရင်းထဲမှာ ပါဝင်တဲ့ သူတွေကိုလည်း သူက ဂုဏ်ယူဝမ်းမြောက်ကြောင်း ထည့်သွင်းပြော ကြား ခဲ့ပါတယ်။
“ ဒီရုပ်ရှင် ဒီနေ့ဆုပေးပွဲ ဆန်ခါတင်စာရင်းထဲမှာပါတဲ့ သူတွေ အကုန်လုံးကို ကွန်ကရက်ကျူလေးရှင်းပါလို့ ပြောချင်ပါတယ်။ ကျွန်မ ရဲ့ ဆရာသမားတွေက ကျွန်မတို့ကိုဆုံးမထားပါတယ်။ ရုပ်ရှင်ရိုက်ချင်တယ်ဆိုရင် ပိုက်ဆံ ရချင်တာလား ဒါမှမဟုတ်လို့ ရှိရင် စတားဖြစ်ချင်တာလားတဲ့ စတားဖြစ်ချင်တာပဲ ဖြစ်ဖြစ် ရုပ်ရှင်အတွက် ပိုက်ဆံရဖို့အတွက်လုပ်တာဆိုရင် လာမသင်ပါနဲ့ ဆိုပြီး တော့ ကျွန်မတို့ကို ပထမဆုံးနေ့မှာပဲ သွန်သင်ဆုံးမခဲ့ပါတယ်” လို ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
 ရုပ်ရှင်တစ်ကား  ပြီးမြောက်ဖို့ မလွယ်တဲ့အတွက် အဖွဲ့လိုက် ဝိုင်းဝန်းပူးပေါင်းပြီး လုပ်ဆောင်ရကြောင်းနဲ့ အဲဒီလိုသာ ကူညီပံ့ပိုး သူတွေ မရှိဘူးဆိုရင် ရုပ်ရှင် ဇာတ်ကားကောင်တွေ ထွက် ပေါ်လာဖို့ လွယ်ကူမှာ မဟုတ်ကြောင်းလည်း သူမက ပြောကြား ခဲ့ပါတယ်။
Star Awards ဆုပေးပွဲတွင် Honourable director ဆုအဖြစ် ဆရာ ဦးဝင်းဖေ၊ Best TV series အဖြစ် ပန်းနှစ်ပွင့်စီးချင်း၊ Best TV series director ဆု အဖြစ် ကျော်သူ(ပုဂံမြို့သူ )၊ Best TV series actor ဆုအဖြစ် ဒေါင်း (ပုဂံမြို့သူ)၊ Best TV series actress ဆုအဖြစ် မေမီကိုကို (ပျားရည်အိုင်)၊ Special award TV series ဆုအဖြစ် ဘဝထဲက ဝတ္ထု ဝတ္ထုထဲက ဘဝ၊ Fashion star award male ဆုအဖြစ် ခါရာ၊  Best story award ဆုအဖြစ် မုန်းစွဲ၊ Best picture award အဖြစ် လရောင်ဖြာတဲ့ အင်းလေးမှာ၊ Make up award  မေဦး (မီ)၊ Setting and special effect ဆုအဖြစ် ဒုဋ္ဌဝတီကိုလွန်၍၊ Special award performance ဆုအဖြစ် မိုရီဆာကီဝင်း (ဇာတိမြေ)၊ Fashion award အဖြစ် ဇင်သဲနိုင်၊ Best theme song award အဖြစ် ချူဆီဇာတ်ဝင်တေး၊ Rising star award  male အဖြစ် ခါရာ ( မျက်နှာပြင်များ)၊ Rising star award - female  မေမြင့်မိုရ် (မိုးပန်းပွင့်တို့ သင်္ကေတ)၊ Best cinematography - ဏကြီး (မီ)၊ Fashion star - ဝတ်မှုံရွှေရည်၊ Best Actor In A Leading Award  နေတိုး (တိမ်တိုက်တံတား)၊ Best Actor In A Supporting Role Award – Female ရွှေသမီး(သုံး ရောင်ခြယ်)၊ Best Director Awards ခရစ္စတီးနားခီ (ဥပါယ်တံ မျဉ်)၊ Best Actor In A Supporting Role Award – Male လူမင်း (ငယ်ကျွန်)၊ Best Actress In A leading Award  ပိုင်ဖြိုးသု (မီ) စသဖြင့် ချီးမြှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

 - သိမ့်အေးချမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။